Saturday, October 14, 2023

ရောင့်ရဲနိုင်တဲ့ ဘဝ

 တကယ်က “ရောင့်ရဲနိုင်တဲ့ဘဝ” လို့သာ ခြုံငုံမိအောင် လိုတိုရှင်း ခေါင်းစဉ်တပ်လိုက်ပေမယ့် ပြောလိုရင်းက ခုတလော လုပ်ရင်းကိုင်ရင်း ဟိုတစ်စဒီတစ်စ တွေးဖြစ်နေတာလေးတွေရယ်၊ ပြီးခဲ့တဲ့တစ်ပတ်က အမေနဲ့တူတူရှိတုန်း ပြောဖြစ်တာတွေထဲ တစ်ချို့ကို ချရေးထားတဲ့သဘောပါပဲ။

ရောင့်ရဲနိုင်တာကို စေ့စေ့ငုငုမတွေးမိခင် တကယ်က ဒီကာလတွေမှာ ပျော်ရွှင်မှုဆိုတာ ဘာလဲဆိုတာ အရင်တွေးမိနေတာပါ။ ဘယ်က စသလဲဆိုရင် ပညာသင်ဆုအတွက် နောက်ဆုံးလူတွေ့မေးတဲ့ကဏ္ဍမှာမေးတဲ့ မေးခွန်း ၆ခုလောက်မှာ တစ်ခုက “ပျော်ရွှင်မှုဆိုတာကို နင် ဘယ်လို နားလည်သလဲ။ နင့်အတွက် ဘယ်လိုအရာတွေက ပျော်ရွှင်စေသလဲ။” ဆိုပြီး မေးခံရပါတယ်။ အမှန်အတိုင်းပြောရရင် တက်ချင်တဲ့ဘာသာနဲ့အလုပ်အတွေ့အကြုံတွေအကြောင်း အချက်အလက်၊ ဥပမာတွေနဲ့ အချိန်တိုတိုတွင်းမှာ ကျေကျေလည်လည်ဖြေနိုင်ဖို့ ပြင်ဆင်ထားပေမယ့် ဒီလို personality မေးခွန်မျိုးကို မပြင်ဆင်ထားခဲ့မိပါဘူး။ ကျနော်အတွက် “ပျော်ရွှင်မှုက အသက်အရွယ်အလိုက်တော့ပြောင်းလဲနေတယ်။ ၂၀-၂၅ လောက်တုန်းကတော့ အလုပ်ကောင်းကောင်းရချင်တယ်၊ ထိုက်သင့်တဲ့ဝင်ငွေရှိချင်တယ်။ နိစ္စဒူဝ အခြေခံလိုအပ်ချက်တွေကို ပြည့်ဝချင်တယ်။ အဲ့အရွယ်တုန်းက ကျနော့်ပျော်ရွှင်မှုက လက်တွေ့ဘဝအတွက် ပိုများတယ်။ ဒါပေမယ့် အသက်လေး ၃၀ ကျော်လာတော့ ဘဝက တကယ်ရှုပ်ထွေးတာပဲလို့ တွေးမိလာတယ်။ ဥပမာပြောရရင် ငါ ငယ်ငယ်က သိပ်ကြိုက်တဲ့ဟင်းတွေ ခုကျ ကြိုက်ချင်မှ ကြိုက်တော့တယ်။ အရင်က မကြိုက်တာတွေလည်း ခုဆို ကြိုက်လာတယ်။ အဲ့တော့ တွေးမိလာတာက ဘဝက တကယ်တော့ ပြောင်းလဲနေတာကြီး။ အဲ့ပြောင်းလဲနေတဲ့ဖြစ်စဉ်ကြီးကို တတ်နိုင်သမျှ သိချင်တယ်။ ကျနော်တန်ဖိုးထားတာတွေက ဘာလဲ။ ဘာတွေကိုတော့ ဘဝမှာ ဘယ်သူနဲ့မှ ဘာနဲ့မှ အလဲအထပ်မလုပ်ဖူးလို့ ဆုံးဖြတ်ထားလဲ။ အဲ့ဒါတွေကို နေ့စဉ် သိခွင့်ရဖို့ ကြိုးစားခွင့်ရှိနေတာ ငါ့အတွက် လောလောဆယ် ပျော်ရွှင်မှုထင်တယ်။” လို့ လက်တလော ခေါင်းထဲပေါ်သမျှ ဖြေခဲ့ပါတယ်။
အင်တာဗျူးက ပြီးသွားပေမယ့် မပြီးတာက ကျနော်ပါ။ အဲ့မေးခွန်းအကြောင်း ခေါင်းထဲ အချိန်တိုင်းနီးပါး ရှိနေပြီး တွေးဖြစ်နေပါတယ်။ ခု ကျနော် ပျော်ရဲ့လား။ တခါတလေ ပျော်လိုက်တာဆိုတာနဲ့ ကျေနပ်သဘောကျတာကလည်း နံရံတစ်ချပ်လို ပါးပါးလေး မဟုတ်လား။ ဘဝမှာ သူများကိုမေးရတဲ့မေးခွန်းထက် ကိုယ့်ကိုကိုယ်မေးရတဲ့မေးခွန်းတွေက အခက်ဆုံးဆိုတာ ပိုလည်း သိလာတဲ့ ကာလတွေဆိုလည်း ဟုတ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က အမေလာတော့ စကားတွေအများကြီးပြောဖြစ်ရင်း ကျနော်လောလောဆယ် ဖတ်ဖြစ်တဲ့စာအုပ်အကြောင်းရောက်သွားပါတယ်။ အိုပရာဝင်းဖရီးနဲ့ နာမည်ကျော် ဟားဗတ်တက္ကသိုလ်မှာ “ပျော်ရွှင်မှု” ဘာသာရပ်ကိုသင်တဲ့ ပါမောက္ခ အာသာဘရွတ်စ် တူတူရေးတဲ့ “Build the Life You Want: The Art and Science of Getting Happier” ဆိုတဲ့ စာအုပ်ပါ။ ဒီစာအုပ်က ပိုပြီးပျော်ရွှင်စရာကောင်းတဲ့ဘဝကို ဘယ်လိုရနိုင်မလဲဆိုတာ ဟားဗတ်ကဆရာက သူ သုသေတနလုပ်ထားတာတွေကို အခြေခံပြီးရယ်၊ အိုပရာက သူရဲ့ နှစ်ပေါင်း ၂၅နှစ်ကြာ လူမျိုးစုံကို အင်တာဗျူးလုပ်ခဲ့တဲ့အတွေ့အကြုံတွေကနေရတဲ့ သူ့ရဲ့အတွေးအမြင်တွေကို စုစည်းရေးထားတာပါ။ ကျနော် အကုန်ဖတ်မပြီးသေးပေမယ့် ဖတ်ပြီးသလောက်မှာ နားလည်သလောက် မျှရရင် စာရေးသူနှစ်ယောက်ရဲ့အဆိုအရ “ပျော်ရွှင်မှုဆိုတာ ဘဝရဲ့ ပန်းတိုင် (Goal) မဖြစ်သင့်ဘူး၊ ဦးတည်ချက် (Direction) ပဲ ဖြစ်သင့်ပါတယ်တဲ့။ ဘာလို့လဲဆိုရင် လူသားတွေရဲ့ ဘဝဆိုတာ ပျော်ရွှင်စရာတွေချည်းပဲ ရှိမှာမဟုတ်ပဲ အခက်အခဲတွေက မလွှဲမသွေ ရှိမှာပဲ။ ဒါတွေကို ဘယ်လို ရုန်းကန်မယ်၊ ကျော်လွှားမယ်၊ ကြံ့ကြံ့ခံ ဖြတ်သန်းမယ်ဆိုတဲ့ ဦးတည်ချက်ရှိတဲ့ စေ့ဆော်မှုကသာ ဘဝကို ပျော်ရွှင်စေနိုင်ပါသတဲ့။” နောက် ပျော်ရွှင်မှုဆိုတာ သူတို့အဆိုအရ “ဖန်တီးယူလို့ ရပါတယ်တဲ့။ စိတ်ပျက်စရာ၊ ပျော်စရာ ဘယ်လိုကိစ္စမဆို အဲ့လိုအဖြစ်အပျက်တွေနဲ့ ကာယကံရှင်လူသားတွေကြားမှာ လေဟာနယ် (Space) လေး ရှိပါတယ်တဲ့။ အဲ့ ကြားကွက်လပ်လေးက အင်မတန်ကိုလွတ်လပ်တယ်၊ သူတို့ကတော့ free space လို့ ရေးပါတယ်။ အဲ့ Space လေးကိုသာ ကျနော်တို့လူသားတွေက ကောင်းကောင်းသတိပြု၊ အသုံးချတတ်ရင် ပျော်စရာဖြစ်ဖြစ်၊ ဒေါသဖြစ်စရာဖြစ်ဖြစ် ဘယ်အရာမဆို ကိုယ်တိုင်က ဘယ်လိုတုန့်ပြန်မလဲဆိုတာကို ရွေးချယ်နိုင်ပါတယ်တဲ့။ အဲ့လို ခံစားချက်တွေက ကိုယ့်ကို စိုးမိုးနေတာမဟုတ်ပဲ ခံစားချက်တွေကို ကိုယ်က ပဲ့ကိုင်နိုင်တဲ့အခြေအနေက ကျနော်တို့လူသားတွေက လုပ်ယူလို့ရတယ်။ အဲ့အလေ့အကျင့်ကို မွေးမြူနိုင်ရင် ဘဝမှာ ပိုပြီး နေပျော်တဲ့သူဖြစ်ဖို့ အထောက်အကူ ဖြစ်တယ်လို့ ဆိုပါတယ်။
ကျနော့်အနေနဲ့တော့ mindfulness ကို ပို အလေ့အကျင့်လုပ်ခိုင်းတယ်လို့နားလည်ပါတယ်။ ကိုယ့်စိတ်ကို တတ်နိုင်သမျှ အချိန်တိုင်းမှာ သိအောင်ကြိုးစားပါလို့ တိုက်တွန်းချင်တဲ့သဘောပေါ့။ ဒီစာအုပ်မိတ်ဆက်ပွဲအနေနဲ့ စာရေးသူ၂ယောက်က အင်တာဗျူးတွေလည်းပေးကြပါတယ်။ အင်တာဗျူးတခုမှာ အိုပရာ ကို မေးတဲ့သူက “ရှင်က ပိုပြီးပျော်ရွှင်နေသာတဲ့ဘဝ ဘယ်လို တည်ဆောက်ယူနိုင်လဲဆိုတာ စာအုပ်ရေးတော့ ရှင်ကိုယ်တိုင်ရော ခု ပျော်ရွှင်တဲ့ဘဝ ရှိသလားတဲ့။

အိုပရာ (Oprah) ဖြေတဲ့အဖြေက ကျနော့်ကို တော်တော်လေး ဥာဏ်ပွင့်လင်းစေတာပါပဲ။ သူဖြေတာက
ကျမ ခုဆို အချိန်တော်တော်များများ ပျော်ရွှင်ပါတယ်။ တကယ်က ကျမ ပျော်ရွှင်တဲ့ဘဝလို့ပြောတာထက် ရောင့်ရဲကျေနပ်နိုင်တဲ့ (content) ဘဝ ရှိတယ်လို့ ပြောလို့ရပါတယ်။ နောက် ကျမကိုယ်ကျမ ဒီလိုအခြေအနေကိုလည်း သိပ်ကျေနပ်တယ်။ ဘာလို့လဲဆို ပိုက်ဆံချမ်းသာတဲ့လူတိုင်းလည်း ရောင့်ရဲနိုင်တဲ့စိတ်ရှိကြတာ မဟုတ်ဘူးတဲ့။”
အိုပရာက သူ့အင်တာဗျူးအစီအစဉ် ၂၅နှစ်ဆက်တိုက် လူကြည့်အများဆုံးအစီအစဉ်အနေနဲ့ အအောင်မြင်ဆုံးအချိန်မှာ ရပ်လိုက်တာပါ။ ဘာလို့လဲဆို သူ တော်သင့်ပြီ ထင်လို့တဲ့။ အောင်မြင်တဲ့နောက်မှာ ဝင်ငွေတွေပါတိုးလိုက်လာတဲ့အချိန် လောဘကို ရပ်နိုင်ဖို့ဆိုတာ တော်ရုံရောင့်ရဲနိုင်တဲ့စိတ်တော့ မဟုတ်ဘူးလို့ ကျနော်ထင်တယ်လေ။
စာအုပ်မပြီးသေးပေမယ့် အဲ့ဒီနားလေးမှာ သဘောပေါက် ဘဝင်ကျပြီး ခုထိ ရှေ့မဆက်နိုင်သေးပါဘူး။ ပျော်ရွှင်တဲ့ဘဝထက် ရောင့်ရဲကျေနပ်နိုင်တဲ့ဘဝရဖို့ပဲ ကြိုးစားချင်တော့တယ်လို့ အမေနဲ့ပြောဖြစ်ပါတယ်။
တကယ်က အဲ့ဒါနဲ့ဆက်စပ်ပြီး အမေနဲ့ ဆက်ပြောဖြစ်တာတွေလည်း အများကြီးပါပဲ။ A life with full of contentment ရဖို့ဆိုတာ သိပ်မလွယ်တဲ့အကြောင်းပါ။ ကျနော်တွေးမိသလောက်တော့ ချမ်းသာစရာမလိုပေမယ့် နေ့စဉ်ဘဝအတွက် မပူပင်ရတဲ့ငွေကြေးပမာဏတစ်ခု ရှိဖို့လိုပါတယ်။ ကျန်းမာရေးကောင်းဖို့လည်း လိုမယ်။ ဘဝမှာ ကိုယ့်ဘာသာလုပ်ခဲ့တဲ့အမှားတွေအတွက်ရော၊ သူတပါးက ကိုယ့်အပေါ်ကျူးလွန်ခဲ့တဲ့အမှားတွေကိုရော ကိုယ့်ဘာသာလက်ခံခွင့်လွှတ်နိုင်ဖို့လည်း လိုမယ်ထင်ပါတယ်။ နောက် ကျေးဇူးတင်အသိအမှတ်ပြုတတ်တဲ့စိတ် ထားတတ်ဖို့လည်း လိုမယ် - နေ့စဉ် အသက်ရှင်ခွင့်ရနေတာကစလို့ ကိုယ်နဲ့သူတပါး ၂ဖက်လုံးမှာ ကိုယ်အားနှုတ်အားနဲ့ ကူညီထောက်ကူကြတာတွေအဆုံးပေါ့။
ရောင့်ရဲနိုင်တဲ့ဘဝရဖို့ သိပ်တော့မလွယ်လှပေမယ့် ကြိုးစားမယ်ဆို ဖြစ်နိုင်မယ်ထင်ပါတယ်။ အဲ့စာအုပ်အပြီးထိဖတ်ပြီးမှ ကျနော့် စာအုပ် album မှာ မျှပါဦးမယ်။


Thursday, August 31, 2023

I have some good news!

I am thrilled to have been selected as a Lincoln scholar. This has been a dream that I dreamed of for so long, yet this is only the very beginning of my journey. I'm sharing this piece of news here, hoping to be a bit source of motivation for those who have the same dream but may be hesitant for some reasons or demotivated after many times of not succeeding, like I was, to kickstart or retry your applications.

Many thanks to everyone who pushed me, cheered me, supported me and believed in me to get this through successfully after countless failures.
Repeating here the truth: People win scholarships not because they are geniuses but because they applied. Take a look at a few scholarships that are currently open or will soon become available.
Despite the tremendously challenging time we have been going through, your dreams are worth pursuing. Keep pushing, and let me know if I can help in any way.

Sunday, January 22, 2023

Festivals are for unity, not for divisions

Festivals are meant to unite people because they have power to bring people together. In fact, I believe that festivals are good events to learn each other, different cultures and traditions - people to people - with fun mood because none of the festivals is based on haterd and discrimination. So, I do not believe we do need to be Chinese to celebrate Chinese new year or similarly we do not need to be Christian to enjoy Christmas. 

I’m sick of people making jokes on social media by using many memes saying “the non-Chinese are enjoying Chinese New Year much more than Chinese People.” I have seen the same such sentiment during the Christmas time, claiming “non-Christian are enjoying Christmas than the Christian.” To enjoy water festival in celebration of Myanmar New Year, does anyone make case that who you are and what religion you follow? That simple.

Superficially, it seems like jokes and fun but it all very much is based on racial identifications. To me, festivals are intercultural; celebrating them is a choice. You can celebrate and learn whatever festival is if you want to regardless of race and religion. I’m a half Chinese, but I do not celebrate this year even last year because I am not in the mood to enjoy it amidst tons of messes and challenges we all face. It’s all about a matter of choice. 

We all need to be sensitive in all the ways - if we all are determined to build a fairer, more diverse and inclusive union beyond this revolution.

Tuesday, January 10, 2023

ယောနိသော မနသိကာရ

 “ယောနိသော မနသိကာရ” ဆိုတဲ့ပါဠိစကားစုကို ဟိုတစ်ရက်ကမှ တစ်နေရာမှာ ဖြတ်ခနဲဖတ်မိလိုက်ပြီးကထဲက စိတ်ထဲ ဒါနဲ့ဆက်စပ်တာတွေပဲ တွေးမိနေလို့ မှတ်စုလေးတော့ ချရေးထားမှလို့ စိတ်ကူးပြီး တို့ထားလိုက်ပါတယ်။ မြန်မာလို နားလည်သလောက်ဆို “သင့်တင့်မှန်ကန်တဲ့ စိတ်နှလုံးကို ရှေ့ရှုနိုင်တဲ့စိတ်နေသဘောထား”လို့ ပြန်လို့ရမယ်ထင်တယ်။ အဲ့လိုစိတ်ထားက ငယ်ငယ်ကမှ တော်တော်လေးရှိခဲ့သေးတယ်။ နဲနဲသိတတ်တဲ့အရွယ်ရောက်ကထဲက မိဘတွေ လက်လှမ်းမမှီနိုင်တာတွေဆို မပူဆာတတ်ခဲ့ဘူး။ လုပ်ငန်းခွင်ရောက်စကလည်း ဒီလိုပဲ။ ရုပ်ပစ္စည်းတွေအပေါ်မှာဖြစ်စေ၊ ဂုဏ်ဒြပ်တွေအပေါ်မှာဖြစ်စေ မရလို့ မပူလောင်တတ်ခဲ့ဘူး။ 


ဒီနှစ်ပိုင်းတွေမှာ “ယောနိသော မနသိကာရ” ဆိုတာကို သိစိတ်ကရော၊ မသိစိတ်ကရော အတော်လေးကို ကုန်ခမ်းနေခဲ့တာကို ဒီစာလေးဖြတ်ခနဲ ပြန်ဖတ်မိပြီး ဆက်တွေးမိနေမှ ကိုယ့်ဘာသာ သတိထားမိတယ်။​ မျှော်လင့်ထားသလို ဖြစ်မလာရင် ဒါမှမဟုတ် မမျှော်လင့်ထားတာတွေဖြစ်လာရင် ဒေါသတွေကြီး။ ငါ့မှ ဒီလိုဖြစ်ရသလား၊ မဖြစ်ရကောင်းလားလို့ စိတ်က လောင်မြိုက်လို့မဆုံး။​ စိတ်တွေမကြည်လင်။ မတည်ငြိမ်။ စိတ်နှလုံးမချမ်းသာတော့ ဘာအတွက်ပဲဖြစ်ဖြစ် ရှေ့ဆက်နိုင်ဖို့ ခက်တယ်။ 

ကျနော် အမေနဲ့စကားပြောတိုင်း ပြောဖြစ်တာရှိတယ်။​ ချမ်းသာဖို့ထက် ကိုယ့်ကိုကိုယ် အကောင်းဆုံး ရှာဖွေတွေ့ရှိနိုင်တဲ့သူပဲ ဖြစ်ချင်တယ်။ အဲ့ဒါ ကျနော်ရဲ့ အတ္တိမရည်မှန်းချက်ပဲ။ ကျနော့်ဘဝမဆုံးမချင်း အရာအားလုံးဟာ ပြောင်းလဲနေမှာ။ ဥပမာ ကျနော် ငယ်ငယ်က ပဲတို့၊ ခရမ်းချဥ်းသီးတို့ သိပ်မကြိုက်ပေမယ့် ခု အလွန်ကြိုက်တဲ့အစာတွေ ဖြစ်လာတယ်။ အလားတူပဲ ကျနော် ဘာတွေကို တန်ဖိုးထားလဲ။ ဘာတွေကတော့ ကျနော်ဘဝဆုံးတဲ့အထိ သယ်ဆောင်သွားချင်တဲ့အရာတွေလဲ။ အချိန်ရယ်၊ တွေ့ကြုံလာရတဲ့အဖြစ်အပျက်တွေရယ်အပေါ် မူတည်ပြီး ဒီတန်ဖိုးထားတွေဟာ ပိုနက်ရှိုင်းလာချင်လာမယ်၊ ပြောင်းလဲချင်လည်း ပြောင်းလာမယ်။​ ဒီဖြစ်စဥ်တွေမှာ ကျနော့်ကိုကျနော် အကောင်းဆုံး သိနေနိုင်သူ ဖြစ်ချင်တယ်။ ဒီရည်မှန်းချက်အတွက် ယောနိသော မနသိကာရ ဆိုတာကို နှလုံးမသွင်းနိုင်ပဲ မဖြစ်နိုင်ဘူးလို့ တွေးရင်းမှ နားလည်လာပါတယ်။ မှန်ကန်သင့်တင့်တဲ့စိတ်သဘောထားမရှိနိုင်ပဲ ကိုယ့်ကိုကိုယ်ရှာဖွေတွေ့ရှိဖို့ မဖြစ်နိုင်ပါဘူး။ 

အပြောလွယ်၊ အတွေးလွယ်ပေမယ့် အမြဲကျင့်သုံးလိုက်နာဖို့ကျ ခက်တယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့ကစပြီး ယောနိသော မနသိကာရကို အရင်ထက်ပိုနှလုံးသွင်းနိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါမှပဲ  စိတ်နှလုံး ကြည်ကြည်မွေ့မွေ့နဲ့ ရှေ့ဆက်နိုင်မယ် ယုံပါတယ်။ 

နစ်သစ်မှာ ကျနော့်အတွက် ကျနော် ပေးဖြစ်တဲ့ကတိဖြစ်ပါတယ်။ 





Cooking with memories

Every time I cook, I’m abounding with sweet memories of my grandma. Every summer, all of us— six cousins used to gather at our grandparents&...