Thursday, December 21, 2017

မှတ်တမ်းထဲက မှတ်တမ်းရုပ်ရှင်

၂၀၁၇ ခုနှစ်မှာ အတွေ့အကြုံကောင်းတစ်ခုကတော့ မှတ်တမ်းရုပ်ရှင်တစ်ကားကို ထုတ်လုပ်သူနေရာကနေ စလယ်ဆုံး ကိုယ့်ခြေကိုယ့်လက် လုပ်ခွင့်ရတာပါပဲ။ မှတ်တမ်းရုပ်ရှင်တွေကို နှစ်ခြိုက်ပြီး ရုပ်ရှင်ပွဲတော်တွေမှာ ထိုင်ရာမထ ကြည့်ဖို့ဝါသနာပါသူတစ်ယောက်အနေနဲ့ ဒီအတွေ့အကြုံက တစ်သက်လုံး တန်ဖိုးထားအမှတ်ရနေမယ့် မှတ်တမ်းတစ်ခုလို့လည်း တွေးပြီး ကြည်နူးမိပါတယ်။ အလုပ်အတွက်တစ်ပိုင်းလို့ ရည်ရွယ်ပေမယ့် စိတ်တူကိုယ်တူ လုပ်ဖော်ကိုင်ဖက်နဲ့အတူ စိတ်ကြိုက် လုပ်ခွင့်ရတဲ့ အလုပ်တစ်ခုလည်း ဖြစ်ပါတယ်။ 

စစ်ဘေးရှောင်စခန်း (၃) ခုက ကချင်အမျိုးသမီး ၃ ဦးက စစ်ရှောင်အတွေ့အကြုံတွေနဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေကို မျှဝေထားတဲ့ ဒီမှတ်တမ်းရုပ်ရှင်ကို အမေ့လျော့ခံ ငြိမ်းချမ်းရေးအသံလို့ အမည်တပ်ဖြစ်ကြပါတယ်။ စစ်ရှောင်စခန်းတွေထဲက အမျိုးသမီးတွေရဲ့အသံ ဒီထပ်ပိုပြီး ကျယ်ကျယ်လောင်လောင် ဖွင့်ဟနိုင်ဖို့၊ အားလုံးနဲ့တန်းတူ တန်ဖိုးထားနိုင်ဖို့ ရည်ရွယ်ပါတယ်။ ပြီးတော့ ဘယ်အမျိုးသမီးတစ်ယောက်ရဲ့ အသံကိုမှ အမေ့လျော့မခံရဖို့ ဆန္ဒနဲ့ရောပေါ့။

ပုဂ္ဂိုလ်ရေးအရဆိုရင် ကချင်ပြည်နယ်က စစ်ရှောင်ရွှေ့ပြောင်းစခန်းတွေမှာ တွေ့ကြုံရတဲ့ မြင်ကွင်းတွေက ကျနော်နေတဲ့လူ့အဖွဲ့အစည်း ပိုကောင်းအောင် တစ်ထောင့်တစ်နေရာက ဆောင်ရွက်ရမယ်ဆိုတဲ့ စိတ်ကို ပို ခိုင်မာစေပါတယ်။ 

မဇင်ညွယ်၊ မဇော်မဆာနဲ့ မထုလွမ်တို့ပြောပြတဲ့ ဘဝအတွေ့အကြုံတွေကို အမြဲအမှတ်ရနေပါတယ်။ အမျိုးသားကြီးစိုးတဲ့လူ့အဖွဲ့အစည်းကို တွန်းလှန်ပြောင်းလဲရေးမှာ ပါဝင်ဖို့ ကတိပြုပါတယ်။ လောကဓံရိုက်ခတ်မှုကို ညည်းညူမိရင် အမတို့ရဲ့  ဘဝအပေါ်အကောင်းမြင်တတ်တဲ့စိတ်၊ ဇွဲနပဲကြီးတဲ့စိတ်တွေကို ပြန် သတိရအောင် ကြိုးစားပါမယ်။ ဘဝအတွေ့အကြုံတွေကို မျှဝေတဲ့ အမတို့ကို အမြဲ ကျေးဇူးတင်နေပါမယ်။

မှတ်တမ်းရုပ်ရှင်ကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ်။ 

https://www.agipp.org/

ဇာတ်လမ်းအကျဉ်းချုပ်

အမေ့လျော့ခံ ငြိမ်းချမ်းရေးအသံ မှတ်တမ်းရုပ်ရှင်ကို ကချင်ပြည်နယ် စစ်ဘေးရှောင်စခန်းများတွင် အခက်အခဲများစွာဖြင့် ရုန်းကန်နေရသော်လည်း ငြိမ်းချမ်းရေးမျှော်လင့်ချက်ကို မလျော့တမ်း ဆုပ်ကိုင်ထားသော အမျိုးသမီးများအကြောင်း ရိုက်ကူးထားခြင်း ဖြစ်သည်။ အမျိုးသားအများစုသာ ကြီးစိုးဆဲဖြစ်သော မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ၏ အသံကို ပိုမိုပါဝင်နိုင်ရန် သူတို့က စိတ်အားထက်သန်လျက်ရှိသည်။

"ကလေးနဲ့ အမျိုးသမီးတွေ ဘယ်လောက်ဒုက္ခရောက်နေတယ်ဆိုတာကို ကျွန်မတို့အမျိုးသမီးတွေ များများပါဝင်ပြီးမှ၊ များများတင်ပြနိုင်မှ ငြိမ်းချမ်းရေးက ရမယ့်နေရာမှာ ပိုလို့ များမှာပေါ့။" - ဇင်ညွယ် | ဂျာမိုင်ကောင်းစစ်ရှောင်စခန်း 

"စားဝတ်နေရေးနဲ့ ကလေးပညာရေးအတွက် စိတ်ပူနေရတယ်။" - ဇော်မဆာ | ခါးရှီးစစ်ရှောင်စခန်း

"ကျွန်မတို့မိခင်တွေအတွက် မျှော်လင့်ချက်က ကလေးပဲ။ စစ်ပြေးနေတဲ့အချိန်ပဲ ဖြစ်ဖြစ်၊ ရွာမှာနေတဲ့အချိန်ပဲဖြစ်ဖြစ် အဓိက က ကလေးတွေကို ပျိုးထောင်ရမယ်။" - ထုလွမ် | မိုင်းနားကေဘီစီ စစ်ရှောင်စခန်း

Directed by Lin Hnin Aye
Edited by Khin Warso
Produced by Kaung Latt with the support of AGIPP
Funded by Internews

The Choices

Last month, I graduated with my master's degree. And I am still not entirely sure how to describe what that felt like. Joyful, yes. Bu...