Friday, December 20, 2024

မှတ်တမ်းရုပ်ရှင် "Hesed"

ဟိုတလောက လက်ချာခန်းမကျယ်ကြီးထဲမှာ ပိတ်ကားကြီးကြီးနဲ့ကြည့်ခဲ့ရတဲ့ ကျနော်တို့ရဲ့မှတ်တမ်းရုပ်ရှင် “Hesed” ကို YouTube ပေါ်တင်လိုက်ပါပြီ။ အချိန်လည်းရ၊ မှတ်တမ်းရုပ်ရှင်လည်း ကြည့်ရတာ ဝါသနာပါရင် အောက်ကလင့်ခ်ကတစ်ဆင့် အားပေးပါဦး။ 

ပုံမှန်အတိုင်းဆို ကျောင်းသားပရောဂျက်တွေကို အများကြည့်နိုင်တဲ့ ပလက်ဖောင်းတွေပေါ်မတင်ပေမယ့် ကျနော်တို့ရိုက်တဲ့ဇာတ်ကောင် ဟိုင်လီဘော့စ်က တောင်းဆိုတာကြောင့်ရော၊ ဆရာ ဘရိုင်ယန်ပလောင်းက ခွင့်ပြုတာကြောင့်ရော တင်ဖို့ လုပ်ဖြစ်ပါတယ်။ တင်မယ်ဆိုတော့ closing credit ထိုးတာတွေကအစ ဘာမှ မကျန်ခဲ့အောင်၊ ပိုပြီးသပ်သပ်ရပ်ရပ်ဖြစ်အောင် ခရီးထွက်မလာခင် နေ့တစ်ဝက်နီးပါး သူငယ်ချင်းနဲ့ စာကြည့်တိုက်က lab မှာ ပြန်ထိုင်ပြီး ပြင်ရပါတယ်။ 

ကျောင်းသားပရောဂျက်မလို့ ဘောင်ဝင်တန်းဝင်အဆင့်မြင့်မှတ်တမ်းရုပ်ရှင်လိုတော့ မသပ်ရပ်မသေချာပေမယ့် ကျနော်တို့ ၃ယောက်လုံး သေချာအားထည့်ပြီး တိုင်တိုင်ပင်ပင်လုပ်နိုင်ခဲ့ကြတဲ့ လက်ရာတစ်ခုမလို့ ရလာဒ်ကို ၃ယောက်သား ပျော်ကြရပါတယ်။ အမှတ်ထွက်တော့လည်း ဒီဘာသာမှာ ၃ယောက်လုံး အမှတ်ကောင်းကောင်းရပါတယ်။

၂၀၁၇ မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ မှတ်တမ်းရုပ်ရှင်ကားတိုတစ်ကားကို ထုတ်လုပ်သူနေရာကနေ ကြိုးစားလုပ်ခဲ့ဖူးပေမယ့် ခုလို အစအဆုံးလုပ်ဖူးတာတော့ ပထမဆုံးအတွေ့အကြုံပါ။ မတူတာကတော့ ၂၀၁၇ ဇာတ်လမ်းတိုမှာ ကိုယ့်သုံးမယ့်ဘတ်ဂျက် ကိုယ့်ဘာသာ အဆိုပြုလွှာရေး၊ ငွေရေးကြေးရေး စီမံခန့်ခွဲပြီး ကချင်ပြည်နယ်အထိ ကိုယ့်ခြေကိုယ့်လက် လုပ်နိုင်ပေမယ့် ခုကတော့ ဘိုင်ပြတ်တဲ့ကျောင်းသားတွေဖြစ်နေတာမလို့ တက်စီဖိုးတောင်ခြွေတာပြီး ကားရှိတဲ့မိတ်ဆွေတွေကို အကူအညီတောင်း လိုက်ပို့ပြန်ကြို လုပ်ခိုင်းရတဲ့ အမှတ်တရတွေလည်း များပါတယ်။

ကြည့်ပြီး အကောင်းအဆိုး အပြုသဘော ဝေဘင် (ဝေဖန်) ဖို့စိတ်ပါရင်လည်း မှတ်ချက်ရေးသွားပေးပါဦး။ သူငယ်ချင်း ၂ယောက်ကိုလည်း ဘာသာပြန်ပြလိုက်ပါမယ်။​


The Choices

Last month, I graduated with my master's degree. And I am still not entirely sure how to describe what that felt like. Joyful, yes. Bu...