Tuesday, December 27, 2022

Looking back to move forward: Personal reflections and stimulations


Personally, I do not believe in making massive new year resolutions mainly because I rarely achieve the resolutions that I made. However, I still am into reflecting on all the things I went through throughout the year so that I can be a better person while making new mistakes unavoidably as a human nature. So, looking back to 2022 and forward towards 2023, here are a few things that I learnt and that I think are worth bringing into the new year. 

Many goodbyes and greetings 

2022 gave me a certain perspective on leaving and in contrast, welcoming. As all of us know, goodbyes are hard. For me, greetings and embracing change are hard, too. Personally in 2022, while goodbyes took time to process for letting myself move on, trying to settle down in new place and with new people felt like skywalking without safety-belts: I have to walk but I know there is a huge risk to fall down - that is the point I feel hard. Embracing change is easy to say but difficult to practise in reality because there are a lot of uncertainties: the culture, the system, and the people compounding trust is not built yet and the communication is being tested. In 2022, I was floating in that cycle: byes, trying to move on and adapting changes, meeting new people & things and learning. I am exhausted but I have come to realize that this is a cycle we have to deal with, the whole adult-life until and unless you want it. In 2022, I had many farewells: some were good-byes; some were unexpected byes and some were the necessary byes I made sadly. There were also a lot of new people and new things I got to know during this year personally and professionally. 

While I am struggling with all of that, I feel that this is beautiful in having a sense that I have been able to process all of that and be conscious every step of the way only because I am a human. 

Saturday, September 10, 2022

ခေါင်းစဥ်မတပ်တတ်တဲ့ စာ

အခြေခံကုန်စျေးနှုန်းတွေတရိပ်ရိပ်တက်လာတာ တကယ်က လ တော်တော်များများကြာလို့ နှစ်တောင်ပေါက်နေပါပြီ။ ဒါပေမယ့် ဒီရက်ပိုင်းတော့ အစစအရာရာစျေးတွေကြီးလာတယ်မလား။ စျေးတွေသိပ်ကြီးလာလိုက်တာလို့တွေးမိပြီး ဝိတ်လျှော့ရတဲ့အဖြစ်တွေ ခဏခဏဖြစ်လာတော့ ငယ်ဘဝကို ပြန်စဥ်းစားမိပါတယ်။ 

ငယ်ငယ်ကလည်း ဒီလိုပဲလေ။ ပြောရရင် ကျနော်တို့အရွယ်က အာဏာရှင်ထုတ်ကုန်စစ်စစ်လို့ ပြောလို့ရပါတယ်။ ဆိုရှယ်လစ်ခေတ်ကိုလုံးလုံးမမှီ၊ အာဏာရှင်စစ်စစ်လက်ထပ်မှာ မွေးဖွားပြီး အာဏာရှင်ပညာရေးကိုသင်ယူ၊ အာဏာရှင်ပေးသိသလောက်ပဲ သိခဲ့၊ ထိတွေ့ခွင့်ရတဲ့မျိုးဆက်ပေါ့လေ။ ၂၀၁၀မတိုင်ခင်ထိ လွတ်လပ်မှုရဲ့အရသာကို ဘယ်တုန်းကမှမခံစားရဖူးသလို၊ ဖိနှိပ်ခံနေရတာတောင် ဖိနှိပ်ခံနေရပါတယ်လို့ မသိခဲ့တဲ့အချိန်ကာလတွေအများကြီးပဲ။ 

အဲ့ကာလတွေမှာ ကျနော်မှတ်မိသလောက် ကျနော်တို့မိသားစုမနက်စာမှာ ကိုယ်ကြိုက်တဲ့မနက်စာ ကိုယ့်ဘာသာ ရွေးချယ်စားခွင့်ရတဲ့မနက်တွေဆိုတာ သိပ်ရှားပါတယ်။ တို့ဖူးနဲ့ခေါက်ဆွဲ ရောသုပ်တဲ့ အသုပ် ၂ပွဲဝယ်ပြီး ထမင်းကြမ်းနဲ့ မိသားစုအားလုံး စားချင်စား၊ ဒါမှမဟုတ် ရန်ကုန်မှာ မန်းလေးပဲကြော်လို့ခေါ်ပြီး ကျနော်တို့ဒေသဖက်ကတော့ ပဲလွန်းကြော်လို့ခေါ်တဲ့အကြော် ၄ခုဝယ်ပြီး ပဲပြုတ်နဲ့ထမင်းကြမ်းနဲ့ စားချင်စား အဲ့လို မျှတစားရပါတယ်။ အများနည်းတူမိသားစုတွေလိုပဲ အသားဟင်းဆိုလည်း ကိုယ် ကိုယ်တာနဲ့ပဲ ကိုယ်စားရတာပဲ။ ကျနော်တို့အိမ်က ပုဇွန်ဟင်းကြိုက်ကြပေမယ့် ပုဇွန်ချက်တဲ့နေ့ဆို ဟင်းမကုန်ပါဘူး။ တခြားသူစားပါစေဆိုပြီး ဦးစားပေးစားကြလို့ ပုဇွန်ဟင်းဆို အကောင်ရေကွက်တိချက်တောင် အမြဲပိုတာပါပဲ။ မိသားစုက ဘာပဲဖြစ်ဖြစ် ပေါပေါများများလည်းမသုံးနိုင်သလို ပိုပိုလျှံလျှံမရှိဘူးလို့သိပေမယ့် ဒီလိုစားရသောက်ရတာကို အားလုံးပုံမှန်ပဲလိုပဲ ငယ်ငယ်က ထင်ခဲ့တာပါ။ ချွေတာရေးတို့၊ အထွေထွေအကျပ်အတည်းတို့ဆိုတဲ့စကားလုံးတွေတောင် အာဏာရှင်က မသိစေချင်လို့ ကျနော်တို့ သိခွင့်မရှိခဲ့ရဘူး။ 

တခြားကိစ္စတွေဆိုလည်း ဒီလိုပဲ။ ရွေးချယ်စရာတွေများများစားစား မရှိပါဘူး။ ကျနော်တို့အထက်တန်းလောက်ရောက်တဲ့အခါမှာ တတ်နိုင်တဲ့မိသားစုတွေက သားသမီးတွေကို ရန်ကုန်ကျောင်းတွေပြောင်းထားကြပါတယ်။ မြို့ကြီးလို့ကျောင်းကြီးကြီးမှာ ပိုကျယ်ပြန့်တဲ့ထိတွေ့မှုတွေရပေမယ့် အာဏာရှင်ပညာရေးပါပဲ။ ဆိုလိုရင်းက အဲ့တာမျိုးက နယ်ကမိသားစုတွေအနေနဲ့ မိုင်ကုန်လုပ်လို့ရတဲ့ ရွေးချယ်မှုပါ။ အခွင့်အလမ်းတွေအများကြီးမရှိဘူး။ မြို့မှာလည်း လူငယ်လူရွယ်တွေ သိပ်အများကြီးမရှိဘူး။ လုပ်နိုင်ကိုင်နိုင်တဲ့အရွယ်ဆို ကိုယ့်အထွာနဲ့ကိုယ် ရန်ကုန်တက် အလုပ်လုပ် ဒါမှမဟုတ် ထိုင်း၊ မလေးရှား၊ စင်ကာပူ အလုပ်သွားလုပ်ကြရလို့ပါ။ ကျန်ခဲ့ကြသူအများစုကလည်း ၂လုံးထီ၊ ၃လုံးထီ၊ ဘောလုံးပွဲဇာတ်မှာ မနက်တခါညတခါ၊ ၁၅ရက်တခါ မျှောကြပါတယ်။ 

ခုလည်း ဒီလိုပဲမလား။ ကျနော်တို့မှာ ရွေးချယ်စရာတွေ နည်းလာနေပါတယ်။ ငယ်ငယ်တုန်းကလိုမျိုးပေါ့။ တခုခုသုံးဖို့ တခုခုကို ဝိတ်လျှော့လာရတယ်။ ချွေတာရတယ်။ တစ်ဦးကိုယ်တာကို နောက်တစ်ဦးနဲ့နောက်တစ်စုတစ်ဖွဲ့နဲ့ မျှရတယ်။ ခုဆို ကျနော် သောက်နေကြကော်ဖီစျေးတွေတက်လို့ အရင်လို စိတ်ရှိတိုင်းသောက်ဖို့ တွေးလာရတယ်။ လက်ဖက်ရည်ဆိုင်ကို ခဏခဏထိုင်ဖို့ ခုဆို စဥ်းစားရတယ်။ သုံးနေကျအာလုပ်ကျင်းဆေးရည် ဘူးကြီးက စျေး၂ဆမကတက်သွားလို့ တံဆိပ်ပြောင်းသုံးရင် ကောင်းမလား၊ ဘူးသေးပဲ ဝယ်သုံးရမလား၊ တနေ့တစ်ခါပဲ အဲ့ဆေးရည်သုံးပြီး အာလုပ်ကျင်းရတော့မလား စဥ်းစားရပါတယ်။ မနက်စာကို အရင်လို လက်ဖက်ရည်ဆိုင်ထိုင်ပြီး အကျအနစားဖို့ နေ့တိုင်းမစားနိုင်တော့ပါဘူး။ မီးခိုးကြွက်လျှောက်စဥ်းစားကြည့်ရင် မနက်စာစားတဲ့အကြိမ်အရေအတွက်နည်းတာ လက်ဖက်ရည်ဆိုင်ကို ထိခိုက်တယ်။ အဲ့ဆိုင်မှာခန့်ထားတဲ့ ဝန်ထမ်းတွေကို ထိခိုက်တယ်။ အဲ့ဆိုင်ကို ကုန်သွင်းတဲ့ ကုန်သည်တွေထိခိုက်တယ်။ အားလုံးပတ်ပတ်လည်း ထိခိုက်ကြတယ်မလား။ 

ရပ်ရွာထဲမှာလည်း ဒီလိုပဲ။ မီးပျက်လို့ ရေမလာ။ စိတ်ရှုပ်ရ။ ဆားအုန်းဆီတစ်ပိဿရဖို့ တန်းစီရ၊ ကားတွေ၊ ဆိုင်ကယ်တွေဆီဖြည့်ဖို့ ခေါင်ခိုက်တဲ့စျေးနဲ့တောင် လိုသလောက်မရ။ ကုန်စျေးနှုန်းတွေတက်ပြီး လုပ်အားခမတက်လို့ အလုပ် ၂ဆတိုးလုပ်ရသူတွေများ။ ရပ်ကွက်ထဲမှာ တစ်နိုင်တစ်ပိုင် မုန့်ဆိုင်လေးတွေများလာ။ အာဏာရှင်တွေက ကျနော်တို့ကို နိစ္စဒူဝကိစ္စလေးတွေနဲ့ အလုပ်ရှုပ်ခိုင်းထားတယ်။ ကောင်းပေ့ဆိုတဲ့အရာတွေအားလုံး သူတို့ပဲ ပိုင်ဆိုင်မယ်။ တကယ်လို့ကျနော်တို့မှာ ပိုက်ဆံရှိလည်း အရင်လို ရွေးစရာများများစားစားမရှိပါဘူး။ ခေတ်ကာလကပေးလာတဲ့အခြေအနေထဲကပဲ ကျနော်တို့အားလုံးရွေးချယ်ကြရတယ်။ 

ရွေးချယ်ခွင့်တွေနည်းလာတာ ကောင်းတဲ့ကိစ္စလုံးဝမဟုတ်ပါဘူး။ ဒါကို ငယ်ငယ်ကအချိန်ကာလတွေအရ၊ ၁၀နှစ်လောက်လွတ်လပ်မှုလေးမြည်းစမ်းခွင့်ရတဲ့အခြေအနေတွေအရ ကျနော်တို့ သိနေကြပြီမဟုတ်လား။ ရွေးချယ်ခွင့်နည်းလာတာ တနည်းအားဖြင့် ကျနော်တို့ကို တုံးအ ခိုင်းနေတာပါပဲ။ ရွေးစရာနည်းလာတော့ စဥ်းစားစရာသိပ်မလိုဘူးလေ။ နေ့စဥ်ဘဝကို အဆင်ပြေအောင် ကြည့်ကျက်ဖြေရှင်းဖို့ကြိုးစားရင်းအချိန်ကုန်နေရတော့ ကိုယ်စိတ်ကျန်းမာဖို့၊ စိတ်ပျော်ရာဝါသနာပါရာတွေလုပ်ဖို့ အခွင့်အရေးလည်းမရှိသလို အခြေအနေကိုကလည်း မပေးတော့ပါဘူး။ 

အာဏာရှင်ရှိသရွေ့ ဒီသံသရာလည်နေမှာပါပေါ့။ စိတ်ညစ်စရာတွေကြားမှာဆိုတော့ စိတ်ညစ်စရာတွေပဲ တွေးမိတယ် ထင်ပါတယ်။ အားလုံးကိုယ့်အတိုင်းအထွာ၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တော်လှန်နေကြတယ်မလား။ 

အာဏာသိမ်းစက နေ့တိုင်း ဆိုခဲ့ကြအားယူခဲ့ကြသလို။ 

အမှန်တရားကိုရရင်ရ ပြန်မရရင် အဆုံးထိသွားမှာပါ... ဆိုတာလေ။ 

ရွေးချယ်စရာတွေ ပြန်ပြီး များပြားလာတဲ့အထိ။ လွတ်လပ်မှုနဲ့လုံခြုံမှုက အားလုံးအပေါ် ဆတူ လွှမ်းခြုံနိုင်တဲ့အထိ။ လူ့ဂုဏ်သိက္ခာနဲ့လူ့ရပိုင်ခွင့်တွေ ဘယ်တော့မှ ပြန်လွှတ်မကျတော့တဲ့အထိ၊ ဘယ်သူကမှ အဓမ္မလုယူခွင့်မရှိတော့တဲ့အထိ။


https://cartoonmovement.com/cartoon/rich-and-poor-relationship


Wednesday, June 1, 2022

Becoming a communicator: 8 years on and more

Just happen to remember that today marks my 8th year of working as a communicator by telling stories. Years passed by, things changed a lot personally, socially and politically - everything is struggling now but I still believe that we all have our little space to do what we are good at and what we believe - my part is to tell stories on every possible channels; on social media, in office pantry verbally or in tea shop with friends - sometimes with joy and often by crying a little bit.
Eternally I believe that stories can inspire each other, can relay energy and resilience to pave a way towards better.
I am so grateful for the opportunity and privilege to be able to do that over the past eight years. Forwards and upwards, I will keep doing what I’m doing.

Saturday, May 21, 2022

စာအုပ်ပို့တဲ့အဘ - An old delivery man by bicycle

မနက်က လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဆိုင်ရှေ့ ဒီလို စက်ဘီးလေး တွေ့တော့ ငယ်ငယ်က ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေလိုက်ပို့တဲ့ အဘကို သတိရသွားလို့ ဓာတ်ပုံရိုက်ထား။ အဘနာမယ်ကို သေချာတောင်မသိဘူး။ ဒါပေမယ့် ငယ်ငယ်က အပတ်တိုင်း လတိုင်း အဘကို မျှော်ရတာတော့ မှတ်မိတယ်။ နယ်မြို့မှာ ကြီးတော့ ငယ်ငယ်က ဖတ်လို့လက်လှမ်းမှီနိုင်တဲ့ resource ဆိုတာ အကန့်အသတ်ရှိတယ်။ ကျနော့်အတွက် အပတ်စဉ်ထုတ် မော်ဒန်ဂျာနယ်ရယ်၊ လစဉ်ထုတ် မင်္ဂလာမောင်မယ်ရယ်၊ မြတ်မင်္ဂလါရယ်၊ နက္ခတရောင်ခြည်ရယ်၊ စာအုပ်ဆိုင်က ငှါးဖတ်တဲ့ ရွှေအမြုတေရယ် ဒါပဲ။ အဲ့ဒါ လက်ကုန်ပဲ။ ရန်ကုန်မှာ တနင်္လာထုတ်တဲ့ဂျာနယ်က ကျနော်တို့ဆီ နှစ်ရက်ကျော်လောက်မှ ရောက်တာမျိုး။ အဲ့တာတောင် အဘ မလာရင် မဖတ်ရဘူး။ အဘက လက်ဖက်ရည်သောက်တယ်။ ဖတ်စရာစာအုပ်တွေ လိုက်ပို့တယ်။ အမြဲ ပြုံးပြုံးပဲ။
ငယ်ငယ်ကတော့ ကျနော့်ဆီရောက်တာလေး ဖတ်ရဖို့ပဲ စိတ်ထဲရှိတာ။ ခု ကြီးမှ ခဏခဏတွေးမိတာ ကမ္ဘာကြီးဘာဖြစ်နေလဲဆိုတာ လူတွေသိဖို့ အဘအကျိုးဆောင်အသက်မွေးတဲ့ စာအုပ်တွေလှည့်ပို့တဲ့အလုပ်က အလွန် တန်ဖိုးရှိတဲ့အသက်မွေးဝမ်းကြောင်းမှုပဲလို့။
အဘလာပို့တဲ့စာအုပ်ပြူတင်းပေါက်တွေကနေ ကျနော် ခုလောက်ထိ လူလိုသူလို ဖြစ်နေတာလို့ ခံယူပါတယ်။ ခုထိသာ အဘရှိရင် အသက်အိုမင်းနေရော့မယ်။ အဘ သက်ရှိထင်ရှားရှိတုန်းဆို ကျန်းမာပါစေ။ မေတ္တာပို့ပါတယ်။
Just took this picture this morning when I was in the teashop right in the corner of my apartment because I suddenly remember an old man who delivered the newspapers and magazines by bicycle in my native town back in the 1990s. Actually, I didn't even know his full name. I called him ABa (which is the pronoun we respectfully refers to the elder men in Burmese language) but I did remember that I used to look forward to ABa every week and every month for the journals and magazines we subscribed to. Since I grew up in the small rural area, the reading resources available were limited. For me at that time, I had a few to enjoy in a month most of which agented by ABa: A weekly journal called 'Mordan', a monthly youth magazine called 'Mingalar Maung Mal' and 'Myat Mingalar' which both are Buddhism teaching pieces, astrological and supernatural magazine called 'Natkhata Yaungyi' which my father subscribed and 'Shwe Amutay' literature magazine from book rental shop. That's all I can digest. The journals published in Rangoon on Monday came to us just over two days late due to inefficient transportation at that time. Even so, we could not read them when ABa was not able to come and deliver for some reason. ABa used to have tea, deliver books and always wear a cool and calm smile on his face.
As a kid, I used to want to read whatever came my way. Now becoming a grown-up man, I have come to realise that a job of delivering books for others is one of the most extraordinary jobs ever in thinking that sending books for the sake of others to get to know what has been happening around the world.
Thanks to the window of the books ABa delivered to me over the years, I turly believe that I just had a chance to learn about the world, how to live a life with decency and humanity. If ABa is fortunate enough to survive covid and coup, he will get older. If so, may he continue to be healthy. Sending love. 

Tuesday, February 22, 2022

၂၀၂၂ - မတည်ငြိမ်တဲ့ ကမ္ဘာကြီး

ဒီမနက် ရုရှားက ပြဿနာစတဲ့ ယူကရိန်းသတင်းတွေဖတ်ရတာ စိတ်မသက်သာ။ မနှစ်က အာဏာသိမ်းပြီးစကာလမှာ ယူကရိန်းတော်လှန်ရေးမှတ်တမ်းရုပ်ရှင်ကြည့်ပြီး အားယူကြဖို့ အချင်းချင်း ဖေ့ဘုတ်ခ်ပေါ် မျှဝေကြတာ သတိရမိတယ်။

အာဏာရှင်တွေက သူတို့အကျိုးစီးပွါးဖြစ်တဲ့ အာဏာရယူရေးနဲ့ အာဏာတည်မြဲရေးကလွဲလို့ တခြား ဘာဆိုဘာကိုမှ ကျင့်ဝတ်အရဖြစ်စေ၊ ရှိပြီးသား သဘောတူညီချက်တွေအရဖြစ်စေ စောင့်ထိန်းမှုမရှိတာ သိပ်သေချာ။ လုပ်ပုံလုပ်နည်း၊ ချဉ်းကပ်ပုံပဲ ကွာချင်ကွာမယ်၊ ဥာဏ်ကောက်ကျစ်ပြီး အကျင့်တန်ပုံကတော့ အကုန်အတူတူပဲ။ ကပ်ဘေးကြောင့် တစ်ကမ္ဘာလုံး နလန်မထူနိုင်ဖြစ်နေတာကို အခွင့်ကောင်းယူပြီး အနိုင်ကျင့်ဗိုလ်ကျ အာဏာချဲ့ချင်တဲ့သူတွေ သိပ်များ။ ၂၀၂၁ထဲမှာ အာဏာသိမ်းတာ ဒါမှမဟုတ် တခြားနိုင်ငံက ကျူးကျော်တာ ရင်ဆိုင်ရတဲ့နိုင်ငံတွေ တိုးလာတယ်။ မြန်မာ၊ ဆူဒန်၊ အာဖကန်နစ္စတန်၊ ခု ယူကရိန်း။ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ဝါရှင်တန်ပို့စ်က ‘၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းတာတွေက ကူးစက်ရောဂါလို ပို ပျံ့နှံလာတယ်။ နှစ်သစ်မှာလည်း ဒီလို နိုင်ငံရေးအရ ဝရုန်းသုန်းကားဖြစ်တဲ့အခြေအနေတွေက လျော့ကျသွားဖို့ မမြင်ဘူး’ လို့ ခေါင်းကြီးတပ်ရေးတယ်။

နိုင်ငံရေးသိပ္ပံပညာရှင် Huntington ကတော့ ၁၉၇၀ ပြည့်နှစ်တွေကစပြီး ၁၉၉၀ ပြည့်နှစ်တွေအထိကို ဒီမိုကရေစီတတိယလှိုင်းကာလလို့သတ်မှတ်ခဲ့ပြီး ဒီမိုကရေစီအားအကောင်းဆုံးအချိန်လို့လည်း ဆိုတယ်။ ဒီနောက် ၂၀၁၀ နောက်ပိုင်းမှာ အာရတ်နွေဦးက အားကောင်းလာပေမယ့် အရှေ့အလယ်ပိုင်းဒေသမှာ ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်သွားတဲ့အထိ မဟုတ်ခဲ့ပြန်ဘူး။ အဲ့တုန်းက တော်လှန်ရေးအောင်မြင်ပြီး ဒီမိုကရေစီစနစ်ကိုကူးပြောင်းသွားနိုင်တာ တူနီးရှားတစ်နိုင်ငံပဲ ရှိခဲ့ပေမယ့် သူလည်း အာဏာရှင်အကျင့်အကြံတွေနဲ့ ပြန်ပေါ်ပေါက်နေပြန်ပြီ)။ ​


ကပ်ဘေးက ကျန်းမာရေးစနစ်၊ စီးပွားရေးစနစ်တွေ ပြိုလဲစေနိုင်ပြီး ဒီမီးပွားတွေက နိုင်ငံတော်လုံခြုံရေးအထိ ကူးစက်လောင်နိုင်တယ်လို့ နိုင်ငံကြီးတွေက တောက်လျှောက် ပြောနေခဲ့ကြပေမယ့် တကယ်တမ်း ပြင်ဆင်မှုရော၊ ရင်ဆိုင်နိုင်မှုမှာရော ထင်သလောက် ခရီးမပေါက်နေဘူးထင်ပါတယ်။ ခုဆို ကပ်ဘေးကနေ ဒီမိုကရေစီကိုတောင် တိုက်ရိုက်ထိပါးနေပြီ။ အနာဂတ်ကပ်ဘေးအတွက်ကြိုတင်ပြင်ဆင်မှုလို့ စဉ်းစားကြရင် ပြည်သူ့ကျန်းမာရေး၊ စီးပွားရေးမူဝါဒတွေ ဘယ်လိုအားကောင်းအောင် လုပ်ကြမလဲ စဥ်းစားရုံတင်မဟုတ်ပဲ ဒီမိုကရေစီကို ဘယ်လိုထိပါးနိုင်သလဲ၊ ဘယ်လောက် ထိပါးနိုင်သလဲ၊ ရှိပြီးသား ဒီမိုကရေစီစံနှုန်းတွေ၊​ တန်ဖိုးထားတွေကို ဘယ်လိုကာကွယ်ကြမလဲပါ စဥ်းစားမှ အဆင်ပြေမယ်ထင်တယ်။​ 

ကိုယ့်နိုင်ငံမှာ အာဏာသိမ်းတာကြုံတွေတွေ့ရတဲ့လူငယ်တစ်ယောက်အနေနဲ့ တစ်ကမ္ဘာလုံးမှာ မငြိမ်မသက်ဖြစ်နေတာ စဥ်းစားရင် အသက်ရှုပိုကြပ်။ တစ်ဖက်မှာလည်း ဒါဟာ စိန်ခေါ်မှုပေမယ့် အခွင့်အလမ်းလည်းဟုတ်တယ်လို့ ကိုယ့်ဘာသာ အားပေးမိပြန်တယ်။ ဒီမိုကရေစီစတုတ္ထလှိုင်းကို မြန်မာနိုင်ငံက အောင်အောင်မြင်မြင် ပြန်စတင်လိုက်နိုင်မယ့် အခွင့်အလမ်းတွေ ကျနော်လို့ လက်ထဲမှာတင်ရှိနေတယ်။ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ကို သေချာပေါက်အာမခံပေးနိုင်မယ့် အမျှော်အမြင်တွေရယ်၊ စုစည်းအားတွေရယ် ပိုလိုတယ်။ ကျနော့်အမြင်အရ ဒီမိုကရေစီဆိုတာ အတွင်းကပဲ လာတာပါ။ တစ်ဦးချင်းစီကနေ စတင်နိုင်တယ်။ အဲ့လိုကျင့်ကြံဖို့လည်းတာဝန်ရှိတယ်။ ဒါကိုက ဒီမိုကရေစီရဲ့ အခြေခံအနှစ်သာရပဲ။ အားလုံးပါဝင်ရေးကို အာမခံပါလို့ ညီညွတ်ရေးအစိုးရနဲ့ အတိုင်ပင်ခံကောင်စီကို ကျနော်တို့အားလုံးက တိုက်တွန်းနေကြတဲ့နည်းတူ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးစကားစမြည်ကိုလည်း မိသားစုထဲမှာကို စ နိုင်ဖို့ ကျနော်တို့ကိုယ်တိုင်မှာလည်းတာဝန်ရှိတယ်။ လက်ရှိသတင်းတွေကို အခြေခံပြီး မိသားစု၊ မိတ်ဆွေတွေနဲ့ စကားစမြည်လုပ် ဆွေးနွေးဖလှယ်ပြီး အသိအမြင် လက်ဆင့်ကမ်းလို့ရတယ်။ ဒီလိုနည်းလမ်းသေးသေးလေးတွေကစလို့ ပြည်သူရဲ့နိုင်ငံရေးဖိအားကို အရှိန်တင်ပြီး အာဏာရှင်ကိုဖြုတ်ချရုံတင်မဟုတ်ပဲ တန်းတူရေးကိုအာမခံနိုင်တဲ့ နိုင်ငံရေးစနစ်တစ်ခု တည်ဆောက်နိုင်တဲ့အထိ ပါဝင်ပတ်သက်သူတွေကို ကြံ့ကြံ့ခံပြရမယ်။​ 

၂၀၂၂ ဟာ မဆုံးမသတ်သေးတဲ့ ကပ်ဘေးရယ်၊ အာဏာသိမ်းမှုတွေရယ်၊​ ကမ္ဘာ့စစ်အနံ့တွေနဲ့ ကမောက်ကမပဲ။ ဒါပေမယ့် အဆုံးအဖြတ်ပြတ်သားနိုင်တဲ့နှစ်တွေ (deciding years) ရဲ့ အစလည်း ဖြစ်ပါတယ်။   မြန်မာနိုင်ငံမှာ ဖယ်ဒရယ်ဒီမိုကရေစီစနစ် ခိုင်ကျည်းမှသာ မြောက်ဖျားကနေ တောင်ဖျား၊ အရှေ့ကနေ အနောက် လူတိုင်း ကိုယ်၊ စိတ်နှစ်ပါး ချမ်းသာစွာ နေနိုင်မှာ ဖြစ်ပါတယ်။​ အဲ့ဒီလမ်း ဆုံးတဲ့အထိ နိုင်တဲ့ဝန် ထမ်းပြီးလျှောက်ကြမယ်။​


မောင်ကျောင်းသား ၅ - လူမျိုးရေးခွဲခြားမှုအပြုအမူနဲ့ နဖူးတွေ့ဒူးတွေ့

တကယ်က ကျောင်းတက်ဖို့အစီအစဥ် သေချာသွားကတည်းက ဒီနိုင်ငံရောက်ရင် ဒီလူမျိုးရေးခွဲခြားခံရတဲ့ကိစ္စက တစ်ချိန်မဟုတ်တစ်ချိန်မှာ ကြုံလာရနိုင်တယ်ဆိုတာ ...