အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုက ဒီနေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးနေ့ဖြစ်တဲ့ နိုဝင်ဘာလ ၂၅ရက်နေ့မှာစပြီး လူအခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ရက်နေ့မှာ အဆုံးသတ်ပါတယ်။
Passionate reader, Coffee enthusiast, and Communicator. Stand up for democracy, humanity, and equality.
Tuesday, November 24, 2020
ကိုယ်တိုင် ဒီလို ပြုမူဆက်ဆံနေသလား ဒါမှမဟုတ် ပြုမူဆက်ဆံခံနေရသလား?????
Thursday, September 24, 2020
သားအမိ
လမ်းထဲမှာ ညနေတိုင်း သကြားမုန့်ဖက်ထုပ်၊ သာကူမုန့်ဖက်ထုပ်ဆိုပြီး အော် ရောင်းတဲ့ သားအမိ အသံကြားနေကြ။ အမေလုပ်တဲ့သူက တစ်ခွန်းအော် ပြီးရင် သူ့သားလေးက ကလေးသံလေးနဲ့ တစ်ခွန်းအော် ရောင်း။ ကလေးက အလွန်ဆုံးရှိမှ ၅နှစ်၊ ၆နှစ်ပေါ့။ သူတို့အသံကြားတိုင်း တွေးစရာ ရတာချည်းပဲ။ ကလေးကို အိမ်မှာ ထားခဲ့ဖို့ အဆင်မပြေလို့ စျေးရောင်း ခေါ်လာရတာလား။ ခေါ်လာတော့လည်း ကလေး ပင်ပန်းပေမယ့် အမေနဲ့အတူတူဆိုတော့ သူ့အမေ စျေးရောင်း နောက်ဆံမတင်းဘူးလို့လည်း တွေးမိတယ်။ ပြီးတော့ နေဝင်မိုးချုပ် လမ်းတကာ စျေးရောင်းရတာ၊ အမျိုးသမီးတစ်ယောက်ထဲဆို ရိသဲ့သဲ့တစ်မျိုး ရဲရဲတင်းတင်းတစ်မျိုး နှောက်ယှက်ချင်တဲ့ ယောကျာ်းတွေ ရှိမှာပဲ၊ အင်နဲ့အားနဲ့ ကာကွယ်ပေးနိုင်တဲ့ အရွယ်မဟုတ်ပေမယ့် သားသမီးပါတော့ အမေလည်း စျေးရောင်းရတာ တစ်နည်းနည်းနဲ့ စိတ်လုံခြုံတာပေါ့။
Wednesday, September 23, 2020
Two years and some more...
I remember the times, I feel anxious and exhausted, grumbled that well, I cannot make it anymore. On the other hand, just because of working here, I happened to meet some nice people, explore new opportunities and learn from the unique experiences which all impacted the way I see work like (& personal life) a bit calmer and a bit more mature.
Thursday, June 11, 2020
ဖုံးကွယ်နေတဲ့ ခွဲခြားမှု (၂)
![]() |
© American Friends Service Committee
|
လွတ်လပ်၊ ငြိမ်းချမ်း၊ မျှတ၊ လုံခြုံပြီး တန်းတူရပိုင်ခွင့်ကိုတောင်းဆိုနိုင်တဲ့ (ဒီမိုကရက်တစ်) လူ့အဖွဲ့အစည်းကို လိုချင်တဲ့ လူ့အဖွဲ့အစည်းဟာ ဒီမိုကရေစီ လိုချင်ပါတယ်လို့ ထိုင်အော်နေရုံနဲ့ မရပါ။ မဲပေးလိုက်ရုံနဲ့ တာဝန်မကျေပါ။ အဲ့ဒီလူ့အဖွဲ့အစည်းရဲ့ နိုင်ငံသားတိုင်း လိုက်နာကျင့်သုံးရမယ့် ဒီမိုကရေစီတန်ဖိုးထားတွေရှိပါတယ်။ အဲ့တန်ဖိုးထားတွေထဲမှာ တစ်ဦးနဲ့တစ်ဦး လေးစားမှုနဲ့ နားလည်တန်ဖိုးထားနိုင်မှုလည်း ပါ ပါတယ်။
Saturday, June 6, 2020
ဖုံးကွယ်နေတဲ့ ခွဲခြားမှု (၁)
![]() |
| © American Friends Service Committee |
ကျနော့်အပေါင်းအသင်းတစ်ယောက်က ကျနော်ပြောတဲ့စကားတစ်ခွန်းအပေါ် လူမျိုးကြီးဝါဒ မကင်းဖူးလို့ မှတ်ချက်ပြုတုန်းက ကျနော် တုန်လှုပ်ခဲ့ဖူးပါတယ်။ သေချာစဉ်းစားကြည့်တော့လည်း ကျနော့်ရည်ရွယ်ရင်းဟာ လူမျိုးရေးခွဲခြားမှုကို ကျူးလွန်ဖို့ မရည်ရွယ်ပေမယ့် ကျနော့် အပြောအဆိုဟာ လူမျိုရေးခွဲခြားမှုကို ကျူးလွန်မိတဲ့ အပြောအဆို ဖြစ်နေတာကို သတိပြု၊ လက်ခံရပါတယ်။ ကျနော့်အထင် ကျနော့်တို့လူ့အဖွဲ့အစည်းမှာ အဲ့လိုစိတ် အနည်းနဲ့အများ ရှိနေကြပါတယ်။ တခါတလေမှာ ကျူးလွန်မိသူရော၊ အကျူးလွန်ခံရသူရော နှစ်ဖက်လုံး ဘာဖြစ်နေမှန်းမသိရလောက်အောင် ကျနော်တို့ဟာ ဒီကိစ္စမှာ အကဲဆတ်မှု နည်းတာ ဒါမှမဟုတ် လုံးဝကင်းမဲ့နေတာပါ။ ကျနော်တို့ အမှားချည်းလည်းမဟုတ်ပါ။ စကားပုံတွေနဲ့အတူ အခြားသော အလားတူ လူမှုပုံစံသွင်းခံရမှုတွေကြောင့်နဲ့ အာဏာရှင်ရဲ့ သွေးခွဲအုပ်ချုပ်မှု အကျိုးဆက်တွေ ဖြစ်ပါတယ်။
ကျနော်တို့ သား၊သမီး/ တူ၊ တူမတွေကို ဒီကိစ္စတွေ ပြန်ပြောတဲ့အခါ အဲ့တုန်းက ဘယ်လိုခံစားခဲ့ရတယ်လို့ ပြောတာထက် ဘယ်လို တုံ့ပြန်ခဲ့တယ်၊ ဘယ်လို ပြောင်းလဲဖို့ ကြိုးစားမှုမှာ ပါဝင်ခဲ့ရတယ်လို့ ပြောရတာ ပို အရသာရှိ၊ ဂုဏ်ယူစရာကောင်းမယ် ထင်ပါတယ်။ကျနော်တို့ တစ်ဦးနဲ့တစ်ဦး ပြောရင်းနားထောင်ရင်း သင်ယူရင်း နာကျင်ရပါလိမ့်မယ်။ ခရီးရှည်ကြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ခေတ်မှာ ကိုယ်ယူရမယ့် တာဝန်ကို ယူမလား။ နောင်မျိုးဆက်ရဲ့ အပြစ်တင်မှုကို ခံမလား။ ၂ခုပဲ ရှိပါတယ်။
Tuesday, March 31, 2020
ကပ်ဘေးနေ့ရက်များထဲက မွေးနေ့
Sunday, March 29, 2020
သမီးရဲ့ဖေဖေ
Saturday, March 21, 2020
ကျနော်နဲ့ အိမ်တွင်းလုပ်ငန်းခွင် (Working from Home @ WFH)
![]() |
Tuesday, December 31, 2019
A decade that ends...
Saturday, December 28, 2019
ကလော မီမို (Memo)
![]() |
| ကလောဆိုရင် ဒီမြင်ကွင်းကတော့ လူတိုင်း စိတ်မျက်စိနဲ့ မြင်ယောင်မိမှာပဲ။ နိုဝင်ဘာလောက်ဆို ယာကွင်းပြင်တွေက ပိုအရောင်စုံပြီး လှပါတယ်။ |
![]() |
| ဟော်တယ်နားက ထင်းရှူးပင်တွေ တန်းစီနေတဲ့ လမ်း |
အဲ... နဲနဲ စိတ်အနှောက်အယှက်ဖြစ်စရာလေးတွေတော့ ရှိခဲ့တယ်။ လည်ပတ်ဖို့လား ဓာတ်ပုံရိုက်ထွက်တာလား မသိရလောက်အောင် ဖုန်းတကာနဲ့ ဓာတ်ပုံရိုက်ဖို့ပဲ ဇောကပ်နေတဲ့ ခရီးသွားတွေရယ်၊ နိုင်ငံခြားသားမှ ဧည့်သည်လို့ထင်ပြီး ဝန်ဆောင်မှု လိုတာထက်ပိုပေးချင်ပြီး လိုကယ်ဧည့်သည်ကိုကျ ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင်မထင်ကြတဲ့ ဟော်တယ်ဝန်ထမ်းတစ်ချို့ကြောင့်ရယ် စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတယ်။
![]() |
| သိပ်လှတဲ့ ဟော်တယ်... မနက်စာလည်း စုံလင်... ဒါပေမယ့် သဘောမကျစရာလေးတွေလည်း ရှိခဲ့တယ် |
![]() |
| တောပန်းလေး |
ခုတော့ ဟောလီးဒေးထဲမှာပဲ ဖြစ်ပေမယ့် ကိုယ့်ကိုကိုယ် ကတိကဝတ်ထားထားတဲ့ အက်ဆေး လေးပုဒ်နဲ့ မပြီးမချင်းမှာ သောကတွေ များနေရတယ်။ တည်ဆောက်သမျှဟာ ဒီလောက်ပဲ စဉ်းစားနိုင်ရလား၊ မျှော်မြင်နိုင်ရလားလို့ စိတ်အလိုတွေ မကျ၊ ကိုယ့်ကိုကိုယ် ဒေါသတွေထွက်ပြီး မျက်စိရှေ့မြင်သမျှလည်း အဆိုးတွေပဲ မြင်နေမိတယ်။ လူဖြစ်ရခြင်းရဲ့ ဒုက္ခများလို့ ညည်းရမလိုပဲ။ ဘာပဲဖြစ်ဖြစ် စပြီးရင် အဆုံးသတ်ရမယ်မလား။ ဖိစီးမှုတစ်နင့်တစ်ပိုးကို သက်သာလို သက်သားငြား Memo ခေါင်းစဉ်တပ်ပြီး ရေးချင်တာတွေ ရေးလိုက်ပါတယ်။
![]() |
| အရမ်းအေးတဲ့ရာသီဥတုရယ်၊ ထင်းမီးဖိုရယ်၊ ခရစ်စမတ်မီးပန်းရယ်၊ Mulled Wine ရယ်... ဘာများထပ်လိုဦးမှာလဲ? |
Saturday, December 7, 2019
လျှောက်ဆဲလမ်းရဲ့ ၈နှစ်ပြည့်
![]() |
| Photo credit to Labour tech recruitment Ltd |
ဘဝက ခရီးပဲ။ လျှောက်ချင်ချင် မလျှောက်ချင်ချင် ဆုံးအောင်လျှောက်ရမယ့်အတူတူတော့ သိက္ခာရှိရှိလျှောက်နိုင်ရမယ်။ သမာအာဇီ၀ ကျရမယ်။ ရောက်ချင်ရာရောက် ဆင်ကန်းတောတိုးသလိုလည်း မဖြစ်ပြန်ဘူး။ အမျှော်အမြင်ရှိရအုံးမယ်။ ဒီ၈နှစ်မှာ ပိုက်ဆံချမ်းသာတဲ့သူမဖြစ်ပေမယ့် ဒါလေးတွေသိလာလို့ ကျနော့်ဘဝကို ကျေနပ်တယ်။ အရင်လို ရှက်တာတို့၊ သိမ်ငယ်တာတို့၊ ကိုယ်ယုံကြည်တာ ကိုယ်မပြောရဲတာတို့ သိပ်မရှိတော့ဘူး။
Thursday, December 21, 2017
မှတ်တမ်းထဲက မှတ်တမ်းရုပ်ရှင်
Tuesday, August 22, 2017
Real Man
To my beloved mother and my lovely two younger sisters, I wrote this for you with all my heart.
The Choices
Last month, I graduated with my master's degree. And I am still not entirely sure how to describe what that felt like. Joyful, yes. Bu...
-
Last month, I graduated with my master's degree. And I am still not entirely sure how to describe what that felt like. Joyful, yes. Bu...
-
This is the question I ask myself these days - why me and why us all the time? In November 2020, as COVID-19 restrictions eased just a litt...












