Saturday, December 28, 2019

ကလော မီမို (Memo)

ဒီဇင်ဘာလထဲမှာ ပိတ်ရက်တွေဆက်တော့ ကြို့ကြားကြို့ကြား ဖွင့်ရက် ၆ရက်ကို ခွင့်ယူလိုက်ပြီး အားလပ်ရက် ၂ပတ်ကျော်လောက် စံစားနေပါတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ ကလောမြို့ကို သွားလည်ခဲ့တယ်။
ကလောဆိုရင် ဒီမြင်ကွင်းကတော့ လူတိုင်း စိတ်မျက်စိနဲ့ မြင်ယောင်မိမှာပဲ။ နိုဝင်ဘာလောက်ဆို ယာကွင်းပြင်တွေက ပိုအရောင်စုံပြီး လှပါတယ်။ 
ကလောမှာ နေခဲ့တဲ့ သုံးရက်အတွင်း နေရာစုံအောင် လျှောက်သွားတာထက် ကိုယ်သွားချင်တဲ့နေရာပဲသွားပြီး အခန်းထဲ အိပ်ချင်တဲ့အချိန် အိပ်၊ ဟော်တယ်ခြံဝန်းထဲ စာဖတ်၊ အနီးအနားလမ်းလျှောက် နေ့စဉ်ဘဝက အပူတွေကို မတွေးမိအောင် နားခဲ့တယ်။

ဟော်တယ်နားက ထင်းရှူးပင်တွေ တန်းစီနေတဲ့ လမ်း
ကလောမြို့ထဲရော မြို့ပြင်ရောကတော့ မြင်သမျှက လှနေတာပါပဲ။ ဘယ်နေရာပဲကြည့်လိုက်ကြည့်လိုက် တောင်တွေ ပတ်လည်ဝိုင်းပြီး ထင်းရှူးပင်အစီအရီနဲ့ ဒီမြို့ခံတွေက သူတို့မြို့သူတို့ အရမ်းချစ်မှာပဲလို့ ပါးစပ်က တဖွဖွပြောမိတဲ့အထိပါပဲ။

အဲ... နဲနဲ စိတ်အနှောက်အယှက်ဖြစ်စရာလေးတွေတော့ ရှိခဲ့တယ်။ လည်ပတ်ဖို့လား ဓာတ်ပုံရိုက်ထွက်တာလား မသိရလောက်အောင် ဖုန်းတကာနဲ့ ဓာတ်ပုံရိုက်ဖို့ပဲ ဇောကပ်နေတဲ့ ခရီးသွားတွေရယ်၊ နိုင်ငံခြားသားမှ ဧည့်သည်လို့ထင်ပြီး ဝန်ဆောင်မှု လိုတာထက်ပိုပေးချင်ပြီး လိုကယ်ဧည့်သည်ကိုကျ ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင်မထင်ကြတဲ့ ဟော်တယ်ဝန်ထမ်းတစ်ချို့ကြောင့်ရယ် စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတယ်။
သိပ်လှတဲ့ ဟော်တယ်... မနက်စာလည်း စုံလင်... ဒါပေမယ့် သဘောမကျစရာလေးတွေလည်း ရှိခဲ့တယ်
အဲ့လို အပရိက ကိစ္စလေးတွေကလွဲလို့ နားရတဲ့ခရီးပါပဲ။ ဖုန်းကိုကြည့်မိတဲ့ screen time ကိုလည်း တနေ့ ၁နာရီလောက်ပဲ ရှိအောင် ၃ရက်လောက်တော့ လျှော့နိုင်ခဲ့တယ်။
တောပန်းလေး






ခုတော့ ဟောလီးဒေးထဲမှာပဲ ဖြစ်ပေမယ့် ကိုယ့်ကိုကိုယ် ကတိကဝတ်ထားထားတဲ့ အက်ဆေး လေးပုဒ်နဲ့ မပြီးမချင်းမှာ သောကတွေ များနေရတယ်။ တည်ဆောက်သမျှဟာ ဒီလောက်ပဲ စဉ်းစားနိုင်ရလား၊ မျှော်မြင်နိုင်ရလားလို့ စိတ်အလိုတွေ မကျ၊ ကိုယ့်ကိုကိုယ် ဒေါသတွေထွက်ပြီး မျက်စိရှေ့မြင်သမျှလည်း အဆိုးတွေပဲ မြင်နေမိတယ်။ လူဖြစ်ရခြင်းရဲ့ ဒုက္ခများလို့ ညည်းရမလိုပဲ။ ဘာပဲဖြစ်ဖြစ် စပြီးရင် အဆုံးသတ်ရမယ်မလား။ ဖိစီးမှုတစ်နင့်တစ်ပိုးကို သက်သာလို သက်သားငြား Memo ခေါင်းစဉ်တပ်ပြီး ရေးချင်တာတွေ ရေးလိုက်ပါတယ်။
အရမ်းအေးတဲ့ရာသီဥတုရယ်၊ ထင်းမီးဖိုရယ်၊ ခရစ်စမတ်မီးပန်းရယ်၊ Mulled Wine ရယ်... ဘာများထပ်လိုဦးမှာလဲ?

No comments:

Post a Comment

The Choices

Last month, I graduated with my master's degree. And I am still not entirely sure how to describe what that felt like. Joyful, yes. Bu...