Tuesday, December 31, 2019

A decade that ends...

This decade is going to end in 15 hours. Recalling these ten years personally, there were a lot of ups and downs I've passed through - I came into the work life but not knew what direction to go at the beginning, changed career decisively, been left by my beloved grandparents, experienced my parents’ separation, took family's responsibility more, travelled more and exposured some parts of the country and the world, found good people who are already my best friends for now and onwords, had some bitter relationship but very sweet ones too. So, looking back all, what I'm overwhelmed with is gratitude. These ten years is my years of becoming adult - learning about life, people and the issues threated us not only individually but also globally. For sure, I still have uncertainties, anxieties and worries on what will be going on in my future. But life is a process - isn't it? We only need to do our best in our maximum capacity. So, for forthcoming decade, my determination is to stay healthy, positive & visionary and thoughtful. Above all, to act professionally and to treat people sympathetically. Taking this moment, I would like to thank everyone in my life who has made me smile, comfort and laugh at any moment as well as to those who made me tough and learnt lessons. I wish you all a very HAPPY NEW YEAR. #2020



Saturday, December 28, 2019

ကလော မီမို (Memo)

ဒီဇင်ဘာလထဲမှာ ပိတ်ရက်တွေဆက်တော့ ကြို့ကြားကြို့ကြား ဖွင့်ရက် ၆ရက်ကို ခွင့်ယူလိုက်ပြီး အားလပ်ရက် ၂ပတ်ကျော်လောက် စံစားနေပါတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ ကလောမြို့ကို သွားလည်ခဲ့တယ်။
ကလောဆိုရင် ဒီမြင်ကွင်းကတော့ လူတိုင်း စိတ်မျက်စိနဲ့ မြင်ယောင်မိမှာပဲ။ နိုဝင်ဘာလောက်ဆို ယာကွင်းပြင်တွေက ပိုအရောင်စုံပြီး လှပါတယ်။ 
ကလောမှာ နေခဲ့တဲ့ သုံးရက်အတွင်း နေရာစုံအောင် လျှောက်သွားတာထက် ကိုယ်သွားချင်တဲ့နေရာပဲသွားပြီး အခန်းထဲ အိပ်ချင်တဲ့အချိန် အိပ်၊ ဟော်တယ်ခြံဝန်းထဲ စာဖတ်၊ အနီးအနားလမ်းလျှောက် နေ့စဉ်ဘဝက အပူတွေကို မတွေးမိအောင် နားခဲ့တယ်။

ဟော်တယ်နားက ထင်းရှူးပင်တွေ တန်းစီနေတဲ့ လမ်း
ကလောမြို့ထဲရော မြို့ပြင်ရောကတော့ မြင်သမျှက လှနေတာပါပဲ။ ဘယ်နေရာပဲကြည့်လိုက်ကြည့်လိုက် တောင်တွေ ပတ်လည်ဝိုင်းပြီး ထင်းရှူးပင်အစီအရီနဲ့ ဒီမြို့ခံတွေက သူတို့မြို့သူတို့ အရမ်းချစ်မှာပဲလို့ ပါးစပ်က တဖွဖွပြောမိတဲ့အထိပါပဲ။

အဲ... နဲနဲ စိတ်အနှောက်အယှက်ဖြစ်စရာလေးတွေတော့ ရှိခဲ့တယ်။ လည်ပတ်ဖို့လား ဓာတ်ပုံရိုက်ထွက်တာလား မသိရလောက်အောင် ဖုန်းတကာနဲ့ ဓာတ်ပုံရိုက်ဖို့ပဲ ဇောကပ်နေတဲ့ ခရီးသွားတွေရယ်၊ နိုင်ငံခြားသားမှ ဧည့်သည်လို့ထင်ပြီး ဝန်ဆောင်မှု လိုတာထက်ပိုပေးချင်ပြီး လိုကယ်ဧည့်သည်ကိုကျ ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင်မထင်ကြတဲ့ ဟော်တယ်ဝန်ထမ်းတစ်ချို့ကြောင့်ရယ် စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတယ်။
သိပ်လှတဲ့ ဟော်တယ်... မနက်စာလည်း စုံလင်... ဒါပေမယ့် သဘောမကျစရာလေးတွေလည်း ရှိခဲ့တယ်
အဲ့လို အပရိက ကိစ္စလေးတွေကလွဲလို့ နားရတဲ့ခရီးပါပဲ။ ဖုန်းကိုကြည့်မိတဲ့ screen time ကိုလည်း တနေ့ ၁နာရီလောက်ပဲ ရှိအောင် ၃ရက်လောက်တော့ လျှော့နိုင်ခဲ့တယ်။
တောပန်းလေး






ခုတော့ ဟောလီးဒေးထဲမှာပဲ ဖြစ်ပေမယ့် ကိုယ့်ကိုကိုယ် ကတိကဝတ်ထားထားတဲ့ အက်ဆေး လေးပုဒ်နဲ့ မပြီးမချင်းမှာ သောကတွေ များနေရတယ်။ တည်ဆောက်သမျှဟာ ဒီလောက်ပဲ စဉ်းစားနိုင်ရလား၊ မျှော်မြင်နိုင်ရလားလို့ စိတ်အလိုတွေ မကျ၊ ကိုယ့်ကိုကိုယ် ဒေါသတွေထွက်ပြီး မျက်စိရှေ့မြင်သမျှလည်း အဆိုးတွေပဲ မြင်နေမိတယ်။ လူဖြစ်ရခြင်းရဲ့ ဒုက္ခများလို့ ညည်းရမလိုပဲ။ ဘာပဲဖြစ်ဖြစ် စပြီးရင် အဆုံးသတ်ရမယ်မလား။ ဖိစီးမှုတစ်နင့်တစ်ပိုးကို သက်သာလို သက်သားငြား Memo ခေါင်းစဉ်တပ်ပြီး ရေးချင်တာတွေ ရေးလိုက်ပါတယ်။
အရမ်းအေးတဲ့ရာသီဥတုရယ်၊ ထင်းမီးဖိုရယ်၊ ခရစ်စမတ်မီးပန်းရယ်၊ Mulled Wine ရယ်... ဘာများထပ်လိုဦးမှာလဲ?

Saturday, December 7, 2019

လျှောက်ဆဲလမ်းရဲ့ ၈နှစ်ပြည့်

အလုပ်လုပ်တာ ၈နှစ်ပြည့်ပြီ။ ကွာလီဖိုင်းမဖြစ်လို့ ကျောင်းဆက်မတက်ရတော့ပဲ အလုပ်ထဲရောက်သွားတာ။ အဲ့ဒီအချိန်က ကိုယ်နဲ့ရွယ်တူ အပေါင်းအသင်းအများစုက ကျောင်းတက်ဆဲဆိုတော့ ငယ်ငယ်ရွယ်ရွယ်နဲ့အလုပ်လုပ်ရတာကိုပဲ သိမ်ငယ်တာလိုလို၊ ရှက်တာလိုလို ဖြစ်ခဲ့တယ်။ အသက်မွေးဝမ်းကြောင်း စပြုတဲ့အလုပ်က ကိုယ့်ဝါသနာ မဟုတ်ဘူး သိလာတော့လည်း ကိုယ်တကယ် ဘာလုပ်ချင်လဲ ကိုယ့်ဘာသာ မေးခွန်းမေးရတဲ့ကာလတွေကလည်း ခက်ခဲခဲ့တယ်။
ကိုယ်လုပ်ချင်တဲ့အလုပ်သဘောသဘာဝကို ရှာဖွေ သိရပြီးပြန်တော့လည်း အဆင်ပြေသွားတာမျိုး မဟုတ်ပြန်ဘူး။ ကျယ်ပြန့်တဲ့ နယ်ပယ်ထဲကမှ ကိုယ်တကယ် စိတ်ဝင်စားတာကို လုပ်နေရင်း ရှာဖွေသင်ယူနေရတာပဲ။ ဥပမာပြောရရင် မုန့်ပစ်သလပ်ကြိုက်တာ သိသွားပေမယ့် ထန်းလျှက်နဲ့ ချိုတဲ့အရသာ ကြိုက်တာလား၊ ပဲပြုတ်ဖြူးဆီဆမ်းထားတဲ့ စိမ့်စိမ့်အရသာပဲ ကြိုက်တာလား၊ ကြက်ဥနဲ့ ကြိုက်တာလား အဲ့လို အသေးစိတ်တွေ ထပ်ရွေးရသလိုပဲ။ ကိုယ့်အသက်မွေးဝမ်းကြောင်းမှုက ကိုယ့်တစ်ဘဝပဲ။ အသက် ၄၀မှ အသက်မွေးဝမ်းကြောင်းမှုနောက်တစ်ခု ပြောင်းဖို့ဆိုတာ လုပ်ချင်ရင် ဖြစ်နိုင်ပေမယ့် အောင်မြင်ဖို့ အခွင့်အလမ်းက နည်းတယ်။ ငယ်စိတ်လိုလည်း တုံးတိုက်တိုက်ကျားကိုက်ကိုက် လုပ်ချင်စိတ်ရှိရင်တောင် ခံနိုင်ရည် ရှိချင်မှ ရှိတယ်။
ဒီ၈နှစ်ထဲမှာ ကိုယ်တွေးမှ ကိုယ်ပြောတာမှ မှန်တယ်ထင်ခဲ့တဲ့ အချိန်တွေ ရှိခဲ့တယ်။ ကိုယ့်လို မှန်ရမယ်လို့ ခေါင်းမာခဲ့ဖူးတယ်။ လူတွေကို ငြီးငြူးတတ်ခဲ့တယ်။ အလုပ်နဲ့ ကိုယ်ပိုင်ဘ၀ မခွဲခြားတက်တဲ့အချိန်တွေလည်း ရှိခဲ့တယ်။ ခုကျတော့လည်း အကုန်သိသွားတာ မဟုတ်ပေမယ့် အလုပ်ရော၊ ဘဝကိုရော ဘယ်လိုထိန်းကျောင်းရမလဲဆိုတာကို နဲနဲလေး သိလာတယ်။ အလုပ်မလုပ်ရင် ဒီအတွေ့အကြုံတွေ ဒီသဘောတရားတွေကို သိခွင့်ရှိမှာမဟုတ်ဘူး။ တခါတလေ စိတ်ဓာတ်ကျ အပျင်းထူတဲ့ဉာဉ်လေး ပေါ်လာရင် ဒါကိုတွေးပြီး အားယူရတယ်။

Photo credit to Labour tech recruitment Ltd

ဘဝက ခရီးပဲ။ လျှောက်ချင်ချင် မလျှောက်ချင်ချင် ဆုံးအောင်လျှောက်ရမယ့်အတူတူတော့ သိက္ခာရှိရှိလျှောက်နိုင်ရမယ်။ သမာအာဇီ၀ ကျရမယ်။ ရောက်ချင်ရာရောက် ဆင်ကန်းတောတိုးသလိုလည်း မဖြစ်ပြန်ဘူး။ အမျှော်အမြင်ရှိရအုံးမယ်။ ဒီ၈နှစ်မှာ ပိုက်ဆံချမ်းသာတဲ့သူမဖြစ်ပေမယ့် ဒါလေးတွေသိလာလို့ ကျနော့်ဘဝကို ကျေနပ်တယ်။ အရင်လို ရှက်တာတို့၊ သိမ်ငယ်တာတို့၊ ကိုယ်ယုံကြည်တာ ကိုယ်မပြောရဲတာတို့ သိပ်မရှိတော့ဘူး။



ရှေ့နှစ်များကတော့ ဘဝကို ဆက်လက်တည်ဆောက်ဖို့ပါပဲ။ ယုတ္တိဗေဒနဲ့ စိတ်ခံစားချက်ကို တတ်နိုင်သမျှ မျှမျှတတ ထိန်းသိမ်းရင်းနဲ့ပေါ့။

မောင်ကျောင်းသား ၅ - လူမျိုးရေးခွဲခြားမှုအပြုအမူနဲ့ နဖူးတွေ့ဒူးတွေ့

တကယ်က ကျောင်းတက်ဖို့အစီအစဥ် သေချာသွားကတည်းက ဒီနိုင်ငံရောက်ရင် ဒီလူမျိုးရေးခွဲခြားခံရတဲ့ကိစ္စက တစ်ချိန်မဟုတ်တစ်ချိန်မှာ ကြုံလာရနိုင်တယ်ဆိုတာ ...