Passionate reader, Coffee enthusiast, and Communicator. Stand up for democracy, humanity, and equality.
Sunday, January 22, 2023
Festivals are for unity, not for divisions
Tuesday, January 10, 2023
ယောနိသော မနသိကာရ
“ယောနိသော မနသိကာရ” ဆိုတဲ့ပါဠိစကားစုကို ဟိုတစ်ရက်ကမှ တစ်နေရာမှာ ဖြတ်ခနဲဖတ်မိလိုက်ပြီးကထဲက စိတ်ထဲ ဒါနဲ့ဆက်စပ်တာတွေပဲ တွေးမိနေလို့ မှတ်စုလေးတော့ ချရေးထားမှလို့ စိတ်ကူးပြီး တို့ထားလိုက်ပါတယ်။ မြန်မာလို နားလည်သလောက်ဆို “သင့်တင့်မှန်ကန်တဲ့ စိတ်နှလုံးကို ရှေ့ရှုနိုင်တဲ့စိတ်နေသဘောထား”လို့ ပြန်လို့ရမယ်ထင်တယ်။ အဲ့လိုစိတ်ထားက ငယ်ငယ်ကမှ တော်တော်လေးရှိခဲ့သေးတယ်။ နဲနဲသိတတ်တဲ့အရွယ်ရောက်ကထဲက မိဘတွေ လက်လှမ်းမမှီနိုင်တာတွေဆို မပူဆာတတ်ခဲ့ဘူး။ လုပ်ငန်းခွင်ရောက်စကလည်း ဒီလိုပဲ။ ရုပ်ပစ္စည်းတွေအပေါ်မှာဖြစ်စေ၊ ဂုဏ်ဒြပ်တွေအပေါ်မှာဖြစ်စေ မရလို့ မပူလောင်တတ်ခဲ့ဘူး။
ဒီနှစ်ပိုင်းတွေမှာ “ယောနိသော မနသိကာရ” ဆိုတာကို သိစိတ်ကရော၊ မသိစိတ်ကရော အတော်လေးကို ကုန်ခမ်းနေခဲ့တာကို ဒီစာလေးဖြတ်ခနဲ ပြန်ဖတ်မိပြီး ဆက်တွေးမိနေမှ ကိုယ့်ဘာသာ သတိထားမိတယ်။ မျှော်လင့်ထားသလို ဖြစ်မလာရင် ဒါမှမဟုတ် မမျှော်လင့်ထားတာတွေဖြစ်လာရင် ဒေါသတွေကြီး။ ငါ့မှ ဒီလိုဖြစ်ရသလား၊ မဖြစ်ရကောင်းလားလို့ စိတ်က လောင်မြိုက်လို့မဆုံး။ စိတ်တွေမကြည်လင်။ မတည်ငြိမ်။ စိတ်နှလုံးမချမ်းသာတော့ ဘာအတွက်ပဲဖြစ်ဖြစ် ရှေ့ဆက်နိုင်ဖို့ ခက်တယ်။
ကျနော် အမေနဲ့စကားပြောတိုင်း ပြောဖြစ်တာရှိတယ်။ ချမ်းသာဖို့ထက် ကိုယ့်ကိုကိုယ် အကောင်းဆုံး ရှာဖွေတွေ့ရှိနိုင်တဲ့သူပဲ ဖြစ်ချင်တယ်။ အဲ့ဒါ ကျနော်ရဲ့ အတ္တိမရည်မှန်းချက်ပဲ။ ကျနော့်ဘဝမဆုံးမချင်း အရာအားလုံးဟာ ပြောင်းလဲနေမှာ။ ဥပမာ ကျနော် ငယ်ငယ်က ပဲတို့၊ ခရမ်းချဥ်းသီးတို့ သိပ်မကြိုက်ပေမယ့် ခု အလွန်ကြိုက်တဲ့အစာတွေ ဖြစ်လာတယ်။ အလားတူပဲ ကျနော် ဘာတွေကို တန်ဖိုးထားလဲ။ ဘာတွေကတော့ ကျနော်ဘဝဆုံးတဲ့အထိ သယ်ဆောင်သွားချင်တဲ့အရာတွေလဲ။ အချိန်ရယ်၊ တွေ့ကြုံလာရတဲ့အဖြစ်အပျက်တွေရယ်အပေါ် မူတည်ပြီး ဒီတန်ဖိုးထားတွေဟာ ပိုနက်ရှိုင်းလာချင်လာမယ်၊ ပြောင်းလဲချင်လည်း ပြောင်းလာမယ်။ ဒီဖြစ်စဥ်တွေမှာ ကျနော့်ကိုကျနော် အကောင်းဆုံး သိနေနိုင်သူ ဖြစ်ချင်တယ်။ ဒီရည်မှန်းချက်အတွက် ယောနိသော မနသိကာရ ဆိုတာကို နှလုံးမသွင်းနိုင်ပဲ မဖြစ်နိုင်ဘူးလို့ တွေးရင်းမှ နားလည်လာပါတယ်။ မှန်ကန်သင့်တင့်တဲ့စိတ်သဘောထားမရှိနိုင်ပဲ ကိုယ့်ကိုကိုယ်ရှာဖွေတွေ့ရှိဖို့ မဖြစ်နိုင်ပါဘူး။
The Choices
Last month, I graduated with my master's degree. And I am still not entirely sure how to describe what that felt like. Joyful, yes. Bu...
-
This is the question I ask myself these days - why me and why us all the time? In November 2020, as COVID-19 restrictions eased just a litt...
-
ပြီးခဲ့တဲ့အပတ်က ချီကာဂိုမှာ ပြတိုက် ၂ခု အလည်သွားခဲ့တာမှာ စိတ်ထဲမှတ်မှတ်ရရရှိပြီး ဆက်စပ်ခံစားလို့ရခဲ့တဲ့ ပြခန်းတစ်ခုအကြောင်း အမှတ်တရ တို့ထားခ...
