Thursday, October 10, 2024

အိမ်နီးချင်းရယ်၊​ အိမ်ရယ်၊​ အတွေးတချို့ရယ်

ဘင်္ဂလားဒေရှ့်ကလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူက ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ သူ့နိုင်ငံက လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ မကြာခင်ကအောင်မြင်သွားတဲ့လူထုလှုပ်ရှားမှုအကြောင်းလာပြောတော့ လာတက်ကြတဲ့တစ်ခန်းလုံးကသူတွေက စာနာအံ့ဩစွာ စုတ်တသပ်သပ်နဲ့ပေါ့လေ။ ဒီထက်အများကြီးဆိုးတဲ့ခြေနေတွေ ကိုယ့်နိုင်ငံမှာဖြစ်နေတော့ သူပြတဲ့ဓာတ်ပုံနဲ့အကြောင်းအရာတွေကို ဘာ ခံစားချက်မှာမရှိ၊ မထူးဆန်းသလို တုန့်ပြန်မိတဲ့ ကိုယ့်ခံစားချက်ကိုလည်း ကိုယ့်ဘာသာ သတိထားမိတယ်။ 

ဌာနကပွဲစီစဉ်သူ ပါမောက္ခကလည်း ဒီနှစ်ဘွဲ့လွန်အစီအစဉ်မှာ မြန်မာကကျောင်းသားတစ်ယောက်လည်းရှိကြောင်း သူ့ကို ကြိုပြောပြထားကြောင်း ဆွေးနွေးပွဲပြီးလို့ သွား မိတ်ဆက်စကားပြောမှ သိရတယ်။ သူ့ကို ဘေးကပ်လျက်အိမ်နီးချင်းနိုင်ငံမှာ လူထုလှုပ်ရှားမှုအောင်မြင်သွားတာ ဝမ်းသာကြောင်းနဲ့ လက်ရှိ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟာမက်ယူနက်စ် ဦးဆောင်နေတဲ့ အိမ်စောင့်အစိုးရက ရွေးကောက်ပွဲကာလလွန်ရင် ပြီးခဲ့တဲ့ကာလတွေမှာ လူ့အခွင့်အရေးကျူးလွန်သူတွေကို အရေးယူတာဝန်ခံစေမယ့်ကိစ္စတွေကို တရားဝင်ထုတ်ပြောနေလား၊ ဘင်္ဂလားဒေရှ့်ပြည်တွင်းက လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ပုဂ္ဂလိကမီဒီယာတွေကရော ဒီကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောနေလား မေးဖြစ်ပါတယ်။ ၂၀၁၀ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းအလဲမှာ အာဏာရှင်တွေကျူးလွန်ခဲ့သမျှကို တာဝန်ခံစေဖို့ နိုင်ငံတကာအပါအဝင် အစုအဖွဲ့အသီးသီးက ပြောခွင့်ဆောင်ရွက်ခွင့်မရခဲ့၊ ပြုပြင်ပြောင်းလဲရေးကလည်း တစ်ဖက်သတ်ပဲ ဖြစ်ခဲ့တာကြောင့် ငြိမ်းချမ်းရေးလည်း ထင်သလို ခရီးမရောက်ပဲ နောက်ဆုံးတော့ အာဏာသိမ်းခံရတဲ့တွင်းနက်ထဲပဲ ပြန်ရောက်တယ် ယူဆကြောင်း ဥပမာပေး ဆွေးနွေးဖြစ်ပါတယ်။

သူကတော့ မြန်မာအရေးက ဘင်္ဂလားဒေ့ရှ်ထက် အဆများစွာ ရှုပ်ထွေးနက်နဲတာ သဘောတူသလို တရုတ်ရဲ့ဝင်ရောက်စွတ်ဖက်တဲ့အခန်းကဏ္ဍကိုလည်း အိန္ဒိယက ဘင်္ဂလားဒေရှ့်ကို အလုပ်မဖြစ်စေချင်လို့ ခြယ်လှယ်တဲ့အကြောင်း ဥပမာပေး​ထောက်ပြပါတယ်။

ဘင်္ဂလားဒေရှ့်ပြည်သူတွေထက် အဆများစွာ သတ္တိရှိရှိ ရင်ဆိုင်နေပေမယ့် အလှမ်းရှည်သွားနေရတဲ့ ကိုယ်တွေရဲ့ တော်လှန်ရေးခရီးအကြောင်း ယှဉ်ထိုးစဉ်းစားပြီး မချင့်မရဲ စိတ်မကောင်းမိတဲ့ ညနေပေါ့လေ။


Friday, September 27, 2024

Telling your story is important. Why? Here is my story and my opinion

To my grandmother, who always stood by my side, and to my mother, who loves me unconditionally, this write-up is dedicated to you both. 

Throughout my life, I've been a relatively quiet person. I analyzed myself to see why I became this way. The possible answer is that in my childhood, there was no one who believed in me or my dreams except from my grandmother (actually, I want to use the word 'dismiss,' but I think it is too strong to say). My father was too harsh on me without reason, and my mother could not give me and my siblings the care we needed as children because she was struggling financially and trying to hold the family together so as not to fall apart. Knowing that my family was in financial trouble with unstable incomes, my father constantly scolded and hit me all the time (again, I know the word ‘abused’ is more accurate but I still do not have a harsh gut to say this to him), and always being dependent on extended families for help, my teenage years were nightmares – hopeless, trapped, and pessimistic. To protect myself from being dismissed or blamed by someone or receiving pitying looks from neighbors, I became used to staying quiet, keeping my thoughts to myself, and building my defense fence until I felt safe to disclose what I really feel, think and what I really want. 

Growing up in this environment and experiencing this, I felt lonely and hesitant to speak my mind. I played it safe in life – using safe words and doing safe things because I had dealt with enough uncertainty. I barely trusted anyone because I always focused on protecting myself from the worst. This portrayal of myself stayed with me until I reached a point where I began to rediscover who I really was. In my 30s, working in more open workplaces and exploring a new culture and environment now, I realized that deep down, I wasn’t a quiet person. I enjoyed learning about other people’s lives, caring what people were going through, and sharing my own experiences – good and bad. However, I still somehow struggle with stepping out of my safe zone, taking initiative and voicing my opinions. 

Another part of my struggle was the feeling that sharing my teeny-tiny success or thoughts wasn’t worthwhile, and nobody wanted to know it or hear it or cheer on me. This may come from years of believing that if I shared what I thought or wanted to do, others would dismiss me or not believe in me. Now, I realize that I spent too many years focused on what others thought of me instead of focusing on my true self and my being of best. It feels like I was a prisoner of my own mind for so long.

There are two moments that lightened me and helped me change my perspective. The first came after the second wave of COVID. I went back to my hometown, worked remotely and set up a work desk at my uncle’s house with the facilities provided by the office. One day, my family hosted a small memorial for my grandparents by inviting monks for donations and neighbors to share food. A neighbor’s young kid, around seven or eight years old, saw my work desk and asked his mother what it was for. She explained that it was where I worked, and that I had a good job at an embassy in the capital city. The boy asked his mom to meet me. When his mother introduced us, he asked me what I did with the computer and what my job was. He told me he wanted to have a job like mine one day. I told him to study properly and stay focused and curious. Coming from a small town with just over 3,000 population, where kids from lower and middle-class families have limited exposure to what they could achieve, this moment really humbled me. That boy may have seen doctors, engineers, and teachers but never seen before someone who worked with a computer every day and spoke English at work. It was incredibly sobering and honored to realize that by building my own life, I could help inspire someone else to dream bigger, to dream different. 

The second moment, associated with that story, came from a colleague’s daughter, who had heard about me through her mother. In her essay applying for college, she wrote that my story helped her realize how one person’s life can inspire others and that motivated her to be that kind of person, too.

These two heartfelt experiences made me realize that trying to be who you are and discovering your authentic self can positively impact others, especially young people. These stories reaffirmed my belief that representation really matters. They helped me feel more liberated; I felt power in myself and no longer ashamed of my terrible childhood. I felt more willing to unlearn the trauma and relearn the healthier and happier way of life. I also felt a sense of responsibility to keep building my life because there may be some young people in my town who looked up to me – and it helps me hang in tight even when I face difficult circumstances. 

Over the past decade, as a Communicator professionally, I have told stories of others. Many of them live in IDP camps and rural areas or are marginalized groups like women, the elderly, and children whose dreams and abilities are often overlooked and not valued – their voices are barely heard, and I told their stories in many channels on their behalf –  for good – to lift each other up, to inspire and rely the resilience and energy on one another. I never saw myself as a story worth telling – never before. But now I do. For the first time in my life, I felt empowered by myself, and I felt worthy of myself.

This is my story. I am sharing it with you because I’m liberated from the past and ready for a way forward. I hope it helps you get through your day and gives you a little energy to keep believing in what you are doing. Keep the faith and keep going. 

Thursday, September 5, 2024

Cooking with memories

Every time I cook, I’m abounding with sweet memories of my grandma. Every summer, all of us— six cousins used to gather at our grandparents' home like being at a training camp. They taught us everything—from life skills like opening windows quietly so we wouldn't disturb the sleeping neighbors, to chopping onions and garlic and pounding them just right in the mortar, to simply being kind and respectful to one another, many many more. 

In the kitchen this evening, I can still hear her voice, imagine the old kitchen we used to have conversations, the yellow bucket she used to carry to the market. I feel those moments as if they’re happening all over again. It feels like she’s still out there somewhere and I’m just away from her—my grief for her is something I carry with me forever—it is often difficult, I confess but sometimes it’s also joyful to think of the good memories and to remember what a remarkable person she was. She had an extraordinary life, loved and looked out for herself, her family and everyone surroundings and in the community.

Also, cooking specifically “shrimp” today fleshed back a vivid memory of my childhood. Growing up in a lower-middle-class family, whenever we cooked meat especially shrimp, we would have to ration them carefully because they were not cheap. But even with those limits, there were always leftovers because we would put love first over everything. Having lived a life with financial instability is not a time I like to revisit, even in my memory but now, in my 30s, I realize that we never let that poverty and struggle drown our compassion, love, and care for each other. For that, I am grateful to my family especially my mom and my two younger peas.


Being nearly 8,000 miles away and figuring everything new out alone, I miss home every day, but today, I’m feeling it a bit extra. 💖💖❤️‍🩹




Friday, August 2, 2024

မောင်ကျောင်းသား ၃ - ကြင်နာတတ်တဲ့သူစိမ်းတွေ

ဒီစီကနေ လေယာဉ် ၁နာရီခွဲစီး၊ လာကြိုတဲ့ကားလေးနဲ့ နောက်ထပ် ကုန်းလမ်းခရီး ၂နာရီနီးပါးစီးပြီး ခရီးဆုံးဖြစ်တဲ့ ကျောင်းရှိရာတောမြို့လေးရောက်တော့ လူက အတော်နွမ်းနေပြီ။ နေ့လည်စာလည်း ဟုတ်တိပတ်တိမစားလိုက်ရပဲ လွတ်ထားတယ်လေ။ ဒါနဲ့ ခဏနားပြီး အနီးအနားက စားသောက်ဆိုင်မှာ ညစာသွားစားတော့ စားပွဲထိုးက ဒီအဖိုးကြီးအဖွားကြီးစုံတွဲဘေးကပ်လျက်စားပွဲမှာ နေရာချပေးပါတယ်။ စားနေရင်းကုန်ခါနီး အချိုပွဲဘာမှာအုံးမလဲ လာမေးလေတော့ ဘာမှာရမယ်မှန်းလည်းမသိတာနဲ့ (တကယ်က အချိုပွဲစားဖို့ ရည်ရွယ်ချက်လည်းမရှိလို့ Menu လာပေးကတည်းကလည်း မကြည့်ထားမိ။ မောင်ကျောင်းသားလေ။ ဘေးကစုံတွဲလို အဆာပြေ-အဓိကဟင်းပွဲကြီး-အချိုပွဲ အဆင့်ဆင့်စားဖို့ တတ်လည်းမတတ်နိုင်၊ မြန်မြန်ဗိုက်ဝတာစားပြီး လစ်မလို့ ကြံထားတာမို့) နင်အကြံပေးကြည့်၊ ဒီမှာအချိုပွဲဘာကောင်းလဲလို့ ကိုယ့်အမှုကို စားပွဲထိုးပြန်ပတ်လိုက်ပေမယ့် သူကလည်း တစ်မယ်ချင်းရှင်းပြပြီး ဘေးကစုံတွဲစားတဲ့ ပန်းသီးယိုအကြွပ်ကြော်နဲ့ရေခဲမုန့် ကတော့ လူကြိုက်အများဆုံးပဲဆိုပြီး ညွှန်းလေတော့ သဘောမနောဖြူသူ ဘေးကစုံတွဲကလည်း အရောက်ဝင်ပို့ရှာတယ်။ 

"ဟုတ်တယ်။ အရမ်းကောင်းတယ်။ နင်စားကြည့်လိုက်။ ကောင်းချက်က လူသတ်သမားလိုပဲတဲ့။" (သဘောကတော့ အရသာက ကောင်းလွန်းလို့ လူတောင်သေနိုင်တယ်ပေါ့)။ သူ့ဟာသ သဘောကျပြီး ဒါဆို ငါလည်း မြည်းကြည့်မှလို့ ဆိုပြီး တစ်ပွဲမှာချလိုက်တယ်ဆိုပါတော့ (ဒီလောက်ညွှန်းနေကြတော့ ရေလိုက်ငါးလိုက်လုပ်ရတဲ့သဘော၊ စိတ်ထဲကတော့ ခုတော့ မှာလိုက်မယ်၊ နက်ဖြန်တော့ Seven-Eleven က စျေးသက်သာတာစားပြီး စရိတ်ကာလိုက်ရင် ရတာပဲပေါ့)။
 


ဒါနဲ့ သူတို့နဲ့အပြန်အလှန်မိတ်ဆက်၊ အာလာပသလ္လာပပြောရင်း ကျောင်းလာတက်တဲ့ကျောင်းသား၊ ရောက်တာ ၁နာရီလောက်ပဲရှိမှန်းသိသွားလေတော့ မဆီမဆိုင် သူတို့မှာ အားတွေနာ၊ တောင်းပန်ရှာ။ ခုမှရောက်တဲ့သူမှန်းမသိပဲ ဒီမှာပဲအနေကြာနေတဲ့သူထင်လို့ စောစောကတည်းက စကားမပြောမိတာ ဆောရီးပါ၊ ငါတို့က မကြိုဆိုသလိုဖြစ်သွားတယ်တဲ့။ (တကယ်က သူတို့ချင်း ညစာစားရင်း ထွေလာ​လေးပါးပြော ရှိနေတဲ့အခိုက်အတန့်လေးပျော်နေပုံရလို့ ပြောသမျှလိုက်နားထောင်မိသလိုဖြစ်မှာစိုးတာနဲ့ နားကြပ်တပ်နေ နေတာ)။ အဘွားကြီးနဲ့စကားပြောနေတုန်း အဖိုးကြီးက လှစ်ခနဲပျောက်သွား။ ပြီးမှ ပြန်လာပြီး နင့်ညစာဖိုး ငါတို့ရှင်းလိုက်တယ်။ ကြိုဆိုတဲ့အထိမ်းအမှတ်ပေါ့တဲ့။ စာလည်းသင်၊ ပျော်စရာတွေလည်း လုပ်ပါ။ ငါတို့မြို့မှာ ပျော်ပါစေတဲ့။ နှုတ်ဆက်ပြီး အရင်ပြန်သွားတယ်။



ပန်းသီယိုအကြွပ်နဲ့ရေခဲမုန့်ကို တစ်ဇွန်းချင်းအရသာခံစားရင်း သူစိမ်းတွေရဲ့အကြင်နာတရားကို အံ့လည်းအံ့ဩ၊ ပီတိသောမနဿဖြစ်မဆုံးပေါ့။ Culture Shock လို့ဆိုရင် အများစုက အလေ့အကျင့်ကွဲလွဲတဲ့ယဉ်ကျေးမှုကို နဖူးတွေ့ဒူးတွေ့ကြုံရတာမျိုးမို့ ကောင်းတာတွေလည်းရှိသလို၊ မကောင်းတာတွေလည်း အများကြီးပါ။ ဒီလိုပံ့သကူမေတ္တာကို သူစိမ်းတွေဆီကနေ မထင်မှတ်တဲ့အချိန်ရလိုက်တဲ့ Culture Shock ကတော့ မောင်ကျောင်းသားအတွက် ဘယ်တော့မှ မမေ့နိုင်တော့မှာမဟုတ်။ ဆုံးသွားတဲ့ အဖိုးအဖွားလည်း အထူးတလည် သတိရသွားတဲ့ညနေခင်း။ (သူတို့ရှိစဉ်က မိသားစု၃ဦးပဲရှိတဲ့အိမ်မှာ နေ့တိုင်း ထမင်းဟင်းအပိုထည့် ချက်တာမျိုး။ ရည်ရွယ်ချက်ကတော့ ဆွမ်းဟင်းလောင်းရင်း၊ အိမ်ကိုလာတဲ့ ဧည့်သည်တွေလည်း စားလို့ရအောင်တဲ့။ ကျနော့်အဖိုးအဖွားက အနှိပ်သည်တောင် ထမင်းကျွေးပြီးမှ ပြန်လွှတ်တာ)။ 


ညစာကျွေး၊ ကြိုဆိုနှုတ်ဆက်သွားတဲ့ ပင်စင်စားစုံတွဲနာမည်ကတော့  ဘီးလ်(ဝီလီယံ)နဲ့စန္ဒီပါ။ Perfect strangers လို့တင်စားချင်ပါတယ်။ မောင်ကျောင်းသားရဲ့ပညာသင်ခရီးကို အမှတ်တရနဲ့အစပြုခွင့်ပေးလို့ ကျေးဇူးပါ ဘီးလ်နဲ့စန္ဒီ။ 



ဒီမျှသာ။ 


မောင်ဆိုင်မွန်

၂၀၂၄ ခုနှစ်ဩဂုတ်လ ၂ရက်

အေသင်၊ အိုဟိုင်းယိုးပြည်နယ် (ခေတ္တ)

Monday, July 29, 2024

မောင်ကျောင်းသား ၂ - အသစ်နဲ့အဟောင်း ဒွေးရောယှက်တင်

အကျွမ်းတစ်ဝင်မရှိဖူးတဲ့နေရာသစ်၊ စနစ်သစ်မှာ အရာအားလုံးက အကုန်အသစ်ပေမယ့် စိတ်ကတော့ ပူမနေတာ ကိုယ့်ဘာသာ သတိထားမိတော့ ငယ်ငယ်က အမေ့သူငယ်ချင်းဆရာမပေးတဲ့မှတ်ချက်ကို ပြန်သတိရမိတယ်။ 


အလယ်တန်းလောက်တုန်းက ခင်ညွှန့်ရဲ့ မာတီမီဒီယာအတန်းဂျင်း ကျွေးခံရတဲ့အချိန်ပေါ့ (အဲ့တုန်းကတော့ နယ်မြို့ဆိုတော့ ဒီလို အသစ်အဆန်းကို ထိတွေ့ခွင့်ရဖို့ အင်မတန်ရှားသေးတယ်၊ ဂျင်းမှန်းလည်း မသိတော့ အင်မတန် စိတ်ဝင်စားပြီး ကွန်ပျူတာကို ကိုင်ဖူးချင်တာ) တစ်ကျောင်းလုံးအတွက် IBL computer ကလည်း ၃ လုံးပဲရှိတယ်။ တစ်လုံးက သုံးမရ။ ၂ လုံးနဲ့ပဲ စာစီစာရိုက် လုပ်ရတာ။ ပြီး အဲ့ဒီ တစ်ခန်းပဲ အဲကွန်းရှိတယ်။ Window 98 version သုံးရတာလို့ မှတ်မိတယ်။ Monitor ကလည်း ခုလို flat မဟုတ်ပဲ အကြီးကြီး။ ပြီးရင် ဖန်မျက်နှာပြင်ကလည်း ကြည်လင်မနေပဲ မှိတ်တုပ်မှိတ်လုပ် လိုင်းတွေ ပြေးနေသေးတယ်။ ကွန်ပျူတာဆရာမက ဒါကို monitor လို့ခေါ်တယ်၊ mouse လို့ခေါ်တယ်၊ keyboard လို့ခေါ်တယ် ကနေ စ သင်ရတာ။ ပြီးမှ စာစီစာရိုက်၊ ပါဝါပွိုင့်ကို animation လေးတွေထည့်တာ ဘာညာပေါ့။ အဲ့လိုလေး သင်ရတာတောင် ကြိုက်လွန်းလို့ရူးခါနေတာပဲ။ အိပ်မက်တွေထဲတောင် ထည့် မက်တယ်။ ပြီးတော့ အတန်းထဲကျောင်းစာမသင်ချင်ဘူး၊ တချိန်လုံး ကွန်ပျူတာခန်းပဲ စိတ်ရောက်။ ဆရာမ ဘယ်အချိန် စာခေါ်ရိုက်ခိုင်းမလဲပဲ မျှော်နေတာ။ အဖေကတော့ ကျနော် ရူးတာသိလို့ တစ်ကျောင်းလုံးမှာ တစ်အုပ်ပဲရှိတဲ့ ဆရာမရဲ့ “အခြေခံကွန်ပျူတာလက်စွဲ” ဆိုတဲ့ စာအုပ်ကိုငှါးပြီး ဘေးကပ်လျက်မြို့မှာ မိတ္တူသွားစွဲပေးတ​ယ်။ အဲ့ဒါအတွက် အဖေ့ကို ကျေးဇူးတင်ပါတယ်။ အားနေ အဲ့စာအုပ်ကိုပဲ ဖင်တစ်ပြန်ခေါင်းတစ်ပြန် ဖတ်နေတာ အကုန်အလွတ်ရသလောက်ပဲ။


စကားပြန်ကောက်ရရင် အဲ့လို ကွန်ပျူတာကိုင်ဖို့ အရွေးခံရတဲ့ ၃-၄ ယောက်လောက်ပဲရှိတယ်။ အဲ့ဒါတွေလုပ်ရတာရူးလောက်အောင် ကြိုက်ပေမယ့်လည်း အင်မတန်ကို တက်ကြွ (ခုစကားနဲ့ဆို Hyper ဖြစ်) နေတာမျိုး မရှိနေခဲ့ဘူး။ အမေ့သူငယ်ချင်းဆရာမက အိမ်လာလည်တော့ “နင့်သားက အေးဆေးလွန်းနေတယ်။ သူများလို အရင်ဦးဆုံး လုပ်ချင်တယ် ဘာညာလည်း သိပ်မရှိဘူး။ သင်ခန်းစာအသစ်သင်လည်း အရင်ဆုံးပြန် စမ်းလုပ်ကြည့်ချင်တဲ့အထဲလည်း မပါဘူး။ နောက်ဆုံးမှ လုပ်ရလည်း သူအဆင်ပြေတယ်။” ဆိုပြီး မှတ်ချက်ပေးဖူးတယ်။ 


ခုလည်း နိုင်ငံသစ်ရောက်စမှာ ဘဏ်ကဒ်အသစ်လုပ်ရတာကစလို့ စျေးဝယ်တာအလယ် ကျောင်းက ဝင်္ကဘာလိုပွေလီရှုပ်ထွေးတဲ့ ဝက်ဘ်စာမျက်နှာတွေမှာ လိုအပ်တာတွေ ဖတ်ရ၊ ဖြည့်ရ၊ တင်ရတာတွေအဆုံးမှာ အရာရာအသစ်တွေဖြစ်နေပေမယ့်လည်း ဦးဆုံးစမ်းလုပ်ကြည့်တာ၊ အရင်ပြီးချင်တာမျိုး သိပ်မရှိဘူး။ အချိန်တန်လုပ်လို့ ပြီးရင် ပြီးတယ်ပဲ စိတ်က ရှိတာမျိုး။ နောက်မှလုပ်တော့လည်း ရှေ့လူတွေကြုံရတဲ့အမှားတွေရှောင်လို့ ရတယ်ပဲ စိတ်ထဲရှိတာ။ Personality ဆိုတာ ပြောင်းလဲနိုင်ပေမယ့် ငယ်ဘဝကနေ အသက်အရွယ်ကြီးသည်ထိ တချို့အရာတွေကလည်း connecting the dots (ဘဝရဲ့အစိတ်အပိုင်းလေးတွေအားလုံးက ဒွေးရောယှက်တင် ဆက်စပ်နေတာ) မျိုးခံစားမိလို့ပါ။


နာရီ ၂၀ နီးပါး အာရှကနေ ကမ္ဘာ့အနောက်မြောက်ဖက်ကို နောက်ကြောင်းပြန်ပတ်တဲ့ခရီးကြောင့်ရယ်၊ ကမ္ဘာ့စံတော်ချိန်တွေကို တစ်ခုပြီးတစ်ခုဖြတ်လာခဲ့တာရယ်နဲ့ နေ့ညတွေမှား၊ လေယာဉ်တောက် (Jet lag)၊ ခေါင်းတွေမူးနောက် နေသေးပေမယ့် အတွေးတွေတော့များနေနိုင်သေးတာပေါ့။ ဘာတီမောလ်ရဲ့ ညနေခင်းကို ခဏဖြတ်သန်းပြီး ဝါရှင်တန်ဒီစီကိုပြန်လာတဲ့ ရထားပေါ်မှာတွေးမိတဲ့အတွေး တွေပါ။ အသစ်အဆန်းတွေကို မြင်ရကြုံရတိုင်း မိသားစုကိုမျှဝေချင်တဲ့စိတ်နဲ့ အိမ်လွမ်းစိတ်ကတော့ ရှိနေသည့်တိုင် နောက် ၃-၄ရက်ကြာတဲ့အခါ သူငယ်ချင်းတွေနဲ့နှုတ်ဆက်ပြီး ကိုယ့်ကျောင်းရှိရာ ပြည်နယ် ကိုယ်သွားရမယ့်အချိန်ကြမှ လွမ်းရတာတွေ ပိုသည်းတော့မယ် ထင်ပါတယ်။


ဒီမျှသာ။ 


မောင်ဆိုင်မွန်

၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၉ ရက် 

ဝါရှင်တန်ဒီစီ (ခေတ္တ) 







Thursday, June 27, 2024

မောင်ကျောင်းသား (၁) - ရှေ့တစ်လှမ်းတိုး၊​ နောက်တစ်လှမ်းဆုတ်

မူလအစီစဥ်မဟုတ်တော့ပဲ နိုင်ငံပြင်ပကို စောထွက်ရမယ်လို့သိရတော့ မေလနှောင်းပိုင်း။ ဒီလိုနဲ့ တစ်ပတ်တိတိပဲ ရတဲ့အချိန်အတွင်း အလွမ်းသယ်ရတဲ့ကိစ္စကစလို့ သွားဆေးခန်းသွားရတဲ့ကိစ္စအဆုံး ပြီးပြတ်ရမယ့်ကိစ္စပေါင်းသောင်းခြောက်ထောင်ကို နယ်အိမ်နဲ့ရန်ကုန်အိမ် လွန်းထိုးကူးပြန်လုပ်ပြီး စိတ်တွေပြင်ဆင်ချိန်တောင်မရလိုက်ပဲ မထင်ရင်မထင်သလို ဒရမ်မာဖြစ်နိုင်တဲ့ ရန်ကုန်လေဆိပ်က လူဝင်မှုကြီးကြပ်ရေးကို ဘေးမသီရန်မခ ဖြတ်ပြီး လေယာဥ်ပေါ်ရောက်၊ စိတ်တွေလျှော့မျက်လုံးမှိတ်လိုက်မှ မျက်ရည်က စိမ့်လာ။ ဒီလိုနဲ့ ခရီးဆုံးဖြစ်တဲ့ ကမ္ဘာ့အနောက်ခြမ်းက ပညာသင်ရမယ့်ကောလိပ်မြို့လေးကိုမရောက်သေးခင် ထိုင်းနိုင်ငံမြောက်ပိုင်းကမြို့လေးကို ကိုယ့်အိမ်ကိုယ့်ယာလိုသဘောထားနေ နေတာ ဇွန်လဆန်းကတည်းက ဆိုပါတော့။​ 

ရောက်ပြီးသိပ်မကြာခင်ကတည်းက ရုံးဝန်ထမ်းဘဝကနေ မောင်ကျောင်းသားဘဝပြောင်းသွားတဲ့ အပြောင်းအလဲကို လက်မခံချင်သလိုလိုနဲ့ လက်ခံလိုက်ရတာပါပဲ။​ ပြန်စဥ်းစားကြည့်တော့ အချိန်ပြည့်ကျောင်းသားဘဝကနေ အချိန်ပြည့်လုပ်ငန်းခွင်ဘဝကိုရောက်လာတာ ၂၀၁၁ ကတည်းက၊ ဆိုတော့ ၁၃ နှစ်ကာလမှာ တစ်ကိုယ်တော် ထင်တိုင်းကြဲပြီး ကောင်းတဲ့ရလာဒ်တွေလည်း ကိုယ့်ဘာသာ စံ၊ မိုက်မဲတဲ့လုပ်ရပ်ရဲ့အပြစ်တွေလည်း ကိုယ်ဘာသာခံဆိုတဲ့ဘဝနဲ့ နေလာခဲ့တာ အင်မတန် အသားကျနေခဲ့ပြီလေ။ ခုတော့ ပညာသင်ဆုရ ဘွဲ့လွန်ကျောင်းသားတစ်ယောက်အနေနဲ့ လိုက်နာရမယ့် စည်ကမ်းတွေရယ်၊ စောင့်ထိန်းရမယ့် ဝတ္ထရားတွေရယ်၊​ ကျေဖို့ကြိုးစားရမယ့် ကျောင်းသားတာဝန်တွေရယ်က အတွေ့အကြုံသစ်တွေ တစ်နင့်တစ်ပိုးနဲ့ လွတ်လပ်ပြီး စိတ်လှုပ်ရှားစရာကောင်းသလို စိတ်ဖိစီးစရာတွေလည်း မရှားတာမလို့ လိုက်လျောညီထွေနေထိုင်ဖို့က လွယ်မလိုနဲ့ခက်သလိုလို၊ ခက်သလိုလိုနဲ့ လွယ်သလိုလိုပါ။ 

ဒီလိုနဲ့ မောင်ကျောင်းသားဘဝအစ တစ်လမပြည့်တပြည့်မှာ အတန်းတက်ရတာတွေရယ်၊​ အိမ်စာတွေလုပ်ရတာရယ်၊ သူငယ်ချင်းအသစ်တွေရယ်၊​ စိတ်ရောလူရောကျန်းမာဖို့နေရတာတွေကြား အသားမကျတစ်ကျတေ့ာ ဖြစ်စပြုလာပြီလို့ ဆိုရပါမယ်။ ကျနော့်အတွက်တော့ နေ့တစ်နေ့ကုန်လို့ အိပ်ရာပေါ် ကျောဆန့်တာနဲ့ ကောင်းတဲ့နေ့ရက်ဖြစ်စေ၊ စိတ်နှလုံးမကြည်မွေ့စရာနေ့ဖြစ်စေ သင်ယူစရာတွေရယ်၊​ အခွင့်အလမ်းတွေရယ်လို့ပဲ မြင်နိုင်အောင် ကြိုးစားပါတယ်၊ ဒါပေမယ့်လည်း အမြဲဒီလို အောင်အောင်မြင်မြင် ခံယူပြီး နေနိုင်တာတော့လည်း မဟုတ်ပါဘူး။ 

တဖြေးဖြေးအသားကျလာတဲ့နည်းတူ ဒီ (မောင်ကျောင်းသား) ဘဝသစ်ကို ဘယ်လိုဟန်ချက်ညီအောင် နေရမလဲဆိုတာ သဘောပေါက်စတော့ ပြုလာပါပြီ။ "ရှေ့တစ်လှမ်းတိုး၊ နောက်တစ်လှမ်းဆုတ်"ပေါ့။ ဖြစ်ချင်ဇောတွေနဲ့ အမြဲရှေ့ရောက်ဖို့အားထုတ်ကြတာ လူအများလက်ခံကျင့်သုံးတဲ့ လူ့သဘောပေမယ့် နောက်တစ်လှမ်းဆုတ်တာကလည်း ရပ်သွားတာ မဟုတ်ဘူးဆိုတာကို တကယ် တစ်လှမ်းဆုတ်ပြီး ရပ်ကြည့်လိုက်တဲ့အချိန်မှာ လက်ခံသဘောကျသွားတာမို့ ဒီလမ်းစဥ်နဲ့ နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ 

တကယ်က ဘယ်ဘဝ ၊​ဘယ်အနေအထားမှာပဲဖြစ်ဖြစ် ဟန်ချက်ညီဖို့ အရေးကြီးဆုံးလို့ ခံယူမိတာပါပဲ။​ ဝန်ထမ်းဖြစ်ဖြစ်၊ မိဘဖြစ်ဖြစ်၊ ကျောင်သားဖြစ်ဖြစ်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်ဖြစ်ဖြစ် ဟန်ချက်ညီအောင်  ကြိုးစားနိုင်ရင် ကိုယ်စိတ်နှစ်ပါး ကြည်မွေ့အောင်မြင်တာပါပဲ။ တစ်ခါ တန်းတူညီမျှရေး (Equality) အတွက် ကျင့်သုံးလာကြတဲ့   စုံလင်ကွဲပြားရေး (Diversity) တို့၊​ လူတိုင်းအကျုံးဝင်ပါဝင်ရေး (Inclusion) တို့ဆိုတဲ့ ကျင့်ထုံးတွေကလည်း ကြီးကြီးမားမားလုပ်နိုင်ရင် ပမာဏကြီးကြီးမားမားနဲ့ ကောင်းကျိုးများပေမယ့်လည်း နေ့စဥ်ဘဝမှာ “ရှေ့တစ်လှမ်းတိုး၊ နောက်တစ်လှမ်းဆုတ်” ဟန်ချက်ညီမယ့် အလေ့အကျင့်သာကျင့်သုံးနိုင်ရင် တန်းတူညီမျှရေးအတွက်လည်း ကောင်းကျိုးရှိပါတယ်။ 

တစ်ဦးတစ်ယောက်ကောင်းပဲ အောင်မြင်ဖို့ဦးစားပေးမဟုတ်တဲ့အခြေအနေတွေမှာ အစုအဖွဲ့တစ်ခုလုံး အောင်မြင်နိင်ဖို့ဆိုရင် ကိုယ်တစ်ယောက်တည်း ရှေ့တစ်လှမ်း လှမ်းတာ အကျိုးမများပါဘူး။ အများနဲ့ရှေ့တစ်လှမ်းတူတူလှမ်းခွင့်ရဖို့ စုပေါင်းအားထုတ်တာကပဲ အောင်မြင်အကျိုးများပါမယ်။ ခဏနောက်တစ်လှမ်းဆုတ်နေတာဟာ ရပ်ပြီး နောက်ကျကျန်ခဲ့တာမျိုးမဟုတ်ပဲ ခဏအနားယူကျန်ခဲ့ပြီး ရှေ့တစ်လှမ်းလှမ်းသွားတဲ့ ခြေလှမ်းတွေကို သင်ယူခွင့်ရတဲ့ အခွင့်အလမ်း ရှိပါတယ်။ ဒီလိုပဲ သက်လုံကောင်းလို့ ရှေ့တစ်လှမ်း လှမ်းသွားတဲ့လူက မောလို့ဖြစ်စေ၊ ခြေထောက်နာလို့ဖြစ်စေ၊ ရှေ့ကခြေလှမ်းတွေကို အမီလှမ်းဖို့မဖြစ်နိုင်တော့ ခဏ နောက်တစ်လှမ်းဆုတ်ကျန်ခဲ့သူတွေကို တစ်လှမ်းပြန်ဆုတ်ပြီး စောင့်ဖို့ လိုပါတယ်။ ဒါဆို ခြေလှမ်းတွေမတူကြပေမယ့် ပန်းတိုင်ကိုတန်းတူရောက်ဖို့အတွက်တော့ ခွန်အားရသွားသလို အားလုံးလည်း အခွင့်အရေး ရသွားမယ်လေ။ ဒါကပဲ "ရှေ့တစ်လှမ်းတိုး၊ နောက်တစ်လှမ်းဆုတ်" ရဲ့ အားသာချက်လို့ ထင်ပါတယ်။ ဒီသဘောကို ကိုယ့်ဘာသာ တွေးမိဆင်ခြင်မိချိန်မှာ မောင်ကျောင်းသားဘဝကို အသားကျဖို့အထောက်အကူပြုတာမို့ အင်မတန် ကျေနပ်စိတ်လည်း ဖြစ်မိပါတယ်။

ပြီးခဲ့တဲ့တစ်နှစ်နီးပါး ပညာသင်ဆုရွေးချယ်ခံရတယ်လို့ လျှပ်ချောစာလက်ခံရတဲ့အချိန်ကစပြီး ဒီမောင်ကျောင်းသားဘဝကို အမျိုးမျိုးပုံဖော်ပြီး စိတ်ကူးယဥ်ခဲ့ဖူးပါတယ်။ စာလိုက်နိုင်တဲ့မောင်ကျောင်းသားအဖြစ်တင်မဟုတ်ပဲ ကိုယ်စိတ်နှစ်ပါးကျန်းမာတဲ့မောင်ကျောင်းသားဖြစ်ဖို့ရော၊ တန်းတူရေးကို တတ်နိုင်သမျှကျင့်သုံးနိုင်တဲ့ မောင်ကျောင်းသားဖြစ်ဖို့ရော၊ ပိုပြီးပွင့်လင်းလွတ်လပ်တဲ့မောင်ကျောင်းသားဖြစ်ဖို့ရော ကြိုးစားရမယ်ဆိုတဲ့ စိတ်ခိုင်ကျည်းမှုကတော့ အုတ်မြစ်ချထားခဲ့ပြီး ဖြစ်ပါတယ်။

၂နှစ်တာခရီးဆိုတော့ မီတာ (၁၀၀) တာတိုအပြေးသမားလိုတော့ မဖြစ်နိုင်ဘူးပေါ့။ မာရသွန်အပြေးသမားတစ်ယောက်လို သက်လုံကောင်းဖို့နေ့ရက်တိုင်းမှာ “ရှေ့တစ်လှမ်းတိုး၊ နောက်တစ်လှမ်းဆုတ်”... လိုအပ်သလိုပေါ့။ 

ဒီမျှသာ။ 

မောင်ဆိုင်မွန်
၂၀၂၄ခုနှစ် ဇွန်လ ၂၇ ရက်

ပုံစာ - မောင်ကျောင်းသား စာနားမလည်လို့ နေ့လည်ခင်းလက်ဖက်ရည်နဲ့ ခွန်အားယူနေပုံ




Friday, April 5, 2024

မိုင်တိုင် ၃၂

အရင်နှစ်တွေက မွေးနေ့ဆို တခုခုတော့ အမှတ်တရ စာရေးတယ်။ အသက်ပိုကြီးလာရင် ငါ ဒီအရွယ်တုန်းက ဒီလိုတွေးခဲ့ပါလားလို့ သတိရအောင်လို့။ ခုနှစ်က မွေးနေ့မတိုင်ခင်ကတည်းက နေမကောင်းတာရယ်၊ ဗာဟီရကိစ္စတွေမျိုးစုံရယ်နဲ့ စိတ်မအားနေတာနဲ့ ဘာမှ မရေးချင်နေလို့ မရေးဖြစ်ပေမယ့် ကိုယ့်အကြောင်းကိုယ်တော့ သွားလာလုပ်ကိုင်ရင်း စဉ်းစားမိတာတွေအများကြီးရှိပါတယ်။

ကိုယ်ကျန်းမာရေးကတော့ အရင်ကလည်း သန်သန်မာမာထဲမပါပါဘူး။ ခုကတော့ ထစ်ခနဲဆို နေမကောင်း ဖြစ်နေတာပဲ။ စိတ်ကျန်းမာရေးကတော့ တက်လိုက်ကျလိုက် အင်မတန်များခဲ့တဲ့ နှစ်ပဲ။ ကျေနပ်အားရခဲ့တဲ့ကိစ္စတွေရှိပေမယ့် ကိုယ့်ကိုယ် ကိုယ် တော်တော်စိတ်ပျက်တဲ့ အခြေအနေတွေလည်း ရှိခဲ့ပါတယ်။ ဒီလို ကိုယ်တွေ့ရှုပ်ထွေးပွေလီမှုတွေထဲကမှ ဒီတစ်နှစ်အတွင်း သင်ခန်းစာယူနိုင်လာတာကတော့ တခြားသူတွေကို သိပ် judge မလုပ်ဖြစ်တော့တာပဲ။ လူတိုင်းလူတိုင်းမှာ တစ်ပါးသူ ၁၀၀ ရာခိုင်နှုန်း နားလည်ပေးနိုင်ဖို့ခက်တဲ့ စိတ်ပိုင်းဆိုင်ရာရှုပ်ထွေးမှုတွေရယ်၊ အများကိုပြောပြဖို့ခက်တဲ့ စိတ်ဒဏ်ရာတွေရယ် အများကြီးရှိတယ်ဆိုတာ နားလည်လာလေလေ သူတပါးကိစ္စကို အရင်လို ခပ်လွယ်လွယ် မှတ်ချက်တွေ ချပြီး စရွေးတိုက် ဆက်ဆံဖို့ ဝန်လေးလာလေလေပါပဲ။ ကျနော့်အတွက် နားလည်ရခက်တယ်၊ သက်တောင့်သက်သာမရှိဖူးလို့ခံစားရရင် အဲ့ဒီအခြေအနေတွေနဲ့ ခပ်ဝေးဝေးမှာပဲ တိတ်တိတ်ဆိတ်ဆိတ် နေလိုက်ပါတယ်။
လူတိုင်းနီးပါးဟာ အခြေအနေမျိုးစုံကနေရတဲ့ စိတ်ဒဏ်ရာတွေ၊ စိတ်မလုံခြုံမှုတွေ အများကြီး ရှိပါတယ်။ ကျနော်တော့ ငယ်ဘဝစိတ်ဒဏ်ရာတွေကို ငါ့မှဒီလိုတွေ့ကြုံရလေခြင်းလို့ အတွင်းသဌာန်မှာ ကိုယ့်ဘဝကိုယ် မကျေနပ်စိတ်၊ ဒေါသစိတ်တွေဖြစ်နေခဲ့ရတဲ့ နှစ်ကာလတွေကို ကျော်လွန်လာပြီး အရှိတရားကို လက်ခံလိုက်နိုင်တဲ့အခြေနေတော့ ရောက်လာလို့ ကိုယ်အတွက်ကိုယ် ဝမ်းသာမိပါတယ်။ ကိုယ့်ထရော်မာတွေကနေ ကိုယ်ရုန်းမထွက်နိုင်လို့ လူအများနဲ့လောကရဲ့ကောင်းတဲ့အစိတ်အပိုင်းကို မမြင်နိုင်၊ မတွေ့နိုင်၊ မုဒိတာတရားမပွါးနိုင်တဲ့လူအဖြစ်နဲ့ ဘဝကို မကုန်ဆုံးချင်ပါဘူး။ ကိုယ့်စိတ်ဒဏ်ရာတွေကို တတ်နိုင်သလောက် ဖော်ထုတ်နိုင် သိနိုင် ကုစားနိုင်ဖို့ ကြိုးစားနေသလို ရှေ့လျှောက် ဒီထက်ပိုဆင်ခြင်တုံတရားပြည့်ဝတဲ့လူ၊ လောကအကျိုး မဆောင်ရွက်နိုင်ရင်တောင် လူ့အဖွဲ့အစည်းအတွက် အန္တရာယ်မရှိတဲ့လူဖြစ်အောင်၊ (ကိုယ့်စိတ်ဒဏ်ရာတွေ ကိုယ့်ဘာသာ မကုစားနိုင်လို့ ကိုယ်နဲ့ဆက်နွယ်တဲ့မိသားစု၊ အပေါင်းအသင်းတွေကို စိတ်ဒုက္ခပေး နာကျင်အောင်လုပ်တဲ့) လူ့အမှိုက်/လူဖြစ်ရှုံးတဲ့သူ မဖြစ်အောင် ကြိုးစားနေပါမယ်။ ကိုယ်မှားရင် တောင်းပန်တတ်တဲ့လူ အမြဲဖြစ်ဖို့ရော၊ ကိုယ့်အပေါ်ကျူးလွန်တဲ့အမှားတွေကို ခွင့်လွှတ်ပေးနိုင်ပြီး ကိုယ့်ငြိမ်းချမ်းရေးကိုယ် ရှေ့ရှုနိုင်တဲ့လူဖြစ်အောင်လည်း ကြိုးစားနေပါတယ်။
မွေးနေ့ဆုတောင်းပေးကြတဲ့မိတ်ဆွေတွေကို ကျေးဇူးတင်ပါတယ်။ မတွေ့ဖြစ်ကြရင်တောင် နေကောင်းရဲ့လား၊ အဆင်ပြေရဲ့လား မေးကြမြန်းကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။

Thursday, March 7, 2024

🌸 🌸 🌸 Happy International Women's Day! 🌸 🌸 🌸

Women contribute everywhere, literally everywhere - at home, schools, hospitals, garment factories, all kinds of businesses small to giant, or in any political resistance towards change, and many more. However, their efforts are often overlooked, and they never get the recognition they deserve.

Recognizing the long-overdue gap in equality that our generation must bridge, let's collectively acknowledge and appreciate the incredible women who are making a difference. Today, we thank you for all that you do! #IWD2024


Wednesday, February 28, 2024

A decade without you, Grandma

Today marks 10 years since my maternal grandma passed away.
She was a teacher at school, a decision-maker at home, and a mediator for many family dramas in relatives. She was an organizer who led educating nutrition awareness for children in our community. She was the one who always got ready to help anyone who needed bits of help. She was an eternal believer in Buhhda’s teachings and practiced it every day, spreading kindness and love in all the way she could. She was never silent and stayed at the sideline for unfairness even if it wasn’t her business. And she found joy in making herself beautiful, inside and out. And the list can go on and on.
Perhaps I am a bit biased in saying all of those. But it all truly reflected who she was, and she didn’t fail to pass all those values to us. I wish she could have been with us longer. I wish she could have seen me living with the values she instilled in me. I wish she could have seen me becoming a grown-up, responsible man from a stubborn little boy who once was unhappy with his life and struggled to escape.
Every single day, I feel your presence in the choices I make—whether they're tough or simple, just like you would have made them yourself. You lived your life with grace and grit for yourself and for others. I take it as your legacy, and it continues to light my way. I hope I am making you proud. I miss you every day.



Thursday, February 1, 2024

It has been three years since the military coup in Myanmar

Let’s hold on a little longer; the spring of hope is right around the corner. Together, we’ll persevere and see this through.



Saturday, October 14, 2023

ရောင့်ရဲနိုင်တဲ့ ဘဝ

 တကယ်က “ရောင့်ရဲနိုင်တဲ့ဘဝ” လို့သာ ခြုံငုံမိအောင် လိုတိုရှင်း ခေါင်းစဉ်တပ်လိုက်ပေမယ့် ပြောလိုရင်းက ခုတလော လုပ်ရင်းကိုင်ရင်း ဟိုတစ်စဒီတစ်စ တွေးဖြစ်နေတာလေးတွေရယ်၊ ပြီးခဲ့တဲ့တစ်ပတ်က အမေနဲ့တူတူရှိတုန်း ပြောဖြစ်တာတွေထဲ တစ်ချို့ကို ချရေးထားတဲ့သဘောပါပဲ။

ရောင့်ရဲနိုင်တာကို စေ့စေ့ငုငုမတွေးမိခင် တကယ်က ဒီကာလတွေမှာ ပျော်ရွှင်မှုဆိုတာ ဘာလဲဆိုတာ အရင်တွေးမိနေတာပါ။ ဘယ်က စသလဲဆိုရင် ပညာသင်ဆုအတွက် နောက်ဆုံးလူတွေ့မေးတဲ့ကဏ္ဍမှာမေးတဲ့ မေးခွန်း ၆ခုလောက်မှာ တစ်ခုက “ပျော်ရွှင်မှုဆိုတာကို နင် ဘယ်လို နားလည်သလဲ။ နင့်အတွက် ဘယ်လိုအရာတွေက ပျော်ရွှင်စေသလဲ။” ဆိုပြီး မေးခံရပါတယ်။ အမှန်အတိုင်းပြောရရင် တက်ချင်တဲ့ဘာသာနဲ့အလုပ်အတွေ့အကြုံတွေအကြောင်း အချက်အလက်၊ ဥပမာတွေနဲ့ အချိန်တိုတိုတွင်းမှာ ကျေကျေလည်လည်ဖြေနိုင်ဖို့ ပြင်ဆင်ထားပေမယ့် ဒီလို personality မေးခွန်မျိုးကို မပြင်ဆင်ထားခဲ့မိပါဘူး။ ကျနော်အတွက် “ပျော်ရွှင်မှုက အသက်အရွယ်အလိုက်တော့ပြောင်းလဲနေတယ်။ ၂၀-၂၅ လောက်တုန်းကတော့ အလုပ်ကောင်းကောင်းရချင်တယ်၊ ထိုက်သင့်တဲ့ဝင်ငွေရှိချင်တယ်။ နိစ္စဒူဝ အခြေခံလိုအပ်ချက်တွေကို ပြည့်ဝချင်တယ်။ အဲ့အရွယ်တုန်းက ကျနော့်ပျော်ရွှင်မှုက လက်တွေ့ဘဝအတွက် ပိုများတယ်။ ဒါပေမယ့် အသက်လေး ၃၀ ကျော်လာတော့ ဘဝက တကယ်ရှုပ်ထွေးတာပဲလို့ တွေးမိလာတယ်။ ဥပမာပြောရရင် ငါ ငယ်ငယ်က သိပ်ကြိုက်တဲ့ဟင်းတွေ ခုကျ ကြိုက်ချင်မှ ကြိုက်တော့တယ်။ အရင်က မကြိုက်တာတွေလည်း ခုဆို ကြိုက်လာတယ်။ အဲ့တော့ တွေးမိလာတာက ဘဝက တကယ်တော့ ပြောင်းလဲနေတာကြီး။ အဲ့ပြောင်းလဲနေတဲ့ဖြစ်စဉ်ကြီးကို တတ်နိုင်သမျှ သိချင်တယ်။ ကျနော်တန်ဖိုးထားတာတွေက ဘာလဲ။ ဘာတွေကိုတော့ ဘဝမှာ ဘယ်သူနဲ့မှ ဘာနဲ့မှ အလဲအထပ်မလုပ်ဖူးလို့ ဆုံးဖြတ်ထားလဲ။ အဲ့ဒါတွေကို နေ့စဉ် သိခွင့်ရဖို့ ကြိုးစားခွင့်ရှိနေတာ ငါ့အတွက် လောလောဆယ် ပျော်ရွှင်မှုထင်တယ်။” လို့ လက်တလော ခေါင်းထဲပေါ်သမျှ ဖြေခဲ့ပါတယ်။
အင်တာဗျူးက ပြီးသွားပေမယ့် မပြီးတာက ကျနော်ပါ။ အဲ့မေးခွန်းအကြောင်း ခေါင်းထဲ အချိန်တိုင်းနီးပါး ရှိနေပြီး တွေးဖြစ်နေပါတယ်။ ခု ကျနော် ပျော်ရဲ့လား။ တခါတလေ ပျော်လိုက်တာဆိုတာနဲ့ ကျေနပ်သဘောကျတာကလည်း နံရံတစ်ချပ်လို ပါးပါးလေး မဟုတ်လား။ ဘဝမှာ သူများကိုမေးရတဲ့မေးခွန်းထက် ကိုယ့်ကိုကိုယ်မေးရတဲ့မေးခွန်းတွေက အခက်ဆုံးဆိုတာ ပိုလည်း သိလာတဲ့ ကာလတွေဆိုလည်း ဟုတ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က အမေလာတော့ စကားတွေအများကြီးပြောဖြစ်ရင်း ကျနော်လောလောဆယ် ဖတ်ဖြစ်တဲ့စာအုပ်အကြောင်းရောက်သွားပါတယ်။ အိုပရာဝင်းဖရီးနဲ့ နာမည်ကျော် ဟားဗတ်တက္ကသိုလ်မှာ “ပျော်ရွှင်မှု” ဘာသာရပ်ကိုသင်တဲ့ ပါမောက္ခ အာသာဘရွတ်စ် တူတူရေးတဲ့ “Build the Life You Want: The Art and Science of Getting Happier” ဆိုတဲ့ စာအုပ်ပါ။ ဒီစာအုပ်က ပိုပြီးပျော်ရွှင်စရာကောင်းတဲ့ဘဝကို ဘယ်လိုရနိုင်မလဲဆိုတာ ဟားဗတ်ကဆရာက သူ သုသေတနလုပ်ထားတာတွေကို အခြေခံပြီးရယ်၊ အိုပရာက သူရဲ့ နှစ်ပေါင်း ၂၅နှစ်ကြာ လူမျိုးစုံကို အင်တာဗျူးလုပ်ခဲ့တဲ့အတွေ့အကြုံတွေကနေရတဲ့ သူ့ရဲ့အတွေးအမြင်တွေကို စုစည်းရေးထားတာပါ။ ကျနော် အကုန်ဖတ်မပြီးသေးပေမယ့် ဖတ်ပြီးသလောက်မှာ နားလည်သလောက် မျှရရင် စာရေးသူနှစ်ယောက်ရဲ့အဆိုအရ “ပျော်ရွှင်မှုဆိုတာ ဘဝရဲ့ ပန်းတိုင် (Goal) မဖြစ်သင့်ဘူး၊ ဦးတည်ချက် (Direction) ပဲ ဖြစ်သင့်ပါတယ်တဲ့။ ဘာလို့လဲဆိုရင် လူသားတွေရဲ့ ဘဝဆိုတာ ပျော်ရွှင်စရာတွေချည်းပဲ ရှိမှာမဟုတ်ပဲ အခက်အခဲတွေက မလွှဲမသွေ ရှိမှာပဲ။ ဒါတွေကို ဘယ်လို ရုန်းကန်မယ်၊ ကျော်လွှားမယ်၊ ကြံ့ကြံ့ခံ ဖြတ်သန်းမယ်ဆိုတဲ့ ဦးတည်ချက်ရှိတဲ့ စေ့ဆော်မှုကသာ ဘဝကို ပျော်ရွှင်စေနိုင်ပါသတဲ့။” နောက် ပျော်ရွှင်မှုဆိုတာ သူတို့အဆိုအရ “ဖန်တီးယူလို့ ရပါတယ်တဲ့။ စိတ်ပျက်စရာ၊ ပျော်စရာ ဘယ်လိုကိစ္စမဆို အဲ့လိုအဖြစ်အပျက်တွေနဲ့ ကာယကံရှင်လူသားတွေကြားမှာ လေဟာနယ် (Space) လေး ရှိပါတယ်တဲ့။ အဲ့ ကြားကွက်လပ်လေးက အင်မတန်ကိုလွတ်လပ်တယ်၊ သူတို့ကတော့ free space လို့ ရေးပါတယ်။ အဲ့ Space လေးကိုသာ ကျနော်တို့လူသားတွေက ကောင်းကောင်းသတိပြု၊ အသုံးချတတ်ရင် ပျော်စရာဖြစ်ဖြစ်၊ ဒေါသဖြစ်စရာဖြစ်ဖြစ် ဘယ်အရာမဆို ကိုယ်တိုင်က ဘယ်လိုတုန့်ပြန်မလဲဆိုတာကို ရွေးချယ်နိုင်ပါတယ်တဲ့။ အဲ့လို ခံစားချက်တွေက ကိုယ့်ကို စိုးမိုးနေတာမဟုတ်ပဲ ခံစားချက်တွေကို ကိုယ်က ပဲ့ကိုင်နိုင်တဲ့အခြေအနေက ကျနော်တို့လူသားတွေက လုပ်ယူလို့ရတယ်။ အဲ့အလေ့အကျင့်ကို မွေးမြူနိုင်ရင် ဘဝမှာ ပိုပြီး နေပျော်တဲ့သူဖြစ်ဖို့ အထောက်အကူ ဖြစ်တယ်လို့ ဆိုပါတယ်။
ကျနော့်အနေနဲ့တော့ mindfulness ကို ပို အလေ့အကျင့်လုပ်ခိုင်းတယ်လို့နားလည်ပါတယ်။ ကိုယ့်စိတ်ကို တတ်နိုင်သမျှ အချိန်တိုင်းမှာ သိအောင်ကြိုးစားပါလို့ တိုက်တွန်းချင်တဲ့သဘောပေါ့။ ဒီစာအုပ်မိတ်ဆက်ပွဲအနေနဲ့ စာရေးသူ၂ယောက်က အင်တာဗျူးတွေလည်းပေးကြပါတယ်။ အင်တာဗျူးတခုမှာ အိုပရာ ကို မေးတဲ့သူက “ရှင်က ပိုပြီးပျော်ရွှင်နေသာတဲ့ဘဝ ဘယ်လို တည်ဆောက်ယူနိုင်လဲဆိုတာ စာအုပ်ရေးတော့ ရှင်ကိုယ်တိုင်ရော ခု ပျော်ရွှင်တဲ့ဘဝ ရှိသလားတဲ့။

အိုပရာ (Oprah) ဖြေတဲ့အဖြေက ကျနော့်ကို တော်တော်လေး ဥာဏ်ပွင့်လင်းစေတာပါပဲ။ သူဖြေတာက
ကျမ ခုဆို အချိန်တော်တော်များများ ပျော်ရွှင်ပါတယ်။ တကယ်က ကျမ ပျော်ရွှင်တဲ့ဘဝလို့ပြောတာထက် ရောင့်ရဲကျေနပ်နိုင်တဲ့ (content) ဘဝ ရှိတယ်လို့ ပြောလို့ရပါတယ်။ နောက် ကျမကိုယ်ကျမ ဒီလိုအခြေအနေကိုလည်း သိပ်ကျေနပ်တယ်။ ဘာလို့လဲဆို ပိုက်ဆံချမ်းသာတဲ့လူတိုင်းလည်း ရောင့်ရဲနိုင်တဲ့စိတ်ရှိကြတာ မဟုတ်ဘူးတဲ့။”
အိုပရာက သူ့အင်တာဗျူးအစီအစဉ် ၂၅နှစ်ဆက်တိုက် လူကြည့်အများဆုံးအစီအစဉ်အနေနဲ့ အအောင်မြင်ဆုံးအချိန်မှာ ရပ်လိုက်တာပါ။ ဘာလို့လဲဆို သူ တော်သင့်ပြီ ထင်လို့တဲ့။ အောင်မြင်တဲ့နောက်မှာ ဝင်ငွေတွေပါတိုးလိုက်လာတဲ့အချိန် လောဘကို ရပ်နိုင်ဖို့ဆိုတာ တော်ရုံရောင့်ရဲနိုင်တဲ့စိတ်တော့ မဟုတ်ဘူးလို့ ကျနော်ထင်တယ်လေ။
စာအုပ်မပြီးသေးပေမယ့် အဲ့ဒီနားလေးမှာ သဘောပေါက် ဘဝင်ကျပြီး ခုထိ ရှေ့မဆက်နိုင်သေးပါဘူး။ ပျော်ရွှင်တဲ့ဘဝထက် ရောင့်ရဲကျေနပ်နိုင်တဲ့ဘဝရဖို့ပဲ ကြိုးစားချင်တော့တယ်လို့ အမေနဲ့ပြောဖြစ်ပါတယ်။
တကယ်က အဲ့ဒါနဲ့ဆက်စပ်ပြီး အမေနဲ့ ဆက်ပြောဖြစ်တာတွေလည်း အများကြီးပါပဲ။ A life with full of contentment ရဖို့ဆိုတာ သိပ်မလွယ်တဲ့အကြောင်းပါ။ ကျနော်တွေးမိသလောက်တော့ ချမ်းသာစရာမလိုပေမယ့် နေ့စဉ်ဘဝအတွက် မပူပင်ရတဲ့ငွေကြေးပမာဏတစ်ခု ရှိဖို့လိုပါတယ်။ ကျန်းမာရေးကောင်းဖို့လည်း လိုမယ်။ ဘဝမှာ ကိုယ့်ဘာသာလုပ်ခဲ့တဲ့အမှားတွေအတွက်ရော၊ သူတပါးက ကိုယ့်အပေါ်ကျူးလွန်ခဲ့တဲ့အမှားတွေကိုရော ကိုယ့်ဘာသာလက်ခံခွင့်လွှတ်နိုင်ဖို့လည်း လိုမယ်ထင်ပါတယ်။ နောက် ကျေးဇူးတင်အသိအမှတ်ပြုတတ်တဲ့စိတ် ထားတတ်ဖို့လည်း လိုမယ် - နေ့စဉ် အသက်ရှင်ခွင့်ရနေတာကစလို့ ကိုယ်နဲ့သူတပါး ၂ဖက်လုံးမှာ ကိုယ်အားနှုတ်အားနဲ့ ကူညီထောက်ကူကြတာတွေအဆုံးပေါ့။
ရောင့်ရဲနိုင်တဲ့ဘဝရဖို့ သိပ်တော့မလွယ်လှပေမယ့် ကြိုးစားမယ်ဆို ဖြစ်နိုင်မယ်ထင်ပါတယ်။ အဲ့စာအုပ်အပြီးထိဖတ်ပြီးမှ ကျနော့် စာအုပ် album မှာ မျှပါဦးမယ်။


Thursday, August 31, 2023

I have some good news!

I am thrilled to have been selected as a Lincoln scholar. This has been a dream that I dreamed of for so long, yet this is only the very beginning of my journey. I'm sharing this piece of news here, hoping to be a bit source of motivation for those who have the same dream but may be hesitant for some reasons or demotivated after many times of not succeeding, like I was, to kickstart or retry your applications.

Many thanks to everyone who pushed me, cheered me, supported me and believed in me to get this through successfully after countless failures.
Repeating here the truth: People win scholarships not because they are geniuses but because they applied. Take a look at a few scholarships that are currently open or will soon become available.
Despite the tremendously challenging time we have been going through, your dreams are worth pursuing. Keep pushing, and let me know if I can help in any way.

Sunday, January 22, 2023

Festivals are for unity, not for divisions

Festivals are meant to unite people because they have power to bring people together. In fact, I believe that festivals are good events to learn each other, different cultures and traditions - people to people - with fun mood because none of the festivals is based on haterd and discrimination. So, I do not believe we do need to be Chinese to celebrate Chinese new year or similarly we do not need to be Christian to enjoy Christmas. 

I’m sick of people making jokes on social media by using many memes saying “the non-Chinese are enjoying Chinese New Year much more than Chinese People.” I have seen the same such sentiment during the Christmas time, claiming “non-Christian are enjoying Christmas than the Christian.” To enjoy water festival in celebration of Myanmar New Year, does anyone make case that who you are and what religion you follow? That simple.

Superficially, it seems like jokes and fun but it all very much is based on racial identifications. To me, festivals are intercultural; celebrating them is a choice. You can celebrate and learn whatever festival is if you want to regardless of race and religion. I’m a half Chinese, but I do not celebrate this year even last year because I am not in the mood to enjoy it amidst tons of messes and challenges we all face. It’s all about a matter of choice. 

We all need to be sensitive in all the ways - if we all are determined to build a fairer, more diverse and inclusive union beyond this revolution.

Tuesday, January 10, 2023

ယောနိသော မနသိကာရ

 “ယောနိသော မနသိကာရ” ဆိုတဲ့ပါဠိစကားစုကို ဟိုတစ်ရက်ကမှ တစ်နေရာမှာ ဖြတ်ခနဲဖတ်မိလိုက်ပြီးကထဲက စိတ်ထဲ ဒါနဲ့ဆက်စပ်တာတွေပဲ တွေးမိနေလို့ မှတ်စုလေးတော့ ချရေးထားမှလို့ စိတ်ကူးပြီး တို့ထားလိုက်ပါတယ်။ မြန်မာလို နားလည်သလောက်ဆို “သင့်တင့်မှန်ကန်တဲ့ စိတ်နှလုံးကို ရှေ့ရှုနိုင်တဲ့စိတ်နေသဘောထား”လို့ ပြန်လို့ရမယ်ထင်တယ်။ အဲ့လိုစိတ်ထားက ငယ်ငယ်ကမှ တော်တော်လေးရှိခဲ့သေးတယ်။ နဲနဲသိတတ်တဲ့အရွယ်ရောက်ကထဲက မိဘတွေ လက်လှမ်းမမှီနိုင်တာတွေဆို မပူဆာတတ်ခဲ့ဘူး။ လုပ်ငန်းခွင်ရောက်စကလည်း ဒီလိုပဲ။ ရုပ်ပစ္စည်းတွေအပေါ်မှာဖြစ်စေ၊ ဂုဏ်ဒြပ်တွေအပေါ်မှာဖြစ်စေ မရလို့ မပူလောင်တတ်ခဲ့ဘူး။ 


ဒီနှစ်ပိုင်းတွေမှာ “ယောနိသော မနသိကာရ” ဆိုတာကို သိစိတ်ကရော၊ မသိစိတ်ကရော အတော်လေးကို ကုန်ခမ်းနေခဲ့တာကို ဒီစာလေးဖြတ်ခနဲ ပြန်ဖတ်မိပြီး ဆက်တွေးမိနေမှ ကိုယ့်ဘာသာ သတိထားမိတယ်။​ မျှော်လင့်ထားသလို ဖြစ်မလာရင် ဒါမှမဟုတ် မမျှော်လင့်ထားတာတွေဖြစ်လာရင် ဒေါသတွေကြီး။ ငါ့မှ ဒီလိုဖြစ်ရသလား၊ မဖြစ်ရကောင်းလားလို့ စိတ်က လောင်မြိုက်လို့မဆုံး။​ စိတ်တွေမကြည်လင်။ မတည်ငြိမ်။ စိတ်နှလုံးမချမ်းသာတော့ ဘာအတွက်ပဲဖြစ်ဖြစ် ရှေ့ဆက်နိုင်ဖို့ ခက်တယ်။ 

ကျနော် အမေနဲ့စကားပြောတိုင်း ပြောဖြစ်တာရှိတယ်။​ ချမ်းသာဖို့ထက် ကိုယ့်ကိုကိုယ် အကောင်းဆုံး ရှာဖွေတွေ့ရှိနိုင်တဲ့သူပဲ ဖြစ်ချင်တယ်။ အဲ့ဒါ ကျနော်ရဲ့ အတ္တိမရည်မှန်းချက်ပဲ။ ကျနော့်ဘဝမဆုံးမချင်း အရာအားလုံးဟာ ပြောင်းလဲနေမှာ။ ဥပမာ ကျနော် ငယ်ငယ်က ပဲတို့၊ ခရမ်းချဥ်းသီးတို့ သိပ်မကြိုက်ပေမယ့် ခု အလွန်ကြိုက်တဲ့အစာတွေ ဖြစ်လာတယ်။ အလားတူပဲ ကျနော် ဘာတွေကို တန်ဖိုးထားလဲ။ ဘာတွေကတော့ ကျနော်ဘဝဆုံးတဲ့အထိ သယ်ဆောင်သွားချင်တဲ့အရာတွေလဲ။ အချိန်ရယ်၊ တွေ့ကြုံလာရတဲ့အဖြစ်အပျက်တွေရယ်အပေါ် မူတည်ပြီး ဒီတန်ဖိုးထားတွေဟာ ပိုနက်ရှိုင်းလာချင်လာမယ်၊ ပြောင်းလဲချင်လည်း ပြောင်းလာမယ်။​ ဒီဖြစ်စဥ်တွေမှာ ကျနော့်ကိုကျနော် အကောင်းဆုံး သိနေနိုင်သူ ဖြစ်ချင်တယ်။ ဒီရည်မှန်းချက်အတွက် ယောနိသော မနသိကာရ ဆိုတာကို နှလုံးမသွင်းနိုင်ပဲ မဖြစ်နိုင်ဘူးလို့ တွေးရင်းမှ နားလည်လာပါတယ်။ မှန်ကန်သင့်တင့်တဲ့စိတ်သဘောထားမရှိနိုင်ပဲ ကိုယ့်ကိုကိုယ်ရှာဖွေတွေ့ရှိဖို့ မဖြစ်နိုင်ပါဘူး။ 

အပြောလွယ်၊ အတွေးလွယ်ပေမယ့် အမြဲကျင့်သုံးလိုက်နာဖို့ကျ ခက်တယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့ကစပြီး ယောနိသော မနသိကာရကို အရင်ထက်ပိုနှလုံးသွင်းနိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါမှပဲ  စိတ်နှလုံး ကြည်ကြည်မွေ့မွေ့နဲ့ ရှေ့ဆက်နိုင်မယ် ယုံပါတယ်။ 

နစ်သစ်မှာ ကျနော့်အတွက် ကျနော် ပေးဖြစ်တဲ့ကတိဖြစ်ပါတယ်။ 





Tuesday, December 27, 2022

Looking back to move forward: Personal reflections and stimulations


Personally, I do not believe in making massive new year resolutions mainly because I rarely achieve the resolutions that I made. However, I still am into reflecting on all the things I went through throughout the year so that I can be a better person while making new mistakes unavoidably as a human nature. So, looking back to 2022 and forward towards 2023, here are a few things that I learnt and that I think are worth bringing into the new year. 

Many goodbyes and greetings 

2022 gave me a certain perspective on leaving and in contrast, welcoming. As all of us know, goodbyes are hard. For me, greetings and embracing change are hard, too. Personally in 2022, while goodbyes took time to process for letting myself move on, trying to settle down in new place and with new people felt like skywalking without safety-belts: I have to walk but I know there is a huge risk to fall down - that is the point I feel hard. Embracing change is easy to say but difficult to practise in reality because there are a lot of uncertainties: the culture, the system, and the people compounding trust is not built yet and the communication is being tested. In 2022, I was floating in that cycle: byes, trying to move on and adapting changes, meeting new people & things and learning. I am exhausted but I have come to realize that this is a cycle we have to deal with, the whole adult-life until and unless you want it. In 2022, I had many farewells: some were good-byes; some were unexpected byes and some were the necessary byes I made sadly. There were also a lot of new people and new things I got to know during this year personally and professionally. 

While I am struggling with all of that, I feel that this is beautiful in having a sense that I have been able to process all of that and be conscious every step of the way only because I am a human. 

The Choices

Last month, I graduated with my master's degree. And I am still not entirely sure how to describe what that felt like. Joyful, yes. Bu...