Tuesday, November 24, 2020

ကိုယ်တိုင် ဒီလို ပြုမူဆက်ဆံနေသလား ဒါမှမဟုတ် ပြုမူဆက်ဆံခံနေရသလား?????

အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုက ဒီနေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးနေ့ဖြစ်တဲ့ နိုဝင်ဘာလ ၂၅ရက်နေ့မှာစပြီး လူအခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ရက်နေ့မှာ အဆုံးသတ်ပါတယ်။


အကြမ်းဖက်မှုမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်တဲ့ အလိုမတူပဲ အတင်းအဓမ္မလိင်ဆက်ဆံတာ/ဆက်ဆံဖို့ကြိုးစားတာ၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းမှုဖြစ်တဲ့ ရိုက်နှက်တာတွေဖြစ်တယ်ဆိုတာ လူအများစု သိပြီးသားဖြစ်ပေမယ့် စိတ်ပိုင်းဆိုင်ရာအားဖြင့်ဖြစ်စေ၊ နှုတ်အားဖြင့်ဖြစ်စေ မလျော်မကန် ပြုမူကျင့်ကြံတာတွေကလည်း အကြမ်းဖက်မှုမြောက်တယ်ဆိုတာ တော်တော်များများ ကျော်ကြည့်မိနေတတ်ပါတယ်။ တခါတလေ မသိလိုက်မသိဘာသာ ကိုယ်တိုင်က ကျူးလွန်မိနေတတ်တာမျိုးတွေလည်း ဖြစ်နေတတ်ပါတယ်။ များသောအားဖြင့် ဒီလိုအကြမ်းဖက်မှုတွေက ကိုယ့်မိသားစုအိိမ်တွင်းမှာ အဖြစ်များပါတယ်။ ကျူးလွန်သူတွေက အမျိုးသားတွေအများစုဖြစ်ပြီး ကိုယ့်ဇနီးသည်/ချစ်သူ အပေါ်မှာ ကျူးလွန်ကြပါတယ်။ နောက်ဆက်တွဲအနေနဲ့ သားသမီးတွေနဲ့ တစ်မိုးအောက်အတူနေတဲ့ တခြားမိသားစုဝင်တွေပါ ခံစားရနိုင်ပါတယ်။ အောက်မှာဖော်ပြတဲ့ အပြုအမူအကျင့်အကြံတွေကအကြမ်းဖက်မှုမြောက်တယ်ဆိုတာ အကျဥ်းချုံး မျှဝေလိုပါတယ်။

⚠️ အိမ်ထောင်ဖက်/ချစ်သူက ကိုယ်လုပ်သမျှအကုန်လုံးကို တစ်ခုမကျန် နောက်က လမ်းကြောင်း လိုက်ကြည့်နေ၊ စစ်ဆေးနေတယ်။ သင်ဘယ်မှာရှိနေလဲ။ ဘယ်သူနဲ့ရှိနေလဲ။ အိမ်ခွဲနေတဲ့မိသားစုဝင်တွေ၊ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေနဲ့ သင် တွေ့ဖို့ဖြစ်စေ၊ အလုပ်/ကျောင်းသွားတာကိုဖြစ်စေ လိုက်လံ ပိတ်ပင်တားဆီးနေတယ်။

⚠️ အိမ်ထောင်ဖက်/ချစ်သူက သူ မက်ဆေ့ပို့ရင်၊​ဖုန်းခေါ်ရင် သင့်ကို ချက်ချင်း ဖုန်းကိုင်မှ၊ စာပြန်ဖို့ အမြဲတောင်းဆိုတယ်။ အဲ့လိုလုပ်ဖို့ပျက်ကွက်မိရင် ပြဿနာရှာမယ်။ သင့် လူမှုကွန်ယက်အကောင့်၊​ အီးမေးလ်အကောင့်၊​ ဖုန်း စကားဝှက် (password) တွေကို သူ့ကိုပေးသိဖို့ နားပူနားစာလုပ်တယ်။ အတင်းအကြပ်တောင်းတယ်။

⚠️ အိမ်ထောင်ဖက်/ချစ်သူက သင့်ကို မနာလိုနေမယ်။ သဝန်တိုနေမယ်။ အမြဲ တစ်ယောက်မဟုတ်တစ်ယောက်နဲ့ စွပ်စွဲနေမယ်။ သင့်ရဲ့ပုံမှန်ငွေကြေးသုံးစွဲမှုအပေါ်မှာဖြစ်စေ၊ ဆေးဝါးကုသခံယူမှုမှာဖြစ်စေ၊ ကိုယ်ဝန်ဆောင်ခြင်း/ကလေးယူခြင်းမှာဖြစ်စေ လိုက်လံ ထိန်းချုပ်နေမယ်။ သင့်ရဲ့ နိစ္စဒူဝတကိုယ်ရေကိစ္စတွေဖြစ်တဲ့ ဘာစားမယ်၊ ဘာဝတ်မယ်ကအစ သူက လိုက်ပါပြီး ဆုံးဖြတ်ချက်တွေ သင့်ကိုယ်စားချနေမယ်။

⚠️ အိမ်ထောင်ဖက်/ချစ်သူက သင့်ရဲ့ဂုဏ်သိက္ခာမဲ့အောင်/ပျက်ပြားအောင် အမြဲ စွပ်စွဲပြောဆိုတယ်။ သင့်ရဲံ ပြုပြင်ပြောင်းလဲလို့မရနိုင်တဲ့ မွေးရာပါ ရုပ်ရည်သွင်ပြင်လက္ခဏာကိုဖြစ်စေ၊ ဥာဏ်ရည်ကိုဖြစ်စေ၊​ သင်ဝါသနာကိုဖြစ်စေ အမြဲ အထင်သေး၊​ ထိခိုက်စော်ကားတဲ့စကားတွေပြောမယ်။ တခြားသူတွေရဲ့ရှေ့မှာ သင့်ကို အထင်အမြင်သေးတဲ့စကားတွေ လှောင်ပြောင်ပြောမယ်၊ သင်ပိုင်ဆိုင်တဲ့ပစ္စည်းတွေဖြစ်စေ၊ သင်တန်ဖိုးထားတဲ့ အရာဝတ္ထုတွေကို ဖျက်ဆီးတာတွေ လုပ်မယ်။

⚠️ အိမ်ထောင်ဖက်/ချစ်သူက အမြဲ စိတ်တိုပြီး သင့်အပေါ်မှာ အမြဲငြူစူးအလိုမကျနေမယ်။ ခန့်မှန်းလို့မရအောင် ခု ကောင်းနေပြီး တခဏချင်းမှာပဲ သင့်ကို ပြဿနာ ရှာမယ်။ ဘယ်အချိန်စိတ်တိုမှာကို မသိတဲ့အတွက် ဘယ်အချိန်ပြဿနာအရှာခံရမလဲလို့ အမြဲ စိုးထိတ် ကြောက်လန့်နေရတယ်။ သူတို့တစ်ခုခု အပြင်မှာပြဿနာဖြစ်လာတာ၊ မှားယွင်းလုပ်မိတာတွေကို သင့်ကို အပြစ်ပုံချမယ်။ သင့်ကိုဖြစ်စေ၊ သူတို့ကိုယ်သူတို့ဖြစ်စေ၊ သားသမီးတွေကိုဖြစ်စေ၊​ အတူနေမိသားစုဝင်တွေကိုဖြစ်စေ ယုတ်စွအဆုံး အိမ်မှာမွေးထားတဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို ဖြစ်စေ ကိုယ်စိတ်နှစ်ပါးထိခိုက်အောင် ပြုမူမယ်။

အဲ့လိုတွေ ပြုမူရင် အကြမ်းဖက်မှု မြောက်ပါတယ်။

ကျနော့်ဘာသာ ထပ်ဖြည့်ချင်တာကတော့ ကိုယ်ချစ်သူ၊ ဇနီးမယားရဲ့ အမြင့်ဆုံးရောက်နိုင်တဲ့ ကိုယ်ရည်ကိုယ်သွေးကို လိုက်လံပိတ်ပင်တားဆီးတာမျိုးကလည်း မလျော်ကန်တဲ့ပြုမှုအကြမ်းဖက်မှု မြောက်ပါတယ်။ ထင်သာမြင်သာရှိတဲ့ ဥပမာပေးတွေပေးရရင် သင်တန်းတစ်ခုခု လေ့လာချင်တာ၊ ပညာရေးအားဖြင့် နောက်ထပ် ဒီဂရီတစ်ခုထပ်ယူချင်တာကို မတတ်ရဖူးလို့ တားမြစ်တာ၊ ကားမောင်းသင်မယ်ဆို ငါရှိနေတာပဲ ဒါမှမဟုတ် ယာဥ်မောင်းရှိနေတာပဲ အန္တရာယ်များတယ် မသင်နဲ့လို့ ပိတ်ပင်တာ၊ အလုပ်ထွက်လုပ်ချင်တာကို ငါလုပ်ကျွေးမယ် အိမ်မှာပဲ ကလေးနဲ့မိသားစုကိုပဲ ဂရုစိုက်ပါ စသဖြင့် တပါးသူဆန္ဒကို အတင်းဆန့်ကျင် ပိတ်ပင်နေတာမျိုးကလည်း အကြမ်းဖက်တာပါပဲ။ (ဒီကိစ္စတွေအတွက် အမျိုးသားအများစုရဲ့ အကြောင်းပြချက်က စိတ်ပူလို့ပါ၊ ဂရုစိုက်တာပါလို့ ပြောတတ်တာဖြစ်ပြီး အမျိုးသမီးအများစုကလည်း အဲ့ ဂျင်းမိခံနေရတတ်ပါတယ်။)

ဒါတွေလျော့ပါးပြီး ပျောက်ကွယ်ဖို့က ကိုယ်က စလုပ််နိုင်တာက အချင်းချင်း လေးလေးစားစား ဆက်ဆံဖို့ပါပဲ။​ ကိုယ်ပြုမူပြောဆိုဆက်ဆံခံချင်တဲ့အတိုင်း တပါးသူကိုလည်း ပြုမူဆက်ဆံဖို့ အရေးကြီးပါတယ်။ အကြမ်းဖက်မှုတွေ မိသားစုတွင်းမှာ ဒါမှမဟုတ် အိမ်နီးချင်းပတ်ဝန်းကျင်မှာ ဖြစ်လာရင် ကျူးလွန်ခံရသူကို ထပ်ဆင့်အပြစ်တင်တာတွေမလုပ်ပါနဲ့။ ကျူးလွန်ခံရသူဖက်က ရပ်တည်ပါ။ ကျူးလွန်ခံရသူတွေကို ယုံကြည်မှုပေးပါ။ အချိန်ပေးပါ။ စိတ်ရှည်သီးခံပါ။ ဘယ်လို ကူညီနိုင်မလဲ သင့်တော်တဲ့နည်းလမ်းကို ဆွေးနွေးအဖြေရှာပါ။

တစ်ယောက်က စ ကျင့်ကြံရင်း မပြောင်းလဲနိုင်တာမရှိပါဘူးလို့ ယုံကြည်ပါတယ်။ ကျနော်တို့ နောက်မျိုးဆက် တူ/တူမ၊ သားသမီးတွေက ရုပ်ဝတ္ထုတွေတိုးတက်၊ ပြည်စုံတဲ့ ကမ္ဘာမှာနေနိုင်ဖို့တင်မကပဲ တစ်ယောက်နဲ့တစ်ယောက် လေးစားတဲ့၊ တန်ဖိုးထားတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်ဖို့ ကျနော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။

အပေါ်က အချက်အလက်တွေကို ဒီလင့်ခ် ကနေ ကိုးကားပြီး ဘာသာပြန်ထားတာပါ။




Thursday, September 24, 2020

သားအမိ

မ်းထဲမှာ ညနေတိုင်း သကြားမုန့်ဖက်ထုပ်၊ သာကူမုန့်ဖက်ထုပ်ဆိုပြီး အော် ရောင်းတဲ့ သားအမိ အသံကြားနေကြ။ အမေလုပ်တဲ့သူက တစ်ခွန်းအော် ပြီးရင် သူ့သားလေးက ကလေးသံလေးနဲ့ တစ်ခွန်းအော် ရောင်း။ ကလေးက အလွန်ဆုံးရှိမှ ၅နှစ်၊ ၆နှစ်ပေါ့။ သူတို့အသံကြားတိုင်း တွေးစရာ ရတာချည်းပဲ။ ကလေးကို အိမ်မှာ ထားခဲ့ဖို့ အဆင်မပြေလို့ စျေးရောင်း ခေါ်လာရတာလား။ ခေါ်လာတော့လည်း ကလေး ပင်ပန်းပေမယ့် အမေနဲ့အတူတူဆိုတော့ သူ့အမေ စျေးရောင်း နောက်ဆံမတင်းဘူးလို့လည်း တွေးမိတယ်။ ပြီးတော့ နေဝင်မိုးချုပ် လမ်းတကာ စျေးရောင်းရတာ၊ အမျိုးသမီးတစ်ယောက်ထဲဆို ရိသဲ့သဲ့တစ်မျိုး ရဲရဲတင်းတင်းတစ်မျိုး နှောက်ယှက်ချင်တဲ့ ယောကျာ်းတွေ ရှိမှာပဲ၊ အင်နဲ့အားနဲ့ ကာကွယ်ပေးနိုင်တဲ့ အရွယ်မဟုတ်ပေမယ့် သားသမီးပါတော့ အမေလည်း စျေးရောင်းရတာ တစ်နည်းနည်းနဲ့ စိတ်လုံခြုံတာပေါ့။

ဘာပဲဖြစ်ဖြစ် သူတို့သားအမိ အသံ ညနေတိုင်း ကြားရတာ ပုံမှန်လိုတောင် ဖြစ်နေပြီ။ ကလေးစျေးအော်ရောင်းတဲ့အသံကြားရင် ဂရုဏာစိတ်ဖြစ်ပေမယ့် အားရှိတဲ့စိတ်က အမြဲပိုတာပဲ။ မအေ အားကိုးရတဲ့ သား ဆိုပြီးတော့လေ။ ဒီနေ့တော့ သားအမိ နှစ်ယောက်အသံ လုံးဝမကြားမိတော့ ဘာများဖြစ်သလဲဆိုပြီး အတွေးရောက်။ စိတ်ပူ။ ဖျားနာနေလား။ ကိုဗစ်များ ဖြစ်သလား။ ဒါမှမဟုတ် တစ်ရက်တစ်လေ နားမယ်ဆိုပြီးများ သားအမိတွေ နားနေရော့သလား။ နားတာပဲ ဖြစ်ပါစေ။ လူ့စိတ်များနော်... အသံလေးပေမယ့် နေ့စဉ်ပုံမှန်ဆိုတော့ သံယောဇဉ် ဖြစ်ရတယ်။

Wednesday, September 23, 2020

Two years and some more...

Today has been two years, working for UK aid agency. I've to confess that it took for nearly eight months to feel fitting in this work; a lot to learn on the system, work nature, people, everything.

I remember the times, I feel anxious and exhausted, grumbled that well, I cannot make it anymore. On the other hand, just because of working here, I happened to meet some nice people, explore new opportunities and learn from the unique experiences which all impacted the way I see work like (& personal life) a bit calmer and a bit more mature.

So, this was interesting two years and it is still exciting to be part of it. I have no idea yet when the time will come for me to move on. For now, amidst this global health crisis, I take life one day at a time. All I am overwhelmed today is by the sense of knowing that it has been two years.

Good or bad, life itself is a journey, you just need to have stamina to walk on and make no excuse.

A little drama: I miss office desk, morning 
coffee & chitchatting with colleagues








Thursday, June 11, 2020

ဖုံးကွယ်နေတဲ့ ခွဲခြားမှု (၂)

© American Friends Service Committee
တစ်ကမ္ဘာလုံးမှာ လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုတွေ ပြန် အားကောင်းလာတဲ့အချိန်မှာ မြန်မာပြည်ဖေ့ဘုတ်ခ်သိုင်းလောကမှာ ကုလား၊ ကုလားမလို့ခေါ်တာ နောက်ကွယ်က ရည်ရွည်ချက်မရှိပါဘူးဆိုတာမျိုး ဝါဒဖြန့်ချီရေးတွေ လုပ်လာကြတယ်။ ဒီလိုလူတွေကပဲ ကုလား၊ ကုလားမ မခေါ်ပါနဲ့ဆိုတဲ့ ကန်ပိန်းလုပ်နေတဲ့လူငယ်တွေကို ပြဿနာမဟုတ်တာကို ပြဿနာလုပ်နေတဲ့ 'လစ်ဘရယ်အကြောင်ကွက်' ဆိုတာမျိုး စွပ်စွဲကြ။
ကျနော့်ယုံကြည်ချက်ကတော့ ရှင်းပါတယ်။ 'ကျနော်၊ ကျနော်မတို့ကို ကုလား၊ ကုလားမ' လို့ခေါ်တာမကြိုက်ပါဘူးလို့ အခေါ်ခံရသူ ကာယကံရှင်တွေက တောင်းဆိုလာရင် ဆက် မခေါ်ဖို့ လိုပါတယ်။ တပါးသူရဲ့ ဘယ်သူကိုမှ ထိခိုက်နစ်နာမှုမရှိတဲ့ ဆန္ဒပြုမှုနဲ့ တောင်းဆိုမှုကို လေးစားဖို့ လိုပါတယ်။ ရိုးရှင်းတဲ့ ဥပမာပေးရရင် ကိုယ့်မှာ နာမယ်ရှိလျက်နဲ့ ချီးဗူးလို့ ခေါ်တာကို မကြိုက်ဖူးလို့ ပြောထားတာကို ခေါ်တဲ့သူက ဆက်ခေါ်နေရင် ခင်ဗျား မနှစ်မြိုသလိုပေါ့။ အဲ့ခေါ်တဲ့သူကို ခင်ဗျား ကြာရင် မုန်းလာမယ်။ လမ်းမှာ မတွေ့ချင်ဘူး။ တွေ့လို့ အဲ့လိုအခေါ်ခံရမှာကို တွေးပြီး စိုးရိမ်နေရတဲ့ အကြောက်တရား ရှိလာမယ်။ ဘယ်သူ့အတွက် ကောင်းလို့လဲ။
တခါတလေ common sense လို့ခေါ်တဲ့ သာမန်အသိနဲ့တောင် ဆင်ခြင်နိုင်တဲ့ကိစ္စတွေကို တစ်ဦးနဲ့တစ်ဦး၊ အစုအဖွဲ့တစ်ခုနဲ့တစ်ခု ခုခံကာကွယ်မှုတွေ ကြီးနေတဲ့ လူ့အဖွဲ့အစည်းကို နားကိုမလည်နိုင်ဘူး။ အဲ့လိုလူတွေရဲ့ ဒီမိုကရေစီကို အလွန်လိုချင်ပါတယ်၊ အားပေးပါတယ်၊ ထောက်ခံပါတယ်ဆိုတာကိုလည်း သံသယရှိပါတယ်။ မ.ဘ.သကိုတော့ ဆန့်ကျင်ပါတယ်လို့ ကြွေးကြော်ခဲ့ပြီး ကုလား၊ ကုလားမ မခေါ်ဖို့ကို ဆင်ခြေများနေသူများကို အောက်ကလိအာ ရယ်ချင်မိတယ်။

လွတ်လပ်၊ ငြိမ်းချမ်း၊ မျှတ၊ လုံခြုံပြီး တန်းတူရပိုင်ခွင့်ကိုတောင်းဆိုနိုင်တဲ့ (ဒီမိုကရက်တစ်) လူ့အဖွဲ့အစည်းကို လိုချင်တဲ့ လူ့အဖွဲ့အစည်းဟာ ဒီမိုကရေစီ လိုချင်ပါတယ်လို့ ထိုင်အော်နေရုံနဲ့ မရပါ။ မဲပေးလိုက်ရုံနဲ့ တာဝန်မကျေပါ။ အဲ့ဒီလူ့အဖွဲ့အစည်းရဲ့ နိုင်ငံသားတိုင်း လိုက်နာကျင့်သုံးရမယ့် ဒီမိုကရေစီတန်ဖိုးထားတွေရှိပါတယ်။ အဲ့တန်ဖိုးထားတွေထဲမှာ တစ်ဦးနဲ့တစ်ဦး လေးစားမှုနဲ့ နားလည်တန်ဖိုးထားနိုင်မှုလည်း ပါ ပါတယ်။
ဒီမိုကရေစီရွှေကြာပန်းဟာ မိုးကျပန်း မဟုတ်ပါ။ အလေ့ကျ မပေါက်ပါ။ စဥ်ဆက်မပြတ် လိုက်နာကျင့်သုံး တန်ဖိုးထား ပြုစုမှ ရှင်သန်ပါတယ်။

Saturday, June 6, 2020

ဖုံးကွယ်နေတဲ့ ခွဲခြားမှု (၁)

© American Friends Service Committee
Stop racism ကန်ပိန်းမှာ ပါဝင်တာ ခေတ်ကပေးလာတဲ့ တာဝန်ဖြစ်ပါတယ်။ အနည်းဆုံး ကိုယ့်လူမှုကွန်ယက်ကိုအသုံးပြုပြီး စာကြောင်းလေးတစ်ကြောင်းနဲ့ ဝန်းရံတာကစလို့ မိသားစုတွင်းမှာ ရပ်ရွာအတွင်းမှာ ဒီကိစ္စကို သူ့အမြင်ကိုယ့်အမြင် ဆွေးနွေးတာ၊ လမ်းပေါ်ထွက် တက်ကြွလှုပ်ရှားတာနဲ့ မူဝါဒရေးရာတွန်းအားပေးတာအဆုံး ကိုယ်တတ်နိုင်တဲ့ဖက်က တာဝန်ကျေနိုင်တာ ကောင်းပါတယ်။
တစ်ဖက်မှာလည်း လူ့အဖွဲ့အစည်းထဲမှာ စိမ့်ဝင်ပျံ့နှံ့နေတဲ့ လူမျိုးရေးခွဲခြားမှုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပိုပြီးခိုင်မာအမြစ်တွယ်စေတဲ့ အပြောအဆို၊ အမူအကျင့်တွေကို အားလုံးကိုယ်တိုင် ပိုပြီး သတိပြု ဆင်ခြင် တုံ့ပြန်ရမယ်ဆိုတာကို အကဲဆတ်ဖို့လည်းလိုတယ်လို့ တွေးမိပါတယ်။
နာမယ်ကြီး စူပါပါဝါနိုင်ငံ အမေရိကလို ကျွန်ပြုခဲ့တဲ့စနစ် ကျနော်တို့တိုင်းပြည်မှာမရှိခဲ့ပေမယ့် စနစ်တကျ သွေးခွဲအုပ်ချုပ်မှုက ကိုလိုနီခေတ်ကစလို့ စစ်အုပ်ချုပ်ရေးအထိ တစ်လျှောက်လုံးမှာ ရှိခဲ့တယ်။ ဒီလို ကြီးပြင်းခဲ့တဲ့ အခြေအနေမှာ ကျနော်တို့ဟာ လူအားလုံးအတူတူလို့ပဲ မြင်ပါတယ်၊ ကိုယ်နဲ့မတူတဲ့လူမျိုးအပေါ်၊ ကိုးကွယ်ရာဘာသာမတူမှုအပေါ် အပြည့်အဝ ယုံကြည်တယ်၊ အကြောက်တရားမရှိဘူး၊ အလုံးစုံ စာနာနားလည်ပေးနိုင်ပါတယ်ပြောရင် လိမ်နေတာပဲဖြစ်မှာပါ။
ကျနော်တို့ဟာ အချင်းချင်းအပေါ် ပုဂ္ဂလိကဖြစ်တည်မှုနဲ့ ချဉ်းကပ်စဉ်းစားတဲ့အလေ့အထ နည်းပါတယ်။ လူတစ်ယောက်ရဲ့ အပြုအမူကိုဖြစ်စေ၊ အပြောအဆိုကိုဖြစ်စေ မကြိုက်ရင်၊ ကိုယ်နဲ့သဘောမတူနိုင်ရင် လူမျိုး၊ ဘာသာနဲ့ တံဆိပ် အတင်းကာရော စွဲကပ်ကြတာ လူတိုင်းနီးပါး လုပ်ပါတယ်။ ဥပမာ - ရခိုင်တွေက အဲ့လိုပဲဆိုတာမျိုး၊ သူတို့ကုလားတွေက ဒီလိုပါပဲ ဆိုတာမျိုး။ ဟိုတလောက နာမယ်ကျော်ဆယ်လီတစ်ယောက်က အွန်လိုင်းတိုက်ပွဲမှာ ရန်ဖြစ်တော့ ‘ရခိုင်မနဲ့ မြွေပွေး’ ဆိုတာမျိုး အပုတ်ချတိုက်ခိုက်ရေးသလိုပေါ့။
ကျနော့်အပေါင်းအသင်းတစ်ယောက်က ကျနော်ပြောတဲ့စကားတစ်ခွန်းအပေါ် လူမျိုးကြီးဝါဒ မကင်းဖူးလို့ မှတ်ချက်ပြုတုန်းက ကျနော် တုန်လှုပ်ခဲ့ဖူးပါတယ်။ သေချာစဉ်းစားကြည့်တော့လည်း ကျနော့်ရည်ရွယ်ရင်းဟာ လူမျိုးရေးခွဲခြားမှုကို ကျူးလွန်ဖို့ မရည်ရွယ်ပေမယ့် ကျနော့် အပြောအဆိုဟာ လူမျိုရေးခွဲခြားမှုကို ကျူးလွန်မိတဲ့ အပြောအဆို ဖြစ်နေတာကို သတိပြု၊ လက်ခံရပါတယ်။ ကျနော့်အထင် ကျနော့်တို့လူ့အဖွဲ့အစည်းမှာ အဲ့လိုစိတ် အနည်းနဲ့အများ ရှိနေကြပါတယ်။ တခါတလေမှာ ကျူးလွန်မိသူရော၊ အကျူးလွန်ခံရသူရော နှစ်ဖက်လုံး ဘာဖြစ်နေမှန်းမသိရလောက်အောင် ကျနော်တို့ဟာ ဒီကိစ္စမှာ အကဲဆတ်မှု နည်းတာ ဒါမှမဟုတ် လုံးဝကင်းမဲ့နေတာပါ။ ကျနော်တို့ အမှားချည်းလည်းမဟုတ်ပါ။ စကားပုံတွေနဲ့အတူ အခြားသော အလားတူ လူမှုပုံစံသွင်းခံရမှုတွေကြောင့်နဲ့ အာဏာရှင်ရဲ့ သွေးခွဲအုပ်ချုပ်မှု အကျိုးဆက်တွေ ဖြစ်ပါတယ်။
ပညာရှင်မဟုတ်တဲ့အတွက် ဘာသာရပ်ဆိုင်ရာအချက်အလက်နဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်အဆင့်ဆင့်တွေ ကျနော် ဥာဏ်မမှီပါ။ ပြဿနာကို အစရှာဖို့၊ အမှန်ကို အမှန်အတိုင်း ကြည့်ဖို့ လိုမယ်လို့ယူဆပါတယ်။ ယုံကြည်မှုတည်ဆောက်ဖို့ဆိုတာ အလွန် အချိန်ယူရမယ့်ကိစ္စပါ။
ကျနော်တို့ တစ်ယောက်ချင်း ခုကစလို့ နောင်တစ်လျှောက်လုံးလုပ်နိုင်တဲ့ကိစ္စဟာ ကျနော်တို့ ဒီကိစ္စတွေကို များများပြော၊ များများ နားထောင်ဖို့ပါ။ ပြောနိုင်မယ့်၊ နားထောင်နိုင်မယ့် ပလက်ဖောင်းတွေက ပြောရ၊ နားထောင်ရပါမယ်။ ခံစားချက်တွေကို အမှန်အတိုင်းပြောရပါလိမ့်မယ်။ အမြင်တွေကို ပွင့်ပွင့်လင်းလင်း အားမနာစတမ်း ပြောရပါလိမ့်မယ်။
ကျနော်တို့ တစ်ဦးနဲ့တစ်ဦး ပြောရင်းနားထောင်ရင်း သင်ယူရင်း နာကျင်ရပါလိမ့်မယ်။ ခရီးရှည်ကြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ခေတ်မှာ ကိုယ်ယူရမယ့် တာဝန်ကို ယူမလား။ နောင်မျိုးဆက်ရဲ့ အပြစ်တင်မှုကို ခံမလား။ ၂ခုပဲ ရှိပါတယ်။
ကျနော်တို့ သား၊သမီး/ တူ၊ တူမတွေကို ဒီကိစ္စတွေ ပြန်ပြောတဲ့အခါ အဲ့တုန်းက ဘယ်လိုခံစားခဲ့ရတယ်လို့ ပြောတာထက် ဘယ်လို တုံ့ပြန်ခဲ့တယ်၊ ဘယ်လို ပြောင်းလဲဖို့ ကြိုးစားမှုမှာ ပါဝင်ခဲ့ရတယ်လို့ ပြောရတာ ပို အရသာရှိ၊ ဂုဏ်ယူစရာကောင်းမယ် ထင်ပါတယ်။

Stop racism, stop being racist ဆိုတာကို ဝန်းရံရင်း ကိုယ့်ဘာသာလည်း ဒီမေးခွန်းကို ရဲရဲတင်းတင်း မေးကြည့်၊ ဖြေကြည့်ကြရအောင်။

Tuesday, March 31, 2020

ကပ်ဘေးနေ့ရက်များထဲက မွေးနေ့

ဒီနေ့ အသက်နောက်တစ်နှစ်ကြီးပါတယ်။ မွေးနေ့တိုင်း တိတ်တိတ်ဆိတ်ဆိတ်ပဲ ဖြတ်သန်းဖြစ်ပေမယ့် ဒီနှစ်ကတော့ ကိုဗစ်-၁၉ ကျေးဇူးနဲ့ အတိတ်ဆိတ်ဆုံး ဖြတ်သန်းဖြစ်ပါတယ်။ အမေနဲ့အဖေကို ဖုန်းခေါ်ကန်တော့ဖြစ်ပါတယ်။ မေမေလှ (အဘွား)ကိုလည်း သတိရမိပါတယ်။ မှတ်မှတ်ရရ မွေးနေ့ဆုတောင်းပေးကြတဲ့ အပေါင်းအသင်းတွေနဲ့ ချစ်ခင်ကြသူတွေကို ကျေးဇူးတင်ပါတယ်။ ကျနော်ခက်ခဲချိန်တိုင်းမှာ စာတိုလေးနဲ့ဖြစ်ဖြစ်၊ စကားလေးတစ်ခွန်းနဲ့ဖြစ်ဖြစ် အားပေးတာကစလို့ ငွေရေးကြေးရေးအဆုံး ကူညီဖူးသူအားလုံးရဲ့ကျေးဇူးကို ဒီနေ့ ပိုအောက်မေ့မိပါတယ်။ အခွင့်ကြုံရင်ဆပ်ဖို့ စိတ်ရော၊ လူရော အဆင်သင့်ဖြစ်နေအောင် ကြိုးစားပါ့မယ်။ မွေးနေ့သန္နိဌာန်ကတော့ အရင်နှစ်တွေလိုပါပဲ။ ဘာတွေပဲကြုံရကြုံရ ရှင်သန်နိုင်အောင် ကြိုးစားနေပါမယ်။ ဒါတစ်ဘဝလုံးစာအတွက် လုံလောက်မယ်ထင်ပါတယ်။ 


Sunday, March 29, 2020

သမီးရဲ့ဖေဖေ

ကိုဗစ်ကြောင့် အပြင်မထွက်ရတော့ လျှောက်တွေးဖို့ ပိုအချိန်ရတယ်။ ဒီနေ့တော့ ငါ့မှာသမီးလေးတစ်ယောက်ရှိရင်လို့ စိတ်ကူးယဉ်မိတာ။ ဘယ်က စတွေးမိမှန်းတောင် မသိပါဘူး။ ကိုယ့်သမီးကို ဘယ်လို မြင်ချင်လဲလို့ အမျိုးမျိုး စိတ်ကူးကြည့်တဲ့အခါ သမီးကို လူသားဆန်စေချင်တယ်၊ လူပီသစေချင်တယ်လို့ပဲ နောက်ဆုံးအဖြေထွက်တယ်။ ကိုယ်ချင်းစာတရားရှိရမယ်။ အမှားတွေလုပ်မိဖို့ မကြောက်တတ်စေချင်ဘူး။ ဖခင်တစ်ယောက်အတ္တနဲ့ ဖြစ်စေချင်တာမျိုးကတော့ သမီးကို အနုပညာကို ခံစားတတ်တဲ့သူ ဖြစ်စေချင်တယ်။ နောက်ပြီး သမီးက သူ့အပေါ်မှာ မတရားမှုတခုခု ဖြစ်လာရင် ဆိတ်ငြိမ်မနေပဲ တစ်နည်းနည်းနဲ့ တွန်းလှန်တတ်စေချင်တယ်။ အရေးအကြီးဆုံးက သမီးက သူ့အဖေကျနော့်ကို တခြားနာမ်စားတွေထက် ဖေဖေလို့ပဲ ပီပီသသ ခေါ်ရမယ်။ ဖခင်တစ်ယောက်အနေနဲ့ ပေးနိုင်တဲ့ကတိကတော့ သမီးက ကျနော့်ကြောင့် ဘယ်တော့မှ ဘာအကြောင်းကြောင်းနဲ့မှ စိတ်မလုံမခြုံ မခံစားစေရဘူး။ မရှိသေးတဲ့သမီးကို ခုကထဲက ချစ်မိနေပြီ။ 

Saturday, March 21, 2020

ကျနော်နဲ့ အိမ်တွင်းလုပ်ငန်းခွင် (Working from Home @ WFH)


ကိုဗစ်၁၉ ကြောင့် အိမ်ကနေအလုပ်လုပ် (Working from Home-WFH) တဲ့ အလေ့အထက နောက်ဆိုလည်း ပို တွင်ကျယ်မယ် ထင်တယ်။ ကျနော်တော့ မဖြစ်သာတဲ့အခြေအနေမှပဲ အိမ်မှာအလုပ် လုပ်ရတာ ကြိုက်တယ်။ ကျနော်အလုပ်လုပ်နေတဲ့ ခုရုံးဆို အရင်ကထဲက WFH မူဝါဒ ရှိပါတယ်။ တခြားသူတွေနဲ့ အစည်းဝေးတွေလုပ်ဖို့မလိုပဲ ကိုယ့်ဘာသာ အာရုံစူးစိုက်လုပ်ရမယ့် အလုပ်မျိုး လုပ်ဖို့ရှိရင် ဒါမှမဟုတ် သိပ်နေလို့မကောင်းလို့ အိမ်ကနေပဲ နားနားနေနေ သက်တောင့်သက်သာ လုပ်ချင်တဲ့ အခြေအနေမျိုးတွေမှာ အိမ်ကနေပဲ လုပ်လို့ရတယ်။ လူကတော့ အွန်လိုင်းပေါ်ရှိနေရမှာပေါ့။ ဒီလိုလုပ်ဖို့လည်း ရှည်ရှည်ဝေးဝေး ခွင့်ပြုချက်တွေ သိပ်မလိုဘူးရယ်။ ကိုယ့်အထက်လူကြီးကို ငါတော့ ဒီနေ့အိမ်ကနေပဲ အလုပ်လုပ်မယ်ဆိုတာ အကြောင်းကြားပြီး အတူတူဆက်စပ်လုပ်နေရတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ကိုလည်း အသိပေးလိုက်ရင် ရပြီ။
WFH ရဲ့ အားသာချက်က ကလေးမိဘဖြစ်နေတဲ့၀န်ထမ်းတွေအတွက် အထူးသဖြင့် ကောင်းတယ်။ တခုခုဆို ရုံးအလုပ်လည်းမပျက်၊ ခွင့်တွေလည်းမလျော့ပဲ အားလုံးအဆင်ပြေတဲ့အခြေအနေ ဖန်တီးနိုင်တယ်။ အိမ်နေရင်းအ၀တ်အစားနဲ့ သက်တောင့်သက်တာ လုပ်နိုင်တယ်။ ရုံးသွားရုံးပြန်အချိန်တွေ ပိုထွက်လာတော့ အချိန်ကို ပိုစီမံလို့ရတယ်။ ရုံးချိန်နီးမှ ကွန်ပျူတာလေးကောက်ဖွင့် အင်တာနက်ချိတ် ထိုင်လုပ်ရုံပဲ။
ကျနော်ကိုယ်တိုင်ကတော့ WFH လုပ်ရတာ သိပ် မကြိုက်ဘူး။ မကြိုက်တာကလည်း ကိုယ့်အကြောင်းနဲ့ ကိုယ်ပါ။ အိမ်မှာအလုပ်လုပ်မယ်ဆို ကျနော်ကိုယ်နှိုက်က အလုပ်မပြီးဘူး။ အချိန်ကို အီကြာကွေးဆွဲသလို ဆွဲနေတာ။ အလုပ် လုပ်နေရင်း မုန့်ထစားတာတို့၊ ဖုန်းကိုအကြာကြီး ကြည့်နေမိတာတို့ အဲ့လို အကြောင်းအရာမျိုးစုံနဲ့ အလုပ်မပြီးဘူး။ ပြီးတော့ ကျနော့်အကျင့်က အချင်းချင်းမေးဖို့မြန်းဖို့ ရှိနေရင် အီးမေးလ်ရေး၊ စကိုက်ပ်တို့ ဖုန်းဘာတို့ကနေ တစ်ဖက်လူပြန်အပြောကို စောင့်ရတာ သိပ်စိတ်မရှည်တတ်ဘူး။ လူချင်းတွေ့ မြန်မြန်လေးပြောပြီး အလုပ်လုပ်လိုက်ရတာ ပိုကြိုက်တယ်။ အချင်းချင်းလည်း ပိုရင်းနှီးတယ်။ နားလည်မှုလွဲတာတို့ဘာညာ သိပ်မဖြစ်ဘူးလည်း ထင်လို့။ မှတ်တမ်းထားဖို့လိုတဲ့ကိစ္စတွေ ဘာညာမှသာ အီးမေးလ် သေချာရေးတာ။ တခါတခါ အဲ့လိုရှည်ရှည်ဝေးဝေး ရေးပို့စရာတွေရှိရင် မလုပ်ချင်လို့ အချိန်ရွှေ့ရင်းရွှေ့ရင်း သတ်မှတ်ရက်နားနီးမှ ဝုန်းဒိုင်းဝုန်းဒီုင်းလုပ်ရတာတွေလည်း ဖြစ်တယ်။
ခုတော့ ကိုဗစ် (COVID19) ကျေးဇူးနဲ့ အိမ်မှာနေလုပ်ကို လုပ်ရမယ့် အခြေအနေပဲ။ အိမ်မှာနေတာက အန္တရာယ်အကင်းဆုံးဖြစ်နေတာကိုး။ ဒီ WFH အခြေအနေကိုလည်း တမျိုး စီမံကိုင်တွယ် တတ်ရဦးမယ်။ အလုပ်ပြီးမြောက်ဖို့ လုပ်ဖော်ကိုင်ဖက်ချင်း ပို စိတ်ရှည်ပေးရတာ၊ နားလည်ပေးရတာမျိုးတင်မကဘူး ကိုယ့်မိခင်ဘာသာစကားနဲ့မဟုတ်ပဲ ဒုတိယဘာသာစကားပြောပြီး လုပ်ရတဲ့အခြေအနေတွေမှာ (အချင်းချင်း မျက်နှာအမူအရာ သိပ်မမြင်ရပဲ) နည်းပညာအထောက်အကူတွေနဲ့ပဲ ပြောရတော့ ဆိုလိုရင်းမှန်တွေကို သေချာနားလည်အောင် ပို အားစိုက်ရတာမျိုးတွေ ရှိလာမယ်။ ဒါတွေကို လုပ်ငန်းခွင်ကလူတိုင်း သဘောပေါက်ပြီး အချင်းချင်း အကူအညီဖြစ်အောင် လုပ်တတ်ဖို့ လိုမယ်။ ဆိုလိုရင်းကတော့ WFH မှာလည်း လူတွေရဲ့ မတူညီတဲ့ အစွမ်းအစတွေ၊ ကျွမ်းကျင်မှုတွေ ပို သုံးရပါလိမ့်မယ်။ မေတ္တာတရားလေးနည်းနည်းအစစ်ပိုထည့်ပြီး လုပ်ကိုင်နိုင်ကြရင် ဒီအခြေအနေတွေ အားလုံးကျော်ဖြတ်နိုင်မယ် ထင်ပါတယ်။
အိမ်ကနေ အလုပ်လုပ်လို့မရတဲ့ ဆရာဝန်၊ သူနာပြု၊ ဓာတ်ခွဲခန်းနဲ့ ဆေးဖက်ဆိုင်ရာ၀န်ထမ်းတွေ၊ မီးသတ်ရဲဘော်၊ ရဲ၀န်ထမ်းတွေ၊ ပုံထဲကလို လေယာဉ်နဲ့ စက်တပ်ယာဉ်တွေမောင်းတဲ့သူတွေရဲ့ အခန်းကဏ္ဍတွေကလည်း အလွန်အရေးပါတာ ခုလို အရေးပေါ်အခြေအနေမှ ပို နားလည်မိပါတယ်။
ပိတ်ရက်ဆိုတော့ တွေးမိတာတွေ ချရေးဖို့အချိန်ရတုန်း ရေးပြီး မှတ်တမ်းထားတာပါ။

Tuesday, December 31, 2019

A decade that ends...

This decade is going to end in 15 hours. Recalling these ten years personally, there were a lot of ups and downs I've passed through - I came into the work life but not knew what direction to go at the beginning, changed career decisively, been left by my beloved grandparents, experienced my parents’ separation, took family's responsibility more, travelled more and exposured some parts of the country and the world, found good people who are already my best friends for now and onwords, had some bitter relationship but very sweet ones too. So, looking back all, what I'm overwhelmed with is gratitude. These ten years is my years of becoming adult - learning about life, people and the issues threated us not only individually but also globally. For sure, I still have uncertainties, anxieties and worries on what will be going on in my future. But life is a process - isn't it? We only need to do our best in our maximum capacity. So, for forthcoming decade, my determination is to stay healthy, positive & visionary and thoughtful. Above all, to act professionally and to treat people sympathetically. Taking this moment, I would like to thank everyone in my life who has made me smile, comfort and laugh at any moment as well as to those who made me tough and learnt lessons. I wish you all a very HAPPY NEW YEAR. #2020



Saturday, December 28, 2019

ကလော မီမို (Memo)

ဒီဇင်ဘာလထဲမှာ ပိတ်ရက်တွေဆက်တော့ ကြို့ကြားကြို့ကြား ဖွင့်ရက် ၆ရက်ကို ခွင့်ယူလိုက်ပြီး အားလပ်ရက် ၂ပတ်ကျော်လောက် စံစားနေပါတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ ကလောမြို့ကို သွားလည်ခဲ့တယ်။
ကလောဆိုရင် ဒီမြင်ကွင်းကတော့ လူတိုင်း စိတ်မျက်စိနဲ့ မြင်ယောင်မိမှာပဲ။ နိုဝင်ဘာလောက်ဆို ယာကွင်းပြင်တွေက ပိုအရောင်စုံပြီး လှပါတယ်။ 
ကလောမှာ နေခဲ့တဲ့ သုံးရက်အတွင်း နေရာစုံအောင် လျှောက်သွားတာထက် ကိုယ်သွားချင်တဲ့နေရာပဲသွားပြီး အခန်းထဲ အိပ်ချင်တဲ့အချိန် အိပ်၊ ဟော်တယ်ခြံဝန်းထဲ စာဖတ်၊ အနီးအနားလမ်းလျှောက် နေ့စဉ်ဘဝက အပူတွေကို မတွေးမိအောင် နားခဲ့တယ်။

ဟော်တယ်နားက ထင်းရှူးပင်တွေ တန်းစီနေတဲ့ လမ်း
ကလောမြို့ထဲရော မြို့ပြင်ရောကတော့ မြင်သမျှက လှနေတာပါပဲ။ ဘယ်နေရာပဲကြည့်လိုက်ကြည့်လိုက် တောင်တွေ ပတ်လည်ဝိုင်းပြီး ထင်းရှူးပင်အစီအရီနဲ့ ဒီမြို့ခံတွေက သူတို့မြို့သူတို့ အရမ်းချစ်မှာပဲလို့ ပါးစပ်က တဖွဖွပြောမိတဲ့အထိပါပဲ။

အဲ... နဲနဲ စိတ်အနှောက်အယှက်ဖြစ်စရာလေးတွေတော့ ရှိခဲ့တယ်။ လည်ပတ်ဖို့လား ဓာတ်ပုံရိုက်ထွက်တာလား မသိရလောက်အောင် ဖုန်းတကာနဲ့ ဓာတ်ပုံရိုက်ဖို့ပဲ ဇောကပ်နေတဲ့ ခရီးသွားတွေရယ်၊ နိုင်ငံခြားသားမှ ဧည့်သည်လို့ထင်ပြီး ဝန်ဆောင်မှု လိုတာထက်ပိုပေးချင်ပြီး လိုကယ်ဧည့်သည်ကိုကျ ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင်မထင်ကြတဲ့ ဟော်တယ်ဝန်ထမ်းတစ်ချို့ကြောင့်ရယ် စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတယ်။
သိပ်လှတဲ့ ဟော်တယ်... မနက်စာလည်း စုံလင်... ဒါပေမယ့် သဘောမကျစရာလေးတွေလည်း ရှိခဲ့တယ်
အဲ့လို အပရိက ကိစ္စလေးတွေကလွဲလို့ နားရတဲ့ခရီးပါပဲ။ ဖုန်းကိုကြည့်မိတဲ့ screen time ကိုလည်း တနေ့ ၁နာရီလောက်ပဲ ရှိအောင် ၃ရက်လောက်တော့ လျှော့နိုင်ခဲ့တယ်။
တောပန်းလေး






ခုတော့ ဟောလီးဒေးထဲမှာပဲ ဖြစ်ပေမယ့် ကိုယ့်ကိုကိုယ် ကတိကဝတ်ထားထားတဲ့ အက်ဆေး လေးပုဒ်နဲ့ မပြီးမချင်းမှာ သောကတွေ များနေရတယ်။ တည်ဆောက်သမျှဟာ ဒီလောက်ပဲ စဉ်းစားနိုင်ရလား၊ မျှော်မြင်နိုင်ရလားလို့ စိတ်အလိုတွေ မကျ၊ ကိုယ့်ကိုကိုယ် ဒေါသတွေထွက်ပြီး မျက်စိရှေ့မြင်သမျှလည်း အဆိုးတွေပဲ မြင်နေမိတယ်။ လူဖြစ်ရခြင်းရဲ့ ဒုက္ခများလို့ ညည်းရမလိုပဲ။ ဘာပဲဖြစ်ဖြစ် စပြီးရင် အဆုံးသတ်ရမယ်မလား။ ဖိစီးမှုတစ်နင့်တစ်ပိုးကို သက်သာလို သက်သားငြား Memo ခေါင်းစဉ်တပ်ပြီး ရေးချင်တာတွေ ရေးလိုက်ပါတယ်။
အရမ်းအေးတဲ့ရာသီဥတုရယ်၊ ထင်းမီးဖိုရယ်၊ ခရစ်စမတ်မီးပန်းရယ်၊ Mulled Wine ရယ်... ဘာများထပ်လိုဦးမှာလဲ?

Saturday, December 7, 2019

လျှောက်ဆဲလမ်းရဲ့ ၈နှစ်ပြည့်

အလုပ်လုပ်တာ ၈နှစ်ပြည့်ပြီ။ ကွာလီဖိုင်းမဖြစ်လို့ ကျောင်းဆက်မတက်ရတော့ပဲ အလုပ်ထဲရောက်သွားတာ။ အဲ့ဒီအချိန်က ကိုယ်နဲ့ရွယ်တူ အပေါင်းအသင်းအများစုက ကျောင်းတက်ဆဲဆိုတော့ ငယ်ငယ်ရွယ်ရွယ်နဲ့အလုပ်လုပ်ရတာကိုပဲ သိမ်ငယ်တာလိုလို၊ ရှက်တာလိုလို ဖြစ်ခဲ့တယ်။ အသက်မွေးဝမ်းကြောင်း စပြုတဲ့အလုပ်က ကိုယ့်ဝါသနာ မဟုတ်ဘူး သိလာတော့လည်း ကိုယ်တကယ် ဘာလုပ်ချင်လဲ ကိုယ့်ဘာသာ မေးခွန်းမေးရတဲ့ကာလတွေကလည်း ခက်ခဲခဲ့တယ်။
ကိုယ်လုပ်ချင်တဲ့အလုပ်သဘောသဘာဝကို ရှာဖွေ သိရပြီးပြန်တော့လည်း အဆင်ပြေသွားတာမျိုး မဟုတ်ပြန်ဘူး။ ကျယ်ပြန့်တဲ့ နယ်ပယ်ထဲကမှ ကိုယ်တကယ် စိတ်ဝင်စားတာကို လုပ်နေရင်း ရှာဖွေသင်ယူနေရတာပဲ။ ဥပမာပြောရရင် မုန့်ပစ်သလပ်ကြိုက်တာ သိသွားပေမယ့် ထန်းလျှက်နဲ့ ချိုတဲ့အရသာ ကြိုက်တာလား၊ ပဲပြုတ်ဖြူးဆီဆမ်းထားတဲ့ စိမ့်စိမ့်အရသာပဲ ကြိုက်တာလား၊ ကြက်ဥနဲ့ ကြိုက်တာလား အဲ့လို အသေးစိတ်တွေ ထပ်ရွေးရသလိုပဲ။ ကိုယ့်အသက်မွေးဝမ်းကြောင်းမှုက ကိုယ့်တစ်ဘဝပဲ။ အသက် ၄၀မှ အသက်မွေးဝမ်းကြောင်းမှုနောက်တစ်ခု ပြောင်းဖို့ဆိုတာ လုပ်ချင်ရင် ဖြစ်နိုင်ပေမယ့် အောင်မြင်ဖို့ အခွင့်အလမ်းက နည်းတယ်။ ငယ်စိတ်လိုလည်း တုံးတိုက်တိုက်ကျားကိုက်ကိုက် လုပ်ချင်စိတ်ရှိရင်တောင် ခံနိုင်ရည် ရှိချင်မှ ရှိတယ်။
ဒီ၈နှစ်ထဲမှာ ကိုယ်တွေးမှ ကိုယ်ပြောတာမှ မှန်တယ်ထင်ခဲ့တဲ့ အချိန်တွေ ရှိခဲ့တယ်။ ကိုယ့်လို မှန်ရမယ်လို့ ခေါင်းမာခဲ့ဖူးတယ်။ လူတွေကို ငြီးငြူးတတ်ခဲ့တယ်။ အလုပ်နဲ့ ကိုယ်ပိုင်ဘ၀ မခွဲခြားတက်တဲ့အချိန်တွေလည်း ရှိခဲ့တယ်။ ခုကျတော့လည်း အကုန်သိသွားတာ မဟုတ်ပေမယ့် အလုပ်ရော၊ ဘဝကိုရော ဘယ်လိုထိန်းကျောင်းရမလဲဆိုတာကို နဲနဲလေး သိလာတယ်။ အလုပ်မလုပ်ရင် ဒီအတွေ့အကြုံတွေ ဒီသဘောတရားတွေကို သိခွင့်ရှိမှာမဟုတ်ဘူး။ တခါတလေ စိတ်ဓာတ်ကျ အပျင်းထူတဲ့ဉာဉ်လေး ပေါ်လာရင် ဒါကိုတွေးပြီး အားယူရတယ်။

Photo credit to Labour tech recruitment Ltd

ဘဝက ခရီးပဲ။ လျှောက်ချင်ချင် မလျှောက်ချင်ချင် ဆုံးအောင်လျှောက်ရမယ့်အတူတူတော့ သိက္ခာရှိရှိလျှောက်နိုင်ရမယ်။ သမာအာဇီ၀ ကျရမယ်။ ရောက်ချင်ရာရောက် ဆင်ကန်းတောတိုးသလိုလည်း မဖြစ်ပြန်ဘူး။ အမျှော်အမြင်ရှိရအုံးမယ်။ ဒီ၈နှစ်မှာ ပိုက်ဆံချမ်းသာတဲ့သူမဖြစ်ပေမယ့် ဒါလေးတွေသိလာလို့ ကျနော့်ဘဝကို ကျေနပ်တယ်။ အရင်လို ရှက်တာတို့၊ သိမ်ငယ်တာတို့၊ ကိုယ်ယုံကြည်တာ ကိုယ်မပြောရဲတာတို့ သိပ်မရှိတော့ဘူး။



ရှေ့နှစ်များကတော့ ဘဝကို ဆက်လက်တည်ဆောက်ဖို့ပါပဲ။ ယုတ္တိဗေဒနဲ့ စိတ်ခံစားချက်ကို တတ်နိုင်သမျှ မျှမျှတတ ထိန်းသိမ်းရင်းနဲ့ပေါ့။

Thursday, December 21, 2017

မှတ်တမ်းထဲက မှတ်တမ်းရုပ်ရှင်

၂၀၁၇ ခုနှစ်မှာ အတွေ့အကြုံကောင်းတစ်ခုကတော့ မှတ်တမ်းရုပ်ရှင်တစ်ကားကို ထုတ်လုပ်သူနေရာကနေ စလယ်ဆုံး ကိုယ့်ခြေကိုယ့်လက် လုပ်ခွင့်ရတာပါပဲ။ မှတ်တမ်းရုပ်ရှင်တွေကို နှစ်ခြိုက်ပြီး ရုပ်ရှင်ပွဲတော်တွေမှာ ထိုင်ရာမထ ကြည့်ဖို့ဝါသနာပါသူတစ်ယောက်အနေနဲ့ ဒီအတွေ့အကြုံက တစ်သက်လုံး တန်ဖိုးထားအမှတ်ရနေမယ့် မှတ်တမ်းတစ်ခုလို့လည်း တွေးပြီး ကြည်နူးမိပါတယ်။ အလုပ်အတွက်တစ်ပိုင်းလို့ ရည်ရွယ်ပေမယ့် စိတ်တူကိုယ်တူ လုပ်ဖော်ကိုင်ဖက်နဲ့အတူ စိတ်ကြိုက် လုပ်ခွင့်ရတဲ့ အလုပ်တစ်ခုလည်း ဖြစ်ပါတယ်။ 

စစ်ဘေးရှောင်စခန်း (၃) ခုက ကချင်အမျိုးသမီး ၃ ဦးက စစ်ရှောင်အတွေ့အကြုံတွေနဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေကို မျှဝေထားတဲ့ ဒီမှတ်တမ်းရုပ်ရှင်ကို အမေ့လျော့ခံ ငြိမ်းချမ်းရေးအသံလို့ အမည်တပ်ဖြစ်ကြပါတယ်။ စစ်ရှောင်စခန်းတွေထဲက အမျိုးသမီးတွေရဲ့အသံ ဒီထပ်ပိုပြီး ကျယ်ကျယ်လောင်လောင် ဖွင့်ဟနိုင်ဖို့၊ အားလုံးနဲ့တန်းတူ တန်ဖိုးထားနိုင်ဖို့ ရည်ရွယ်ပါတယ်။ ပြီးတော့ ဘယ်အမျိုးသမီးတစ်ယောက်ရဲ့ အသံကိုမှ အမေ့လျော့မခံရဖို့ ဆန္ဒနဲ့ရောပေါ့။

ပုဂ္ဂိုလ်ရေးအရဆိုရင် ကချင်ပြည်နယ်က စစ်ရှောင်ရွှေ့ပြောင်းစခန်းတွေမှာ တွေ့ကြုံရတဲ့ မြင်ကွင်းတွေက ကျနော်နေတဲ့လူ့အဖွဲ့အစည်း ပိုကောင်းအောင် တစ်ထောင့်တစ်နေရာက ဆောင်ရွက်ရမယ်ဆိုတဲ့ စိတ်ကို ပို ခိုင်မာစေပါတယ်။ 

မဇင်ညွယ်၊ မဇော်မဆာနဲ့ မထုလွမ်တို့ပြောပြတဲ့ ဘဝအတွေ့အကြုံတွေကို အမြဲအမှတ်ရနေပါတယ်။ အမျိုးသားကြီးစိုးတဲ့လူ့အဖွဲ့အစည်းကို တွန်းလှန်ပြောင်းလဲရေးမှာ ပါဝင်ဖို့ ကတိပြုပါတယ်။ လောကဓံရိုက်ခတ်မှုကို ညည်းညူမိရင် အမတို့ရဲ့  ဘဝအပေါ်အကောင်းမြင်တတ်တဲ့စိတ်၊ ဇွဲနပဲကြီးတဲ့စိတ်တွေကို ပြန် သတိရအောင် ကြိုးစားပါမယ်။ ဘဝအတွေ့အကြုံတွေကို မျှဝေတဲ့ အမတို့ကို အမြဲ ကျေးဇူးတင်နေပါမယ်။

မှတ်တမ်းရုပ်ရှင်ကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ်။ 

https://www.agipp.org/

ဇာတ်လမ်းအကျဉ်းချုပ်

အမေ့လျော့ခံ ငြိမ်းချမ်းရေးအသံ မှတ်တမ်းရုပ်ရှင်ကို ကချင်ပြည်နယ် စစ်ဘေးရှောင်စခန်းများတွင် အခက်အခဲများစွာဖြင့် ရုန်းကန်နေရသော်လည်း ငြိမ်းချမ်းရေးမျှော်လင့်ချက်ကို မလျော့တမ်း ဆုပ်ကိုင်ထားသော အမျိုးသမီးများအကြောင်း ရိုက်ကူးထားခြင်း ဖြစ်သည်။ အမျိုးသားအများစုသာ ကြီးစိုးဆဲဖြစ်သော မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ၏ အသံကို ပိုမိုပါဝင်နိုင်ရန် သူတို့က စိတ်အားထက်သန်လျက်ရှိသည်။

"ကလေးနဲ့ အမျိုးသမီးတွေ ဘယ်လောက်ဒုက္ခရောက်နေတယ်ဆိုတာကို ကျွန်မတို့အမျိုးသမီးတွေ များများပါဝင်ပြီးမှ၊ များများတင်ပြနိုင်မှ ငြိမ်းချမ်းရေးက ရမယ့်နေရာမှာ ပိုလို့ များမှာပေါ့။" - ဇင်ညွယ် | ဂျာမိုင်ကောင်းစစ်ရှောင်စခန်း 

"စားဝတ်နေရေးနဲ့ ကလေးပညာရေးအတွက် စိတ်ပူနေရတယ်။" - ဇော်မဆာ | ခါးရှီးစစ်ရှောင်စခန်း

"ကျွန်မတို့မိခင်တွေအတွက် မျှော်လင့်ချက်က ကလေးပဲ။ စစ်ပြေးနေတဲ့အချိန်ပဲ ဖြစ်ဖြစ်၊ ရွာမှာနေတဲ့အချိန်ပဲဖြစ်ဖြစ် အဓိက က ကလေးတွေကို ပျိုးထောင်ရမယ်။" - ထုလွမ် | မိုင်းနားကေဘီစီ စစ်ရှောင်စခန်း

Directed by Lin Hnin Aye
Edited by Khin Warso
Produced by Kaung Latt with the support of AGIPP
Funded by Internews

Tuesday, August 22, 2017

Real Man

To my beloved mother and my lovely two younger sisters, I wrote this for you with all my heart.


Who is a real man? A man who looks very solid masculine or a man who is leading a family? Or a man who can control not to cry at the time of serious emotional condition? In another way, can we identify being a real man or not by how much money he makes? 

In the spring of 26 years ago, I was born and my gender identified me as a boy. My father and his family is Chinese whose tradition is male priority. Throughout the years I grow up, being male was privilege. Chicken soup and good part of that chicken is for me and my cousin brother because we are boys. We got good couches to sleep at home because we are boys. We can go everywhere we want at anytime because we are boys. Is it lucky enough for being male? 

As opposite, my sisters are struggling among the society norms. They are not able to go somewhere so early or so late because they are girls. They cannot go some part of the religious building or places because they are born as girls. In the details, our society norms do not allow them to speak or laugh loudly. Why are there so great gap between male and female? 

For me personally, being born as male cannot called myself as real man. The responsibilities I am taking and the attitude how I treat women determines my manhood and literally who I am. Women are being bullied in many different ways that man never experienced. Teachers and girls and whoever women are harassed sexually or verbally or cyberlly on buses or on the sidewalks or anywhere by man. 

Recently I went to the northern part of Myanmar called Kachin state where there is a decade long conflict between two armies. In my visiting days, I had chance to go to IDP camps and talk with people and I have heard many heartache stories about their experiences on how they suffer from civil war. Particularly, the most vulnerable people are women and children among all. Everyone knows that any war is not good for anyone. Let me complete then, any war is not good especially for women who are always victims for sexual assaults during war. 

In our country, Myanmar, women are harassed plus left behind men in anywhere. The girls are being sold to neighbouring countries for sex work. Even baby girls and immature girls are ripped with no reasons every day. Women are used just as helper or entertainer for making events possible, never in leading role roles. 

Guys, let me say this. Women are not different. They are as same as us like humans. A girl who asks for help does not mean that she favours you. It is simply just because she needs help. A girl who is drunk and cannot even talk to you, it is not an automatic consent and opportunity for sex, please remember that it is just crime. Women rights are not the rights for the people of another planets. Women rights are literally your mothers’ rights, your sisters’ rights, your daughters’ rights as well as your girlfriends’ rights. So, don’t you think that our mothers, sisters, daughters and girlfriends deserve better? Don’t you think women deserve equal chance and equal opportunity like us? Don’t you think women can also make the world fairer, stronger and more peaceful? 

Since all of us are born with dignity, grit and grace, nothing is different. We all are equal regardless of sexual orientation, prosperity, skin colour, political belief, race and religion. Everyone is fighting for their own life. So, if your life matters, everyone’s life matters. In the same way, women’s lives matter.
I am not a dreamer but once and for all, one of my ultimate dreams for this beloved country is a country where all man treats every single woman and girl with respect and decency and prove that we all are real men.

Be bold to respect women and be real man. And finally, let your society to be big-hearted ones.

The Choices

Last month, I graduated with my master's degree. And I am still not entirely sure how to describe what that felt like. Joyful, yes. Bu...