Friday, March 28, 2025

Why Us – All the Time?

This is the question I ask myself these days - why me and why us all the time? 




Wednesday, March 19, 2025

Both Sides Now

I write this essay inspired by the song ‘Both Sides Now’ by Joni Mitchell.

 

Rows and floes of angel hair…

And ice cream castles in the air…

And feather canyons everywhere…

I’ve looked at clouds that way…

 

But now they only block the sun…

They rain and snow on everyone…

So many things I would have done…

But clouds got in my way…

 

I’ve looked at clouds from both sides now…

From up and down, and still somehow…

It’s cloud illusions I recall…

I really don’t know clouds at all…

It has been 291 days since I left my family, friends, and colleagues – my entire community behind and living abroad – in a completely new society with new cultures. With that, every day, I discover more about myself. It is an adventure, much like I am traveling through the jungle – you have to pave your own way: you may have moments of excitement at seeing new things, you may have moments to prove your identity in one way or another, you may have barriers to overcome, you may meet travelers like you along the way, you may have small victories to celebrate and moments when you make people feel loved. But you will also make mistakes and missteps that hurt yourself and others.

Living out of my own country seems to be a new level of experience, growth, and reward. But it also carries the pain of longing and the struggle to belong truly. It is both a reality and an illusion, like a head and tail in a coin.


Moons and Junes and Ferris wheels…

The dizzy dancing way you feel…

As every fairy tale comes real…

I’ve looked at love that way…

 

But now it's just another show…

You leave 'em laughing when you go…

And if you care, don't let them know…

Don't give yourself away...

 

I've looked at love from both sides now..

From give and take, and still somehow…

It's love's illusions I recall…

I really don't know love at all…

Looking back on my life, I was – and still am – a very ordinary, average guy who grew up in (what was once a peaceful) central region of Myanmar (Burma). I got a public education that focused on rote memorization under the complete control of the (previous) military regime. We had a library that was locked forever –  I only had two weekly journals and one monthly literature magazine to read.

On a daily basis, it was painful to see my parents struggling. It was painful to be too dependent on relatives and I was not able to have the capability yet to control my own life. My childhood was quiet intellectually and filled with unspeakable wounds internally. I felt like I was being broken into pieces, yet life forced me to run through one trial to the next without having the time to fix what had already fallen apart inside me.   

 

Tears and fears and feeling proud…

To say "I love you" right out loud…

Dreams and schemes and circus crowds…

I've looked at life that way…

Yet, through all of this, I have also known what it is like to feel loved, to feel warmth, support and compassion. And I have realized that love is not always about wanting to be loved or to love. I learned it from my relationship with my father, where I once tried to define myself by what I did not want to be like him. But looking at both sides now, I understand that I’m shaped by both what I embrace and what I reject.

In my journey of self-discovery, I have learned that we carry stories within us – stories of pain and doubts but also of resistance, resilience, and hope. Some days, I want to crawl into bed, do not want to do anything, and struggle even to eat. But most days, I get up, dress up, put on a smile, and do what I am supposed to do, cry a bit along the way and share what I am going through with my loved ones. It is like I want to be in the fairytale, and I have my life clock to keep going in reality.

I now realize that we will forever carry our past with us and may never fully understand life. But, what would make us different is reclaiming our painful experiences and making sense of our lives – to live, love, and share – one story at a time.

 

But now old friends are acting strange…

They shake their heads, they say I've changed…

Well something's lost, but something's gained…

In living every day…

With the broken pieces inside me, my whole life has been a struggle with all kinds of relationships – I have had bumpy friendships and some romantic relations that I wish could last yet they fell apart one after another. There were times when some relationships hurt me, and I hurt them back. There were times when my ego was bigger than my love. There were times when I was ready to forgive, yet I was not asked to forgive. And then, friends turn into strangers. I almost do not want to keep trying to warm up with the relationship with my father.

 

I've looked at life from both sides now…

From win and lose and still somehow…

It's life's illusions I recall…

I really don't know life at all…


I've looked at life from both sides now…

From up and down and still somehow…

It's life's illusions I recall…

I really don't know life at all…

I have never been someone who enjoys celebrating birthdays. A birthday to me means one more yesterday and one less tomorrow. I am approaching 33 in just a few weeks in a raw. In Myanmar, the average life expectancy is 67 years. Said that half of my life was already behind me. Lately, I find myself thinking about myself being dead more frequently.

I ask myself: I have lived on this earth for nearly 33 years. Do I dare enough to see myself from both sides truly? Have I fully embraced my strengths as much as my flaws? Have I unlearned enough while racing to learn many new things? Have I dared enough to live fully?

Maybe I will never fully understand life, love, and even myself. Maybe none of us really do. But if there is one thing I am sure of, it will be this: I will try to keep looking, questioning, and embracing both the light and dark. I will live. I will love. And I will share. I will suffer. I will heal. And I will begin again.

Because, in the end, understanding life is not the whole point – living it is. 










Wednesday, March 12, 2025

စောင့်ကြည့်ကြိုးကိုင်ခြယ်လှယ် အရင်းရှင်စနစ် (Surveillance Capitalism)

ဒီဒုတိယစာသင်နှစ်ဝက်မှာ နိုင်ငံရေးသိပ္ပံဌာနက ပါမောက္ခတစ်ယောက်ရဲ့ “အရင်းရှင်စနစ်နဲ့ဒီမိုကရေစီ” ဆိုတဲ့အတန်းကို ယူဖြစ်ပါတယ်။​ အတန်းမှာ လက်ယာယိမ်း၊ လက်ဝဲယိမ်း သီအိုရီတွေနဲ့ရော ခေတ်တစ်ဖြတ်ချင်းအလိုက်၊ တစ်ကမ္ဘာလုံးကြုံခဲ့ရတဲ့ စီးပွားရေး၊ ကျန်းမာရေးကပ်ဘေးတွေနဲ့အတူ ချိန်ထိုးပြီး အရင်းရှင်စနစ်နဲ့ဒီမိုကရေစီက ဘယ်လို တစ်လှည့်စီပြောင်းလဲသွားသလဲဆိုတာကို လေ့လာရပါတယ်။ တချို့အတန်းချိန် အထူးသဖြင့် အရင်းရှင်စနစ်တွေအကြောင်း အလေးပေးပြောတဲ့အချိန်တွေဆို ကျနော်အတွက် လေးလံလို့ မနည်းနားလည်အောင် လုပ်ရပါတယ်။ ဒါပေမယ့် ဒီစာသင်တန်းတစ်ဝက်ကျိုးတော့ စာမေးပွဲဖြေအပြီးမှာ ဒီအတန်းမှာ အရင်ကမသိခဲ့တာတွေ တော်တော်သိသွားပါလားဆိုပြီး နှစ်ထောင်းအားရဖြစ်မိပါတယ်။ ဒါနဲ့ အင်စပိုင်းယားဖြစ်ပြီး ဒီနွေဦးအကြိုအားလပ်ရက်တစ်ပတ်မှာ ဟိုစပ်စပ်ဒီစပ်စပ် စာလိုက်ထပ်ဖတ်ကြည့်ရင်း ဒီ Surveillance Capitalism လို့ခေါ်တဲ့ စောင့်ကြည့်ကြိုးကိုင်ခြယ်လှယ် အရှင်းရှင်စနစ်အကြောင်း နဲနဲဖတ်မိသွားလို့ နားလည်ထားတာလေး ပြန်မျှချင်ပါတယ်။​


ဒီအခေါ်အဝေါ်ကို အရင်ကတည်းက ဖီလစ်ပိုင်နိုင်ငံသူ နိုလ်ဘယ်ငြိမ်းချမ်းရေးဆုရှင် မာရီယာရာဆာပေးတဲ့ လက်ချာတစ်ခု  YouTube ကနေနားထောင်မိတော့ သူအကြမ်းဖျဥ်းလေးပြောသွားလို့ ကြားမိမှတ်မိပေမယ့် ဘာသိဘာသာပါ။ ခု ဒီအရင်းရှင်စနစ်အတန်းလည်းယူနေတော့ စိတ်ဝင်စားသွားတာနဲ့ ပြန် ထပ်တူးဆွကြည့်မိသွားပါတယ်။ ဒီစကားလုံးကို ဟားဗတ်တက္ကသိုလ်ကပါမောက္ခ ရှောရှားနာ ဇူဘော့ဗ် (Shoshana Zuboff) က သူ့ရဲ့ ၂၀၁၉ခုနှစ်မှာထုတ်တဲ့ The age of Surveillance Capitalism (စောင့်ကြည့်ကြိုးကိုင်ခြယ်လှယ် အရင်းရှင်စနစ်ရဲ့ခေတ်) ဆိုတဲ့စာအုပ်ထုတ်ပြီး စ မိတ်ဆက်ခဲ့ပါတယ်။​ ဒီစာအုပ်က အဓိကအားဖြင့် ကယ်လီဖိုးနီယားပြည်နယ်၊ စီလီကွန်တောင်ကြားက နည်းပညာကုမ္ပဏီတွေရဲ့တီထွင်အသုံးပြုနေတဲ့ စီးပွားရေးပုံစံကို လေ့လာသုံးသပ်ထားပြီး ‘စောင့်ကြည့်ကြိုးကိုင်ခြယ်လှယ်’ တဲ့ နောက်ဆုံးပေါ် အရင်းရှင်စနစ်ပုံစံအသစ်တစ်မျိုးလို့ သုံးသပ်သတိပေးထားတာ ဖြစ်ပါတယ်။​


ကျနော်တို့တွေအချင်းချင်းကြား အမြဲအံ့သြစွာပြောနေကြတဲ့ကိစ္စကို ဒီစာအုပ်ကအဖြေထုတ်ပေးထားပါတယ်။​ တခုခုဝယ်ချင်တာ၊​လိုချင်တာ၊ စားချင်တာ အချင်းချင်းကြားပြောမိပြီး ဖေ့ဘုတ်ကိုဖွင့်လိုက်ရင် ကျနော်တို့ပြောတဲ့ပစ္စည်းကြေငြာတွေ ကိုယ့်ဖေ့ဘုတ်ခ်မှာ လာပြနေတာ။ တစ်ညတာအပျော်ဒိတ်လိုက်တဲ့လူရဲ့ Facebook အကောင့်တို့၊​ ကျောင်းတုန်းကသူငယ်ချင်းတွေရဲ့မိတ်ဆုံစားပွဲသွားလိုက်ပြီး သိပ်မကြာခင်မှာပဲ ကိုယ့် Facebook က People You may Know လို့ပြောတဲ့ “နင်တော့ ဒီလူကို သိမလားပဲ၊ အဆက်သွယ်လုပ်ချင်လားမသိ” ဆိုပြီး လာပြနေတာမျိုး၊ အလားတူအများကြီးပါ။ ကျနော်တို့က ဒါတွေကို ဖြစ်ဖြစ်ချင်း တဒဂ်အတွင်းတော့ တအံ့တသြ ပြောလိုက်ကြပေမယ့် နောက်မိနစ်ပိုင်းအတွင်း ဒီကိစ္စကိုမေ့ထားလိုက်ပြီး လုပ်စရာရှိတာ ဆက်လုပ်ဖြစ်သွားတာပါပဲ။​ တကယ်က ဒါ ပါမောက္ခဇူဘော့ဗ်ပြောတဲ့ စောင့်ကြည့်ကြိုးကိုင်ခြယ်လှယ်အရင်းရှင်စနစ် (Surveillance Capitalism) ရဲ့လက်ချက်ပါပဲ။ တခါတလေ ကိုယ်လိုချင်တာကိုပြောပြီးသိပ်မကြာခင် လျော့စျေးနဲ့ပစ္စည်းကြေငြာပေါ်လာလို့ လိုချင်တာ မိနစ်မဆိုင်းရသွားရင်၊ ကိုယ်အဆက်သွယ်ဆက်လုပ်ချင်တဲ့သူတွေကို ခက်ခက်ခဲခဲမရှာလိုက်ရပဲ Facebook  ပေါ်ဆက်သွယ်ခွင့်ရသွားရင် ကျေနပ်ဝမ်းသာတောင် ဖြစ်သွားကြတယ်မဟုတ်လား။​ နည်းပညာကုမ္ပဏီတွေကတော့ ဒါကို သူတို့ရဲ့ ကောင်းသထက်ကောင်းအောင် ဝန်ဆောင်မှုပေးတာလို့ အကြောင်းပြထားပေမယ့် တကယ်က သူတို့ရဲ့စီးပွားရေးပုံစံအရ အဲ့လို မရိုးရှင်းပါဘူးလို့ ပါမောက္ခဇူဘော့ဗ်က ပြောပါတယ်။


ဒီစီပွားရေးဒီဇိုင်းကို Google ကုမ္ပဏီက ၂၀၀၀ ခုနှစ်အစောပိုင်းတွေကတည်းကစပြီး စမ်းသပ်သုံးစွဲပြီး ၂၀၁၃-၁၄ ခုနှစ်တွေမှာတော့ နည်းပညာကုမ္ပဏီတွေအားလုံး သုံးစွဲလာကြပါတယ်။​ ဒီလိုနဲ့ သူတို့က ဝန်ဆောင်မှုလို့ပြောတဲ့ ဒစ်ဂျစ်တယ်ကမ္ဘာထဲမှာ ကျနော်တို့တွေရဲ့ ပုဂ္ဂလိကအချက်အလက်တွေ၊ ခံစားချက်တွေကအစ နည်းပညာကုမ္ပဏီတွေဆီကို မသိမသာ ကျေကျေနပ်နပ်ပေးနေမိတာပေါ့။ ပါမောက္ခဇူဘော့ဗ်ကတော့ ကျနော်တို့ဂူးဂဲလ်မြေပုံကိုအသုံးပြုပြီး လိုရာခရီးကို ချောချောမွေ့မွေ့ရောက်ပေမယ့် Google ကုမ္ပဏီက ကျနော်တို့ဘယ်လိုနေရာတွေကို ခရီးသွားတတ်တယ်၊ ဘယ်လို ပို့ဆောင်ရေးအမျိုးအစားတွေကို သုံးတတ်တယ်၊ ကားမောင်းရင်တောင် တစ်နာရီ ဘယ်နှစ်မိုင်နှုန်းနဲ့မောင်းတတ်တယ်ကစလို့ ကျနော်တို့ရဲ့အချက်အလက်တွေကို သူတို့က စက္ကန့်နဲ့အမျှရနေတာလို့ သတိပေးပါတယ်။ တခါ Facebook ဆိုရင်လည်း ကျနော်တို့ရေးတဲ့စာတွေ၊ တင်တဲ့ပုံတဆင့် ယေဘုယျမျက်နှာပုံသဏ္ဍန်တွေကို တူရာတူရာစု မှတ်ထားတာ၊​ ဆက်သွယ်စကားပြောတဲ့အခြေအနေတွေအပေါ်အခြေခံပြီး  ဒီလူကတော့ ဘယ်လို စိတ်သဘောထားရှိတဲ့သူမျိုး၊​သူ့မိတ်ဆွေအပေါင်းအသင်းတွေက နည်းပညာလောကကလား၊​ ကျန်းမာရေးဝန်ထမ်းတွေများလား စသဖြင့် ကျနော်တို့ရဲ့ လူမှုဆက်ဆံရေးပုံသဏ္ဍန်တွေကအစ အချက်အလက်တွေရနေတာပါ။​


နည်းပညာကုမ္ပဏီတွေအတွက် သုံးစွဲသူ (user) လို့ခေါ်တဲ့ ကျနော်တို့တွေက သူတို့ရဲ့ဖောက်သည်တွေလို့ ထင်ယောင်ထင်မှားဖြစ်စရာရှိပေမယ့် တကယ်က မဟုတ်ပါဘူး။ ကျနော်တို့က သူတို့ရဲ့ကုန်ပစ္စည်းတွေပါ။ သူ့တို့ရဲ့ အံ့မခမ်းနည်းပညာထီထွင်ဖန်တီးမှုတွေကို အလကားနီးပါးပေးသုံးထားပြီး ကျနော်တို့ရဲ့အချက်အလက်တွေကို သူတို့က စက္ကန့်မလပ်ရနေတာပါ။ ဒီအချက်အလက်တွေကို သူတို့က တခြား စီးပွားရေးကဏ္ဍအသီးသီးကို ပြန်ရောင်းစားပါတယ်။​ ဥပမာဆိုပါတော့... ပုဂ္ဂလိကလေကြောင်းလိုင်းကုမ္ပဏီက ခရီးသွားရာသီအတွက် အရောင်းမြှင့်တင်ရေးလုပ်ချင်ရင် နည်းပညာကုမ္ပဏီတွေကနေ သူတို့ ပရိုမိုးရှင်းလုပ်ချင်တဲ့ နေရာဒေသကလူတွေရဲ့ အချက်အလက်တွေကို ဝယ်တာပေါ့။ အသက်အရွယ်အပိုင်းအခြားဘယ်လောက်တော့ဖြင့် ဘယ်လိုနေရာတွေကိုသွားရတာကြိုက်တယ်၊​ ပျမ်းမျှအားဖြင့် ပိုက်ဆံဘယ်လောက်သုံးနိုင်တယ်​၊ လေယာဥ်နဲ့သွားရတာကြိုက်တယ်၊ လေယာဥ်လက်မှတ်ကို ဘယ်လိုအချိန်တွေမှာ ဝယ်တတ်တယ် စသဖြင့်အစုံအလင်ရောင်းစားလိုက်ပါတယ်။ လေကြောင်းလိုင်းကုမ္ပဏီက ဒီအချက်အလက်တွေအပေါ်မူတည်ပြီး ကျနော်တို့အတွက်အကြိုက်တွေ့နိုင်မယ့် ပရိုမိုးရှင်းတွေကို လာကြေငြာတာပါ။​


ပါမောက္ခဇူဘော့ဗ်ထောက်ပြတဲ့ အဲ့ဒါထက်မရိုးရှင်းတဲ့ စိုးရိမ်စရာကောင်းတဲ့ကိစ္စတွေရှိပါသေးတယ်။ အာဏာရှင်အစိုးရ ဒါမှမဟုတ် အာဏာရှင်ဆန်ဆန်ကျင့်သုံးတဲ့ ဖားတစ်ပိုင်းငါးတစ်ပိုင်းအစိုးရတွေက နည်းပညာကုမ္ပဏီတွေကနေ သူတို့ကိုဆန့်ကျင်နိုင်တဲ့သူတွေရဲ့ အချက်အလက်တွေကို ဝယ်တာမျိုးပါ။ ဒီလိုနည်းလမ်းနဲ့ ဟောင်ကောင်ဒီမိုကရေစီဆန္ဒပြပွဲတွေ တစ်ဖြေးဖြေးအားလျော့သွားတာ၊ တရုတ်ပြည်မထဲက မူဆလင်လူနည်းစုတွေကို ဖိနှိပ်ဖို့သုံးတာ စသဖြင့်  မလျှော်မကန်သုံးတာတွေပါ ရှိလာပါတယ်လို့ သတိပေးထားပါတယ်။​


ဒီစာအုပ်ကို သုံးသပ်ချက်ပြန်ရေးတဲ့ Olivia Belovich ဆိုတဲ့ ပါရဂူဘွဲ့ကျောင်းသူကတော့ စောင့်ကြည့်ကြိုးကိုင်ခြယ်လှယ်အရင်းရှင်စနစ်က လူတွေရဲ့ဘဝကို ပိုအဆင်ပြေအောင်၊ သက်တောင့်သက်သာဖြစ်အောင်ကူညီပေမယ့် ဒါ့အတွက်ပြန်ပေးလိုက်ရတဲ့အဖိုးအခကတော့ အားလုံးရဲ့အချက်အလက်တွေနဲ့အိုင်ဒန်ဒတီတွေပါပဲလို့ ပေါ်လွင်အောင်ရေးထားပါတယ်။ တကယ်လည်း ဒါကအမှန်ပါ။ ဝက်ဘ်ဆိုက်တစ်ခုကိုဝင်တာနဲ့မေးတယ်လေ၊ နင်နောက်တခါဝင်ရင် လျှို့ဝှက်စကားလုံး (password) ရိုက်ထည့်စရာမလိုအောင် ငါသိမ်းထားပေးရမလား မေးတယ်လေ။ ကျနော်တို့ကလည်း အပျင်းကြီး၊ အဆင်ပြေချင်တော့ save ဆိုတာလေးနှိပ်လိုက်တာနဲ့ ကိုယ်အဲ့ဝက်ဘ်စာမျက်နှာမှာသုံးတဲ့အချက်အလက်တွေ ဘာတွေလုပ်တယ်ဆိုတာပါ အဲ့နည်းပညာကုမ္ပဏီက အကုန်ရသွားပါတယ်။​


ဒီလိုဖြစ်တာက ကျနော်တို့လူသားတွေညံ့လို့၊ မသိနားမလည်လွန်းလို့မဟုတ်ပဲ နည်းပညာကုမ္ပဏီတွေရဲ့ ဒီနည်းပညာသုံးစွဲမှုတွေဟာ ကျနော်တို့သာမန်လူတွေအတွက် ဘယ်လိုလုပ်တယ်၊ ဘယ်လိုဖြစ်နေတယ်ဆိုတာကို လက်လှမ်းမှီနိုင်မှုမရှိတာကြောင့်ရယ်၊ သူတို့လုပ်ပုံကိုင်ပုံတွေက ပိရိပြီး အကွက်ကျကျဖြစ်လွန်းလို့ အဲ့ထဲလူတွေမျှောသွားတာလို့ ပါမောက္ခဇူဘော့ဗ်က ရှင်းပါတယ်။ ကျနော်တို့ဆီကအချက်အလက်တွေကို အဓမ္မယူတာမဟုတ်ပဲ ကျနော်တို့ရဲ့လိုလိုချင်ချင်ပေးတဲ့ သဘောထားနဲ့ယူတာပါ။ ဒါပေမယ့် တစ်ဖက်မှာလည်း အဆင်ပြေချော့မွေ့မယ့် သက်သာရေးနည်းလမ်းတွေနဲ့ မက်လုံးပေးပြီး သဘောမတူချင်တူချင်အောင် ကြိုးကိုင်ခြယ်လှယ်တာလို့ ထောက်ပြပါတယ်။ သူကတော့ စောင့်ကြည့်ကြိုးကိုင်ခြယ်လှယ် အရင်းရှင်စနစ်က လူသားတွေကို ကမ္ဘာ့လေဟာပြင်အကျဥ်းထောင်ကြီးထဲ ထည့်ထားတာလို့ တင်စားပြီး သတိပေးပါတယ်။ နိုလ်ဘယ်ဆုရှင် မာရီဆာရာဆာကလည်း ဖိလစ်ပိုင်မှာ ဒူတာတေးက ပထမအာဏာရှင်ဆိုရင် ဖေ့ဘုတ်က အဲ့ဒါကိုနည်းပညာနဲ့အားပေးအားမြောက်လုပ်တဲ့ ဒုတိယအာဏာရှင်လို့ ပြောဖူးပါတယ်။​ ဒူတာတေးမူးယစ်ဆေးနှိမ်နင်းမှုကနေ လူ ၃သောင်းကျော် အသက်သေတာ၊​ ဖိလစ်ပိုင်မီဒီယာတွေကိုနှိပ်ကွပ်၊ လူထုရဲ့သတင်းရပိုင်ခွင့်ကိုထိန်းချုပ်ပြီး နည်းပညာအကူအညီနဲ့သတင်းလွှဲ၊ သတင်းမှားတွေလွှင့်တာတွေကို ထောက်ပြ ပြောဆိုတာပါ။


ဒါဖတ်ပြီးသိပြီး ကျနော်တော့ အားအင်ကုန်ခမ်းပါတယ်။ ၂၀၀၉၊ ၁၀ ကာလတွေမှာ လူမှုကွန်ယက်နည်းပညာတွေက ကမ္ဘာကြီးကိုပိုနီးကပ်စေတယ်ဆိုတဲ့ အကောင်းမြင်တဲ့လှိုင်းလုံးက ကျဆုံးလုလုဖြစ်နေပါပြီ။ တကယ်လည်း စောင့်ကြည့်ကြိုးကိုင်ခြယ်လှယ်တဲ့အရင်းရှင်စနစ်ကို မဆင်မခြင်သုံးတဲ့နည်းပညာသမားတွေရဲ့ ပါဝါအာဏာက အဆမတန်တတ်တဲ့လှိုင်း မြင့်နေပါတယ်။ ဒီမိုကရေစီကို ဆက်ရွေးချက်မလား၊​ စောင့်ကြည့်ကြိုးကိုင်ခြယ်လှယ်တဲ့အရင်းရှင်စနစ်ရဲ့ဇာတ်မှာပဲ ကမ္ဘာလူသားတွေဆက်မျောကြလေဦးမလား။ ဒီတစ်လှိုင်းမှာ အရင်းရှင်စနစ်နဲ့ဒီမိုကရေစီ ဘယ်လိုစံနှုန်းအပြောင်းအလဲတွေနဲ့ ပါဝါချိန်ခွင်ညှိကြမလဲ စိတ်ဝင်စားစရာပါ။


“အရင်းရှင်စနစ်နဲ့ဒီမိုကရေစီ” အတန်းအစမှာ ဆရာက ဒီမိုကရေစီနဲ့အရင်းရှင်စနစ် တစ်ခုနဲ့တစ်ခု ဘယ်လိုအကျိုးပြုသလဲ၊ ဘယ်လို ပျက်စီးစေသလဲ အဆိုင်မဲန့်မေးတာမှာ အရင်းရှင်စနစ်အလွန်အကျွံ့ကြီးထွားလာတာက ဒီမိုကရေစီကိုဆုတ်ယုတ်စေတယ်ဆိုတာကို လက်ရှိအဖြစ်အပျက်တွေနဲ့ဥပမာပေးပြီး ဖြေဖြစ်ပါတယ်။​ စာသင်ပတ် ၇ပတ် သီအိုရီအမျိုးမျိုးအဖုံဖုံသင်ပြီး mid-term စာမေးပွဲမှာတော့ ဒီမိုကရေစီနဲ့အရှင်းရှင်စနစ်ကြား ဆက်နွယ်မှုကို အတန်းပထမပတ်မှာ ကိုယ်ဖြေခဲ့ကြသလို ယုံကြည်တုန်းလား၊​ ခု စာ ၇ပတ်သင်ပြီးတော့ ပြောင်းလဲသွားလား၊​ ဘာလို့ပြောင်းလဲလဲ၊ ဘာကြောင့်မပြောင်းလဲသလဲ ရေးဆိုလို့ အထိန်းအထေမရှိတဲ့ အရင်းရှင်စနစ်အလွန်အကျွံ့ကျင့်သုံးမှုက ဒီမိုကရေစီစံနှုန်းတွေနဲ့ အင်စတီကျူးရှင်းတွေကို ပျက်စီးစေတုန်းပဲဆိုတာ ယုံကြည်ဆဲပဲဆိုတာရယ် ဒီမိုကရေစီကိုသာ ဒင်ပြည့်ကျပ်ပြည့်ကျင့်သုံးနိုင်တဲ့လူ့အဖွဲ့အစည်းမှာ လွပ်လပ်တဲ့စျေးကွက်စီးပွားရေးလို့အယောင်ဆောင်ခေါ်ပြီး နည်းပညာအားသာမှုနဲ့ စျေးကွက်ချုပ်ကိုင်မှုလုပ်နေတာမျိုးတွေကို ပေါင်းသတ်နိုင်ပြီး မျှတတဲ့စီးပွားရေးစနစ်သာဖော်ဆောင်နိုင်မယ်ဆိုရင် အရင်းရှင်စနစ်က ပိုတောင် လူလူသူသူရှင်သန်နိုင်မယ်လို့ ဥပမာပေးဖြေပစ်ခဲ့ပါတယ်။​

 

ဒီအကြောင်းစိတ်ဝင်စားရင် အောက်ကလင့်ခ်တွေကတစ်ဆင့် အကျယ်တဝင့်ဖတ်လို့ရပါတယ်။​


The Age of Surveillance Capitalism: The Fight for a Human Future at the New Frontier of Power - Zuboff, Shoshanahttps://archive.org/details/zuboff-shoshana.-the-age-of-surveillance-capitalism.-2019

The Age of Surveillance Capitalism - 2024 Dorsett Lecture with Shoshana Zuboffhttps://www.youtube.com/watch?v=afOWUuimwOI&t=1643s

Shoshana Zuboff on surveillance capitalism | VPRO Documentaryhttps://www.youtube.com/watch?v=hIXhnWUmMvw

Your indifference to Surveillance Capitalism mattershttps://thestrand.ca/your-indifference-to-surveillance-capitalism-matters/





Wednesday, February 12, 2025

မောင်ကျောင်းသား ၆ - ကျောင်းတော်ကြီး အိုဟိုင်ယိုးတက္ကသီလာက CommDev

မောင်ကျောင်းသားတို့ ဘွဲ့လွန်ကျောင်းသားတွေက အဆူခံရတဲ့အရွယ်တွေမဟုတ်ကြတော့ပေမယ့် ဒီနေ့ ဘာသာရပ်ဆိုင်ရာအကြံပေးပါမောက္ခဆူတာ တစ်တန်းလုံးခံရပါတယ်။ မောင်ကျောင်းသားအကျင့်ကလည်း အဆူခံရတဲ့အချိန်ဆိုရင် သေချာနားထောင်ပေမယ့် ရင်ခေါင်းထဲက ရယ်ချင်တဲ့စိတ်က လှိုက်လှိုက်တက်လာတာ မနည်းမျက်နှာပိုးသေအောင် နေရပါတယ်။​ ကို့ရိုးကားယားအခြေအနေကို မောင်ကျောင်းသားခန္ဓာကိုယ်က လက်ခံဖို့ တုန့်ပြန်တာ ဒီတစ်မျိုးကတော့ နည်းနည်းဂွကျပါတယ်။ တကယ်က ဆရာာမက ဆူတယ်ဆိုပေမယ့်လည်း စိတ်နှလုံးကို ထိခိုက်နစ်နာပါစေ၊ ကျောင်းသားဂုဏ်သိက္ခာညိုးပါစေ၊ ငါဆရာပဲပြောချင်တာပြောမယ်လို့မဟုတ်ပဲ ကရုဏာနဲ့ အကျိုးအကြောင်းရှင်းပြပြီး ဆူတာပါ။​


ဖြစ်ပုံက မောင်ကျောင်းသားတို့တက်တဲ့ဘာသာရပ်မှာ ဘာသာရပ်ဆိုင်ရာလုပ်ငန်းကော်မတီရှိတယ်။​ အဲ့ကော်မတီကို ဒုတိယနှစ်ကျောင်းသား/သူတွေဖြစ်ပြီဆိုရင် ဦးဆောင်ရတယ်။ ကော်မတီရဲ့အဓိကအလုပ်က မေဂျာရဲ့တစ်နှစ်ပတ်လုံး အတန်းတွင်း၊အတန်းပြင်ပ လှုပ်ရှားမှုတွေဦးဆောင်ရတယ်၊ ဒေသခံဖွံ့ဖြိုးရေးအဖွဲ့တွေနဲ့ ကွန်ရက်ချိတ်ဆက်ရတယ်၊ ပထမနှစ် ခုမှစရောက်တဲ့သူတွေ အခြေကျအောင် ကူညီရတယ်။​ အဲ့ဒါတွေအားလုံးကို ဘာသာရပ်ဆိုက်ရာအကြံပေးပါမောက္ခနဲ့လမ်းညွှန်ချက်နဲ့လုပ်ရတယ်။


ကော်မတီက ဥက္ကဌ၊ ဒုဥက္ကဌ စသဖြင့် ရာထူး ၅ခုနဲ့ ဖွဲ့စည်းထားပြီး ဒီမိုကရေစီနည်းကျ မဲပေးပြီး အရွေးခံရတာပါ။ ကိုယ်ကိုယ်တိုင်ဖြစ်စေ၊ အတန်းဖော်ချင်းချင်းဖြစ်စေ စိတ်ဝင်စားတဲ့ရာထူးကို နာမည်စာရင်းသွင်းပြီး ရွေးကောက်ခံလို့ရပါတယ်။​ ကော်မတီရဲ့သဘောသဘာဝက တော်တော်လွတ်လွတ်လပ်လပ်ရှိပါတယ်။ စည်းမျဥ်းစည်းကမ်းတွေအများကြီးတင်းကြပ်မထားသလို အတန်အသင့်သုံးနိုင်တဲ့ဘတ်ဂျက်လည်းရှိတယ်။​ အထက်အောက်ဝါဇင်တွေမရှိသလို ပထမကော်မတီလုပ်ခဲ့တဲ့အလုပ်တွေအတိုင်း နောက်ထပ်ရွေးကောက်ခံပြီးတက်လာတဲ့ကော်မတီက အပ်ကျမတ်ကျ လုပ်စရာမလိုဘူး။ ကိုယ့်အတန်းသားတွေအားလုံးသဘောတူနိင်တဲ့ ဘုံဦးတည်ချက်၊​ မျှော်ရည်ချက်ပန်းတိုင်တွေအရ ကော်မတီက လုပ်ပိုင်ခွင့်ရှိတယ်။​ ဥပမာ ဒီနှစ် ဒုတိယနှစ်ကျောင်းသားတွေဦးဆောင်တဲ့ကော်မတီဆိုရင် သူတို့ရဲ့အဓိကဦးစားပေးက ကျောင်းမှာ ဘွဲ့လွန်အစီအစဥ်တွေအားလုံးမှာ မောင်ကျောင်းသားတို့ "ဆက်သွယ်ဆက်ဆံရေးနဲ့ဖွံ့ဖြိုးရေး - Communication and Developement (CommDev)" ဘာသာရပ်က ရှေ့တန်းကဦးဆောင်နေနိုင်ဖို့ ဖြစ်တယ်။​ အဲ့အတွက် ဝဘ်စာမျက်နှာ၊​ လူမှုကွန်ယက်စာမျက်နှာမှာ ဘာသာရပ်ဆိုင်ရာလှုပ်ရှားမှုနဲ့သတင်းတွေ စဥ်ဆက်မပြတ်တင်ဆက်တာကစလို့ ဒီဘာသာရပ်ရဲ့သဘောသဘာဝအရ လူမှုပြုပြင်ပြောင်းလဲမှုတွေဖြစ်ဖို့ လှုပ်ရှားနေတဲ့ ဒေသခံလူမှုရေးအဖွဲ့တွေကိုသွားပြီး လေ့လာနိုင်ဖို့စသဖြင့် ကျောင်းပရဝဏ်မှာ ဒီဘာသာရပ်နဲ့ကျောင်းသားတွေက ထင်ပေါ်နေဖို့ လုပ်ကြပါတယ်။ တကယ်လည်း ဘယ် program ကလဲလို့မေးလို့ CommDev ကလို့ဖြေရင် "သိပါ့... အရမ်းတက်ကြွကြတဲ့ဘာသာ" လို့ သြဘာပေးကြတာရှိသလို "နေရာတကာ သူတို့" လို့ မျက်မှောင်ကျုံ့ကြတဲ့ ဆန့်ကျင်ဘက်တုန့်ပြန်မှု ၂မျိုးရတဲ့အထိ တက်ကြွကြတဲ့ဘာသာပါ။

တကယ်က အရင်းရှင်နိုင်ငံပီပီ ပညာရေးစနစ်ကလည်း အရင်းရှင်စနစ်မို့တက္ကသိုလ်တွေတစ်ခုနဲ့တစ်ခုကလည်း အပြိုင်အဆိုင်ဖြစ်နေကြတာပေါ့။ ပညာရေးကနေ အကျိုးအမြတ်အစွန်းဘယ်လောက်ရသလဲ ကြည့်ချင်ကြည့်၊​ ဒါမှမဟုတ် သက်ဆိုင်ရာဘာသာရပ်အလိုက် သုသေတနစွမ်းဆောင်မှုဘယ်လောက်နာမည်ရှိသလဲ ကြည့်ချင်ကြည့် အဲ့လိုစံနှုန်းတိုင်းတာမှုတွေရှိနေတာလည်း တစ်ကြောင်းပေါ့လေ။​ ဒါတောင် မောင်ကျောင်းသားတက္ကသိုလ်ဆို လူသိများကြတဲ့ ဟားဗတ်တက္ကသိုလ်တို့၊ ရေးတက္ကသိုလ်စတဲ့ ဒိတ်ဒိတ်ကျဲပုဂ္ဂလိကပိုင်တက္ကသိုလ်မဟုတ်ပဲ သုတေသနတွေနဲ့ဘွဲ့လွန်အစီအစဥ်တွေတော်တော်များများက ဖယ်ဒရယ်အစိုးရရဲ့ရန်ပုံငွေထောက်ပံ့မှုနဲ့ လည်ပတ်နေတဲ့ အစိုးရတက္ကသိုလ်ဖြစ်ပါတယ်။​ ဒါပေမယ့် အစိုးရကျောင်းဖြစ်သည့်တိုင် ပညာသင်နှစ်တစ်နှစ်ကို ဘာသာရပ်အသီးသီးကိုလျှောက်ထားတဲ့ ကျောင်းသားလျှောက်လွှာဘယ်နှစ်စောင်ရသလဲကစလို့ သင်ရိုးညွှန်းတမ်းပုံစံ၊ အချက်အလက်ခိုင်မာတဲ့ သုတေသနစာတမ်းထွက်တဲ့နှန်းစသဖြင့် တိုင်းတာပြီး ဒီဘာသာရပ်ကို ဆက်ဖွင့်သင့်မဖွင့်သင့် နှစ်အလိုက် အကဲဖြတ်စစ်တမ်းတွေလုပ်ကြတာမလို့ ဘာသာရပ်အသီးသီးကို ညွှန်ကြားရေးမှုး တာဝန်ယူထားကြတဲ့ ပါမောက္ခတွေကလည်း အပြိုင်အဆိုင်ရှိကြသလို ကိုယ့်ဘာသာရပ်ကိုယ် အရည်အသွေးရော၊ နာမည်ရော ရှိနေအောင် စွမ်းဆောင်ကြရပါတယ်​။

ဒီနှစ်ဝက်တစ်တန်းပြီးလို့ ဒုတိယနှစ်ရောက်မှာဆိုတော့ ဒီစာသင်နှစ်ဝက်မှာ အတန်းတွင်းရွေးကောက်ပွဲကို ခုလက်ရှိကော်မတီက ဦးဆောင်လုပ်တော့မှာပါ။ သို့ပေသိ ခုနှစ် ကော်မတီဝင်တွေရော၊ ဒုတိယနှစ်အတန်းသားတွေကအားလုံးလိုလို တက်တက်ကြွကြွရှိကြသလောက် မောင်ကျောင်းသားတို့ ပထမတစ်သုပ်လုံးက ကော်မတီရွေးကောက်ပွဲကို တက်တက်ကြွကြွမရှိကြတာပါ။​ မောင်ကျောင်းသားကတော့ ဦးဆောင်သူထက် နောက်ကနေ လိုအပ်တဲ့နေရာလိုသလိုဖြည့်တဲ့ ပံ့ပိုးသူနေရာပဲ အမြဲစိတ်ဝင်စားတဲ့သူမလို့ ကိုယ့်ကိုယ်ကိုယ်တော့ နာမည်စာရင်းမသွင်းဖူးလို့ ဆုံးဖြတ်ထားပြီးသားပါ။ ဦးဆောင်တဲ့သူကောင်းပေမယ့် နောက်ကနေ အကောင်းဆုံးပံ့ပိုးပေးတဲ့သူမရှိရင်လည်း ဘယ်အလုပ်မှဟန်ချက်ညီညီ မအောင်မြင်နိုင်ဘူးမလား။​ တခြားသူတွေကလည်း နာမည်စာရင်းပေးဖို့ ဘောလီဘောပုတ်သလို လုပ်နေကြတာမလို့ ဆရာမ မခံချိမခံသာဖြစ်လာဟန် တူပါတယ်။​

တကယ်က မောင်ကျောင်းသားက လက်တလောမှာ ဘွဲ့လွန်အစီအစဥ်လက်ထောက်အလုပ် လက်ခံရထားတာမလို့ ဒီနေ့အတန်းမစခင် ဆရာမနဲ့စဆွေးနွေးအပြီး အချိန်နည်းနည်းပိုနေလို့ ရွေးကောက်ပွဲကိစ္စရောက်ရင်း ဆရာမက မောင်ကျောင်းသားကို သူသိချင်တာတွေ တီးခေါက်ပြီး မေးမြန်းပါတယ်။ ဟိုလူက စိတ်ဝင်စားတယ်ပြောလား၊​ ဟိုတစ်ယောက်က စိတ်ဝင်စားပုံရလား သူမျက်စိထဲ ဦးဆောင်နိုင်မယ်လို့မြင်တဲ့သူတွေကို မေးတာပေါ့လေ။​ ဘယ်နေရာရောက်ရောက် ပဲလှော်ကြားဆားညှပ်သလို ညှပ်ခံရတဲ့ကုသိုလ်ပါလာလေ့ရှိတဲ့ မောင်ကျောင်းသားက ကာကယံရှင်တွေဆန္ဒမပါပဲ ကိုယ့်ထင်မြင်ချက်နဲ့ကိုယ်ဖြေတာမျိုးမဖြစ်ရအောင်ရော၊ ကိုယ်အဖြေမတတ်လို့ အတန်းဖော်တွေဒုက္ခရောက်မှာမလိုလားတာမို့ တော်တော်လေး သတိထားဖြေရတာပေါ့လေ။ သူနဲ့ကတော့ ငါနဲ့အဲ့အကြောင်းမဆွေးနွေးဖြစ်ဘူး၊​ အဲ့တစ်ယောက်ကတော့ သူ့ကိုယ်သူထက် အတန်းဖော်ကို နာမည်စာရင်ပေးဖို့ အလွတ်သဘောပြောတာမျိုးတော့ ရှိတယ် စသဖြင့် ကြိုးတန်းပေါ်လမ်းလျှောက်သလို ဘယ်ဖက်လည်းမယိမ်း၊ ညာဖက်လည်းမယိမ်း ဖြေခဲ့ပေမယ့် အင်မတန်အကင်းပါးလို့ ဆရာမလုပ်နေသူပီပီ အတန်းအစမှာ ဆူပါလေရော။

သူ ဆူပေမယ့် အင်မတန် ပညာရှင်ဆန်ဆန်ဆူတာပါ။
ဘွဲ့လွန်အစီအစဥ်လာတက်တာမလို့ စာလုပ်ကြရတယ်ဆိုတာ ဘွဲ့လွန်ကျောင်းသားတွေလုပ်ရတဲ့ ရေပြင်ညီစံနှုန်းပဲဖြစ်ပြီး ဒါကို ကိုယ့်ရဲ့ အမြင့်ဆုံးစံနှုန်းအနေနဲ့ထား ထားတယ်ဆိုရင် ပြန်သုံးသပ်သင့်ကြောင်း၊ စာလုပ်တာ အရေးကြီးပေမယ့် ဒီဘာသာရပ်မှာ သုသေတနရန်ပုံငွေတွေ များများခွဲဝေရထားတာ ခုလို လှုပ်ရှားမှုတွေ ကျောင်းပရဝဏ်မှာ လျှံလျှံတောက်ရှိနေလို့ ဖြစ်ကြောင်း၊ အဲ့အခွင့်အလမ်းတွေ ခု ကိုယ်ရနေသလို ကမ္ဘာ့နိုင်ငံအနှံ့က လာမယ့်နှစ်တွေမှာ လာတက်မယ့် ရပ်ရွာအသီးသီးက လူမှုရေးရာအပြောင်းအလဲဖော်ဆောင်နေတဲ့သူတွေ ဆက်ရနေဖို့ မောင်ကျောင်းသားတို့မှာ ကျင့်ဝတ်အရ လက်ဆင့်ကမ်းရမယ်ဆိုတဲ့ရှုထောင့်ကနေစဥ်းစားကြည့်ဖို့ သူ အကြံပေးကြောင်း စသဖြင့်ပါ။
ရေးပြတော့သာ တိုပေမယ့် မိနစ် ၂၀လောက်ကြာပါတယ်။ အတန်းဖော် ၂ ယောက်ကတော့ သူတို့ရွေးကောက်ပွဲအတွက် အဆင်သင့်ဖြစ်နေသလို အားလုံးလည်း ဝိုင်းဝန်းကြဖို့ လိုလိုလားလားရှိကြပါတယ်ပြောပြီး ချော့ကြပါတယ်။​


ချစ်စရာကတော့ ချော့တော့လည်း ရယ်ရယ်မောမော ချက်ချင်းဖြစ်ပြီး အားလုံး ဟီးဟီးဟားဟား ပြန်ဖြစ်သွားကြတာပဲ။ အဖြေတတ်အောင် ဖြေခဲ့တဲ့ကြားက အားလုံးအဆူခံရလို့ ငါဟာအမြဲ ပဲလှော်ကြားကဆားလို့တွေးပြီး ရယ်ချင်တဲ့မောင်ကျောင်းသားလည်း အားလုံးနဲ့ရောယောင်ပြီး အဲ့တော့မှ မတရား ရယ်ချလိုက်ရပါတယ်။​

ကျောင်းအကြောင်းကို ခုကိစ္စလေး စပြီးတို့ထိရေးပြီး မျှဝေတာပါ။​ မောင်ကျောင်းသားရဲ့ အိုဟိုင်ယိုးတက္ကသိုလ်နဲ့ CommDev ဘာသာရပ်အကြောင်း ဗဟုသုတအလို့ငှါ နောင်မှာ တတ်နိုင်သမျှရေးမယ် ဆုံးဖြတ်ထားပါတယ်။​ အမေရိကန်ရွေးကောက်ပွဲအပြီးအပြောင်းအလဲတွေရဲ့အကျိုးဆက်နဲ့ မောင်ကျောင်းသားရဲ့ပညာသင်ဆုလည်း အပြောင်းအလဲတွေရှိပါတယ်။ ကျောင်းတော်ကြီးနဲ့ ဆရာ/မတွေ၊​ ဌာနမှူးရော၊​ တခြားသက်ဆိုင်ရာဌာနတွေပါမကျန် မတုန့်မဆိုင် အင်တိုက်အားတိုက် ၄၈နာရီလောက်အတွင်း စည်းဝေးတွေလုပ်၊ ရန်ပုံငွေတွေရှာပေးနဲ့ ကြိုးပမ်းပေးလို့ ဘွဲ့ရတဲ့အထိ ကျောင်းဆက်တက်ဖို့ အဆင်ပြေသွားခဲ့ပါတယ်။​ ဒီကျေးဇူးကို ဒီတက္ကသိုလ်နာမည် ကျနော့်အသိုက်အဝန်းမှာ ပိုသိဖို့၊ ပိုထင်ကျန်ဖို့၊​ မောင်ကျောင်းသားရဲ့ဘာသာရပ်အစီအစဥ်ကို ပိုစိတ်ဝင်စားပြီး သိလာဖို့၊ ဒီဘာသာရပ် ကျောင်းတော်ကြီးမှာ ဆက်လက်အဒွန့်ရှည်ဖို့ စာရေးပြီး ကျေးဇူးဆပ်ပါမယ်။​ နိုင်ရာ သဲတစ်ပွင့်ပေါ့လေ။​စာဖတ်ပေးပြီး မေတ္တာပြပေးတဲ့ အပေါင်းအသင်းမိတ်ဆွေတွေကို ကျေးဇူးပါခင်ဗျာ။


ဒီမျှသာ

မောင်ဆိုင်မွန် 

၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် 

အေသင်၊ အိုဟိုင်းယိုးပြည်နယ် (ခေတ္တ) 



Friday, December 20, 2024

မှတ်တမ်းရုပ်ရှင် "Hesed"

ဟိုတလောက လက်ချာခန်းမကျယ်ကြီးထဲမှာ ပိတ်ကားကြီးကြီးနဲ့ကြည့်ခဲ့ရတဲ့ ကျနော်တို့ရဲ့မှတ်တမ်းရုပ်ရှင် “Hesed” ကို YouTube ပေါ်တင်လိုက်ပါပြီ။ အချိန်လည်းရ၊ မှတ်တမ်းရုပ်ရှင်လည်း ကြည့်ရတာ ဝါသနာပါရင် အောက်ကလင့်ခ်ကတစ်ဆင့် အားပေးပါဦး။ 

ပုံမှန်အတိုင်းဆို ကျောင်းသားပရောဂျက်တွေကို အများကြည့်နိုင်တဲ့ ပလက်ဖောင်းတွေပေါ်မတင်ပေမယ့် ကျနော်တို့ရိုက်တဲ့ဇာတ်ကောင် ဟိုင်လီဘော့စ်က တောင်းဆိုတာကြောင့်ရော၊ ဆရာ ဘရိုင်ယန်ပလောင်းက ခွင့်ပြုတာကြောင့်ရော တင်ဖို့ လုပ်ဖြစ်ပါတယ်။ တင်မယ်ဆိုတော့ closing credit ထိုးတာတွေကအစ ဘာမှ မကျန်ခဲ့အောင်၊ ပိုပြီးသပ်သပ်ရပ်ရပ်ဖြစ်အောင် ခရီးထွက်မလာခင် နေ့တစ်ဝက်နီးပါး သူငယ်ချင်းနဲ့ စာကြည့်တိုက်က lab မှာ ပြန်ထိုင်ပြီး ပြင်ရပါတယ်။ 

ကျောင်းသားပရောဂျက်မလို့ ဘောင်ဝင်တန်းဝင်အဆင့်မြင့်မှတ်တမ်းရုပ်ရှင်လိုတော့ မသပ်ရပ်မသေချာပေမယ့် ကျနော်တို့ ၃ယောက်လုံး သေချာအားထည့်ပြီး တိုင်တိုင်ပင်ပင်လုပ်နိုင်ခဲ့ကြတဲ့ လက်ရာတစ်ခုမလို့ ရလာဒ်ကို ၃ယောက်သား ပျော်ကြရပါတယ်။ အမှတ်ထွက်တော့လည်း ဒီဘာသာမှာ ၃ယောက်လုံး အမှတ်ကောင်းကောင်းရပါတယ်။

၂၀၁၇ မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ မှတ်တမ်းရုပ်ရှင်ကားတိုတစ်ကားကို ထုတ်လုပ်သူနေရာကနေ ကြိုးစားလုပ်ခဲ့ဖူးပေမယ့် ခုလို အစအဆုံးလုပ်ဖူးတာတော့ ပထမဆုံးအတွေ့အကြုံပါ။ မတူတာကတော့ ၂၀၁၇ ဇာတ်လမ်းတိုမှာ ကိုယ့်သုံးမယ့်ဘတ်ဂျက် ကိုယ့်ဘာသာ အဆိုပြုလွှာရေး၊ ငွေရေးကြေးရေး စီမံခန့်ခွဲပြီး ကချင်ပြည်နယ်အထိ ကိုယ့်ခြေကိုယ့်လက် လုပ်နိုင်ပေမယ့် ခုကတော့ ဘိုင်ပြတ်တဲ့ကျောင်းသားတွေဖြစ်နေတာမလို့ တက်စီဖိုးတောင်ခြွေတာပြီး ကားရှိတဲ့မိတ်ဆွေတွေကို အကူအညီတောင်း လိုက်ပို့ပြန်ကြို လုပ်ခိုင်းရတဲ့ အမှတ်တရတွေလည်း များပါတယ်။

ကြည့်ပြီး အကောင်းအဆိုး အပြုသဘော ဝေဘင် (ဝေဖန်) ဖို့စိတ်ပါရင်လည်း မှတ်ချက်ရေးသွားပေးပါဦး။ သူငယ်ချင်း ၂ယောက်ကိုလည်း ဘာသာပြန်ပြလိုက်ပါမယ်။​


Friday, November 15, 2024

အမေရိကန်ရွေးကောက်ပွဲလုပ်အားပေး နောက်ဆက်တွဲ

လုပ်အားသွားပေးတဲ့ ဝမ်ဒါတို့ ဒီမိုကရက်ပါတီက ကိုယ်စားလှယ်လောင်းတွေတစ်ယောက်မှ ရွေးကောက်ပွဲမနိုင်ပါဘူး။ မနိုင်မယ့်အပြင် အိုဟိုင်းယိုးပြည်နယ်ကိုယ်စားပြု အထက်လွတ်တော်အမတ်တစ်ယောက်က သူမူလနေရာကိုထပ်ဝင်အရွေးခံတာမှာတောင် ထရမ့်ပါတီကအမတ်လောင်းက နိုင်သွားလို့ (အဲ့လို ပထမရွေးကောက်ပွဲမှာနိုင်ထားတဲ့နေရာကို ပြန်အရှုံးပေးလိုက်ရတာ ပြည်နယ်၄ခုလောက်မှာဖြစ်လို့) ထရမ့်ပါတီက အထက်လွှတ်တော်မှာ အမတ်အများစုနဲ့ထိန်းချုပ်ခွင့်ရသွားပါတယ်။ အောက်လွှတ်တော်လည်း ထိုနည်းတူပါပဲ။

လောလောဆယ်တော့ ဒီမိုကရက်ပါတီက သမ္မတလောင်းလည်းရှုံး၊ ပါတီကလည်း အထက်လွှတ်တော်ရော၊ အောက်လွှတ်တော်မှာပါ လူနည်းစုနေရာကနေပဲ နေရမှာမို့ ပါတီတွင်းမှာလည်း သူ့ကြောင့်ငါကြောင့် လက်ညှိုးထိုးအပြစ်ဖို့နေကြတာပေါ့လေ။ မဲပေးတဲ့အချက်အလက်ဒေတာတွေကိုကြည့်ရင်လည်း ဒီမိုကရက်တွေကြီးစိုးပြီး အမြဲအနိုင်ရဖို့သေချာတဲ့ နျူးယောက်ခ်လိုပြည်နယ်မှာတောင် ဒီမိုကရက်ပါတီကို မဲပေးတဲ့နှုန်းကျတာမျိုးတွေလည်း ဖြစ်နေတာကို ထောက်ပြကြပါတယ်။ တချို့မဲဆန္ဒရှင်တွေကလည်း သမ္မတနေရာကိုတော့ ဒေါ်နယ်လ်ထရမ့်ကိုမဲပေးပြီး အထက်လွှတ်တော်၊ အောက်လွှတ်တော်နဲ့ ဒေသန္တရနေရာတွေမှာတော့ ဒီမိုကရက်တွေကိုပဲ ပေးတာမျိုးတွေလည်း ရှိတာကို မဲရုံပြင်ပစစ်တမ်းတွေက ထောက်ပြပါတယ် (သူတို့ မဲပေးတဲ့ပုံစံက ကျနော်တို့ဆီမှာလို တိုင်းဒေသကြီး/ပြည်နယ် အတွက် တစ်ခါ၊ ပြည်သူ့လွှတ်တော်အတွက် တစ်ခါ၊ အမျိုးသားလွှတ်တော်အတွက် တစ်ခါ ဝင်လိုက်ထွက်လိုက် မဲပေးရတာမဟုတ်ပါဘူး။ ပြည်နယ်အလိုက် နေရာလစ်လပ်တဲ့ ကိုယ်စားလှယ်လောင်းတွေ တစ်ခုချင်း တန်းစီးရေးထားသလို၊ ပြည်နယ်အလိုက် မဲခွဲဆုံးဖြတ်ဖို့ရှိတဲ့ အရေးကိစ္စတွေ ဥပမာ- ကိုယ်ဝန်ဖျက်ချခွင့်ကစလို့ စာကြည့်တိုက်ရန်ပုံငွေတိုးဖို့ကိစ္စတွေအထိ ထည့်ထားတဲ့ စာရွက်ရှည်ကြီးမှာ တခါတည်း မဲပေးရတာပါ)။

ရွေးကောက်ပွဲညနေမှာ ဝမ်ဒါကို ခြေနေကောင်းပါစေ၊ နိုင်ပါစေဆိုပြီး ဆုတောင်းပေးတဲ့ မက်ဆေ့ပို့လိုက်ပါသေးတယ်။ မဲရုံတွေပိတ်ပြီးချိန်တော့ သူတို့ မြို့လယ်က ဘားမှာ မဲရေတွက်တာစောင့်ကြည့်ကြမှာမို့လာခဲ့လေလို့ ခေါ်ပေမယ့် ကျောင်းမှာကြည့်နေကြတာမို့ မသွားဖြစ်တော့ပါဘူး။ မသွားလိုက်တာပဲ ခပ်ကောင်းကောင်း။ ဘောလုံးပွဲကစလို့ ရွေးကောက်ပွဲအထိ ကိုယ်အားပေးတဲ့ဖက်ကချည်း ရှူံးတာများ၊ ရှုံးတတ်လို့ နောက်ဆို သူများရွေးကောက်ပွဲ စိတ်ရောကိုယ်ပါ လိုက်ကြည့်၊ ခံစားတာ မလုပ်မှလို့ ကိုယ့်ဘာသာ ဆုံးမထားပါတယ်။ (ကိုယ်မဲထည့်၊ ကိုယ်အားပေးတာ နိုင်တဲ့ ကိုယ့်နိုင်ငံရွေးကောက်ပွဲကြတော့လည်း လုယူတာခံရ)။ 

ဘာပဲဖြစ်ဖြစ် ဒီနွေမှာ လုပ်အားပေး သုံးခါသွားလိုက်ရတာ အမြတ်ပါပဲ။ ပုံကတော့ ပါးမှာ ပိုးဝင်ပြီးအနာပေါက်၊ ဖျားပြီးစဖြစ်နေတာတောင် စာ အားတုန်းလေးသွားအုံးမှဆိုပြီး အပြာမှအပြာ ဒီမိုကရက်ဆိုပြီး တက်ကြွတဲ့ကြက်ဖဖြစ်နေတုန်းကပုံ။ 



Sunday, October 13, 2024

မောင်ကျောင်းသား ၅ - လူမျိုးရေးခွဲခြားမှုအပြုအမူနဲ့ နဖူးတွေ့ဒူးတွေ့

တကယ်က ကျောင်းတက်ဖို့အစီအစဥ် သေချာသွားကတည်းက ဒီနိုင်ငံရောက်ရင် ဒီလူမျိုးရေးခွဲခြားခံရတဲ့ကိစ္စက တစ်ချိန်မဟုတ်တစ်ချိန်မှာ ကြုံလာရနိုင်တယ်ဆိုတာ ကြိုတွေးထားပြီးသားပါ။ ခွဲခြားဆက်ဆံခံနိုင်ရခြေရှိတဲ့ ပုံစံနည်းလမ်းမျိုးစုံကိုလည်း စာလိုက်ဖတ်ထား၊ စိတ်ကူးထဲ ပုံဖော်ပြီး ရင်ဆိုင်ထားဖူးပါတယ်။ မောင်ကျောင်းသားက အာရှသား၊ ရုပ်ရည်ကလည်း တရုတ်ပုံပိုထွက်တဲ့အပြင် ရှေးရိုးစွဲလူဖြူများတဲ့ပြည်နယ်ကကျောင်းကိုသွားရမှာမို့ ဒီကိစ္စကို စိတ်ထဲ တော်တော်ထည့်၊ ကြိုတွေးထားမိပါတယ်။ ဒါပေမယ့် ကျောင်းရောက်ပြီး ပြီးချင်း နှစ်လကျော်မှာ ၁၀ရက်လောက်ပဲခြားပြီး စိတ်နှလုံးမသိမ်မွေ့စရာ ဒီကိစ္စကို ၂ခါကြုံရမယ်ဆိုတာတော့ ကြိုတွေးထားမိတဲ့အထဲ မပါပါဘူး။  

ဖြစ်ပုံက ပြီးခဲ့တဲ့ တစ်လလောက်က မောင်ကျောင်းသားရဲ့အတန်းဖော်လည်းဖြစ်၊ အိမ်နီးချင်းလည်းဖြစ်တဲ့ သူငယ်ချင်းက အိမ်စာတွေလည်းပြီးသွားတဲ့ သောကြာညနေမှာ ဘားသွားထိုင်ကြမယ်ဆိုတာကနေ စတာပါပဲ။ ကိုယ်တိုင်ကလည်း အခန်းထဲကုတ်နေမိတာတစ်ကြောင်း၊ သူကို ခဏခဏ ငြင်းမိနေတာတစ်ကြောင်း၊ စိတ်လိုလက်ရလည်း ရှိနေတုန်း အပြင်ထွက်ကြတယ်ပေါ့။ ထွက်တော့လည်း ပျော်စရာ ကောင်းပါတယ်။ မြန်မာပြည်ရဲ့ကာဖျူးနဲ့ချိန်ဆသွားလာတဲ့အကျင့် မပျောက်သေးတဲ့မောင်ကျောင်းသားက ည ၈နာရီခွဲ၊ ၉နာရီဆို အပြင်ထွက်လေ့ရှိသူမဟုတ်လို့ နေ့ဖက် ကျောင်းသွားကျောင်းပြန်ဖြတ်သွားနေကြ ‘တရားရုံး’ လမ်းတစ်လျှောက်က ဘားတွေဟာ အထဲဝင်ဖို့ လူတန်းရှည်တွေ တန်းစီရတဲ့အထိ စည်ကားတယ်ဆိုတာ အဲ့ညမှ သိလိုက်ရပါတယ်။ အများစုက ဘွဲ့ကြိုတန်းက ပျော်တတ်ကြသူ ၁၈-၂၀ကျော် လူဖြူကျောင်းသား/သူလေးတွေပါ။

ဘားများနဲ့စည်ကားတဲ့ အေသင်မြို့ရဲ့ တရားရုံးလမ်း ညမြင်ကွင်း © The CI
မှတ်ချက် - ဒီဓာတ်ပုံက ဘားတွေအပြည့်နဲ့လမ်းကိုထည့်ပြချင်လို့ ကိုယ်တိုင်ရိုက်ထားတာလည်းမရှိတာနဲ့ အင်တာနက်ကနေ ရှာထားတာပါ။ အကြောင်းအရာနဲ့မသက်ဆိုင်ပါဘူး  

မောင်ကျောင်းသားနဲ့သူငယ်ချင်းလည်း ပွဲစျေးလျှောက်သလို လိုက်ကြည့်ပြီးမှ အဆင်ပြေမယ်ထင်တဲ့တစ်ဆိုင်ကို ဖုန်းထဲက ID ပြပြီး ဝင်လိုက်ပါတယ်။ ဆိုင်ထဲမှာ ထိုင်စရာနေရာလွတ်မရှိ လူအပြည့်မို့ ဘေးအဖီလိုဆွဲထားတဲ့နေရာက မတ်တပ်ရပ်သောက်လို့ရတဲ့နေရာမှာ တစ်နေရာဦးထားပြီး သူငယ်ချင်းက ဘားကောင်တာမှာ သောက်စရာ ၂ယောက်စာ သူသွားမှာပြီး သောက်ကြစကားပြောကြပေါ့။ ၂ခွက်မြောက်လောက်မှာ စကားပြောရင်းအားပါပြီး ပြာယာခတ်သူမောင်ကျောင်းသားက သူငယ်ချင်းရဲ့ဘီယာအပြည့်နီးပါးရှိနေသေးတဲ့ခွက်ကို တိုက်ချမိလိုက်တာ မှောက်ကုန်ပါလေရော။ အားနာတာနဲ့ ငါ တစ်ခွက်ထပ်ဝယ်တိုက်မယ်ဆိုပြီး ကိုယ်တိုင်သွားမှာချိန်မှာ ဘားကောင်တာမှာ ဝန်ဆောင်မှုပေးတဲ့သူ လူဖြူအမျိုးသမီး ၂ယောက်ရှိပါတယ်။ ကောင်တာအပြည့်နီးပါး တန်းစီစနစ်နဲ့မဟုတ်ပဲ အဆင်ပြေသလို မှာနေတဲ့ လူတွေကို သူတို့လည်း အဆင်ပြေသလို ထည့်ပေးနေတာပါ။ မောင်ကျောင်းသားလည်း ဘားတစ်ဖက်ခြမ်းကအစွန်းမှာ ခဏစောင့်ပြီး တစ်ယောက်က ကိုယ့်ဘက်လာတဲ့အချိန် 

“ငါ ဘီယာထပ်မှာချင်လို့ပါ” လို့ပြောတာမှာ “နင် ၆ စက္ကန့်လောက်စောင့်မှရမယ်၊ ရေသောက်ချင်တာဆိုရင်တော့ ဘားဟိုဖက်ခြမ်းမှာ ကိုယ့်ဘာကိုယ်သွားယူ”

လို့ပြောပြီး ချာခနဲလှည့်ထွက်သွားပါတယ်။ မောင်ကျောင်းသားဘေးမှာ မှာဖို့ရပ်စောင့်နေတဲ့ လူဖြူကျောင်းသားလေးကတောင် မျက်လုံးပင့်ပြီး “သူ့စကားက တစ်မျိုးပဲ” လို့ ခပ်တိုးတိုးလေး ပြောရှာပါတယ်။ အဲ့အချိန် စိတ်အနှောက်အယှက်ကတော့ စ ဖြစ်ချင်နေပေမယ့် သေချာဖို့ လိုတယ်လေ။ ဒါနဲ့ပဲ သူ ကိုယ့်ဖက်ပြန်လာတဲ့အချိန်ထိစောင့်ပြီး 

“ခဏလေး... ငါ ဘီယာမှာမယ်ပြောတာ၊ နင်ကို ရေလိုချင်တယ်ပြောနေတာမဟုတ်ဘူး။ ငါ ခု ဘီယာမှာမယ်” လို့ထပ်ပြောတော့ “နင် တန်းမှ မစီနေတာ” တဲ့။ ဒါနဲ့ပဲ “ဘယ်သူမှ တန်းစီနေတာ ငါမမြင်ဘူး၊ နင်ပြောတဲ့ တန်းစီရမယ့်လိုင်းက ဘယ်မှာလဲ ငါ့ကိုပြ” လို့ ထပ်ပြောတော့မှ “မသိဘူး” 

ဆိုပြီး လှည့်ထွက်သွားပြန်ပါတယ်။ အဲ့အချိန်မှာတော့ မောင်ကျောင်းသားရဲ့ဒေါသက တိုင်းလို့သာရရင် ရှိတဲ့အရပ်ထပ်တောင် ကျော်နေပါဘီ။ ဒါနဲ့ပဲ သူ လှည့်ထွက်သွားတဲ့ ဘား နောက်တစ်ဖက်ခြမ်းအထိ ဆက်လိုက်သွားပြီး “ငါ ဘီယာမှာနေတာ၊ ငါ့ကို ဘီယာထည့်ပေး” လို့ ၃ ခါလောက် ခပ်မာမာလေသံနဲ့အသံကိုမြှင့်ပြောတော့ ဘေးက လူတချို့ကလည်း ကွက်ကြည့်ကွက်ကြည့် ကြည့်နေပါပြီ။ အဲ့တော့မှ ဘာဘီယာယူမှာလဲဆိုမေး၊ ဘီယာခွက်ကမ်းပေးပြီးမှ “ဆောရီး ခုန လူအရမ်းရှုပ်နေလို့” ဆိုပြီး ဝတ်ကြေတန်းကြေပြောပါတယ်။ ဘီယာနှုန်းထားကျသင့်သလောက် ပေးသောက်တာချင်းတူတူ လူဖြူမဟုတ်လို့ ဒီလိုရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခံရတာ တော်တော် မခံချိမခံသာ စိတ်အနှောက်အယှက်ဖြစ်စရာ အတွေ့အကြုံပါပဲ။ ဒါနဲ့ပဲ မောင်ကျောင်းသားနဲ့သူငယ်ချင်းလည်း ဘီယာကိုကုန်အောင်သောက်၊ ပြန်လာခဲ့ကြပြီး အွန်လိုင်းပေါ် က သူတို့ဆိုင်စာမျက်နှာမှာ ရီဗျူးဝင်ရေးဖို့ပြင်မှ ကိုယ်တွေလို ခံသူရတွေ အရင် ၂-၃နှစ်ကတည်းက ရေးထားတဲ့ အလားတူအတွေ့အကြုံတွေ ဖတ်ရပါတယ်။ လူဖြူမဟုတ်ရင် လိုအပ်တာထပ်အချိန်ကို ပိုစောင့်ခိုင်းတာကစပြီး စားစရာသောက်စရာမှာနေရင်လည်း အရေးမလုပ်တာ၊ အရက်ခွက်တွေကိုပိုသောက်ပါတယ်လို့ စွပ်စွဲတာ အဆုံးပါပဲ။ ဒီလို အော့နှလုံးနာစရာဝန်ထမ်းကို ဆက်ခန့်ထားတာ အံ့သြစရာပါပဲ။

ဒီအဖြစ်အပျက်အပြီး နောက် ၁၀ရက်လောက်ကြာတော့ တစ်ကြိမ်ထပ်ကြုံရပြန်ပါတယ်။ ဖြစ်ပုံက အဲ့နေ့က စနေနေ့ပေမယ့် မောင်ကျောင်းသားနဲ့သူငယ်ချင်းဖြစ်သူ ကျောင်းစာကြည့်တိုက်မှာ စာဖတ်နေကြတာပါ။ မောင်ကျောင်းသားလည်း စာတစ်အုပ်ကိုဖတ်ဖို့လိုလာတာကြောင့် အွန်လိုင်းစာကြည့်တိုက်စနစ်မှာ ရိုက်ရှာတော့ ၇လွှာက စာအုပ်စင်နံပါတ် ဘယ်လောက်က နံပါတ်ဘယ်လောက်မှာ သွားရှာပါလို့ ညွှန်းတာမို့ အဲ့စာအုပ်ကိုရှာဖို့ ၇လွှာတက်လာတာမှာ ဓာတ်လှေကားက ထွက်လိုက်ပြီးပြီးချင်း လူဖြူကျောင်းသား/သူ ၅ယောက် အနီးနားက စာကြည့်စားပွဲမှာ စာထိုင်လုပ်နေတာ မြင်ပါတယ်။ မောင်ကျောင်းသား သွားရမယ့် စာအုပ်စင်ကိုရှာဖို့ သူတို့စားပွဲဘေးကို ဖြတ်လာခဲ့တော့ သူတို့ချင်းခပ်တိုးတိုး စကားပြောပြီး ဝိုင်းရယ်သံတွေ ကြားပါတယ်။ စိတ်ထဲ တစ်မျိုးဖြစ်ပေမယ့် ထန်းသီးကြွေခိုက်၊ ကျီးနင်းခိုက် တိုက်ဆိုင်နိုင်တာပဲလေဆိုပြီး ရှာရမယ့်စာအုပ် ရှာဖို့သာ ဆက်လာခဲ့ပါတယ်။ ဒါနဲ့ ရှာရမယ့်စာအုပ် ရှာတွေ့လာတော့ ယူလာခဲ့ပြီး ၄လွှာက စာကြည့်နေတဲ့နေရာပြန်ဆင်းဖို့ ဓာတ်လှေကားကိုစောင့်နေကြတဲ့အချိန်မှာပဲ မောင်ကျောင်းသားကိုကြည့်၊ သူတို့ချင်းတွက်ထိုးပြီး နောက်တစ်ခါ ဝါးခနဲ ထ ရယ်ကြပြန်ပါတယ်။ ဒါနဲ့ပဲ သူတို့ဖက် မျက်နှာချင်းဆိုင်လှည့်ပြီး “ဒီနားမှာ ရယ်စရာအရမ်းကောင်းတာ ရှိနေလို့လား။ ပြောပြပါဦး ငါ့ကိုလည်း” လို့ ခပ်တည်တည်ကြည့်ပြီး တစ်လုံးချင်းပြောတော့ ၅ယောက်လုံး တိတ်ဆိတ်သွားပြီး ကောင်လေးတစ်ယောက်က “ဆောရီး” လို့ မပွင့်တပွင့် တုန့်ပြန်ပါတယ်။ အဲ့အချိန် ဓာတ်လှေကားတံခါးကလည်း ပွင့်လာတာမလို့ အောက်ကို ဆင်းချလာလိုက်ပြီး ကိုယ့်နေရာကို ပြန်ထိုင်တော့ ဒေါသစိတ်နဲ့ လူက တုန်ရင်ပြီး ချမ်းတောင်လာတဲ့အထိပါပဲ။ 

အမေရိကားမှာ  ၁၆၀၀ ပြည့်နှစ်တွေကတည်းက လူဖြူတွေက လူမည်းတွေကိုကျွန်ပြု၊ ကျွန်တွေကို တရားဝင်ရောင်းကြဝယ်ကြတဲ့ ကျွန်စနစ်ကနေ စလာလိုက်တဲ့ လူမျိုးရေးခွဲခြားမှုဟာ နှစ်ကာလတွေပြောင်းလာလို့ နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုတွေကနေတဆင့် အမေရိကန်နိုင်ငံသားတိုင်း ဥပဒေကြောင်းအရ တန်းတူအခွင့်အရေးတွေ ရလာပေမယ့် လူဖြူတွေက လူမည်းအပါအဝင် တခြား အမေရိကန်နိုင်ငံသားလူမျိုးစုံကို လူမျိုးကြီးဝါဒနဲ့ ခွဲခြားဆက်ဆံနေတာတော့ အမြစ်တွယ်နေဆဲပါပဲ။ ဥပဒေကြောင်းအရ အကာအကွယ်ပေးထားတာမလို့ တိုက်ရိုက်ခွဲခြားဆက်ဆံမှုတွေလုပ်တာ နည်းပါးသွားပေမယ့် ဥပဒေကိုလက်တစ်လုံးကြားလုပ်ပြီး မသိမသာ၊သိမ်သိမ်မွေ့မွေ့ ခွဲခြားဆက်ဆံမှုတွေကတော့ နေရာတိုင်းမှာ ရှိနေဆဲပါပဲ။ ဒီလိုလုပ်သူတွေမှာ သိလျက်နဲ့ကျူးလွန်းကြသူတွေရှိသလို ကိုယ့်အပြောအဆို၊ အပြုအမူဟာ လူမျိုးရေးခွဲခြားမှုကို သက်ရောက်မှုရှိတယ်ဆိုတာ မသိလို့ ပြောမိလုပ်မိနေတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ 

မြင်သာတဲ့ ဥပမာတစ်ချို့ပေးရရင် မောင်ကျောင်းသားတို့နိုင်ငံမှာဆို တိုင်းရင်းသားနာမည်တွေဆို လှောင်ပြောင်ပြီး စကြတာမျိုး၊ ဘာသာခြားလူမျိုးမလို့ အိမ်ခန်း/ဆိုင်ခန်း မငှါးနိုင်ဘူးလို့ ငြင်းတာမျိုးတွေလိုမျိုးတွေပေါ့။ အမေရိကားမှာလည်း လက်တင်အမေရိကားတိုက်က မက်ဆီကို၊ ဘရားဇီး စတဲ့ နိုင်ငံတွေကနေ ရွှေ့ပြောင်းလာတဲ့သူတွေက အိမ်သန့်ရှင်းရေးအလုပ် လုပ်ကြတာများလို့ သူတို့ကို “အိမ်ဖော်” တွေလို့ နာမည်ပြောင်းတပ်ပြီး နှိမ်ခေါ်တာမျိုး၊ အာရှလူမျိုးတွေကိုဆို အသားဝါတဲ့အရောင်ရှိလို့ “မျောက်ဝါ” တွေလို့ လှောင်ပြောင်ခေါ်တာမျိုး၊ အမေရိကားမှာပဲမွေး၊ကြီးပြင်းကြတဲ့ အာရှသွေး အမေရိကန်လူမျိုးတွေကို အပြင်အသားအရောင်က ဝါပေမယ့် စိတ်ကတော့ လူဖြူစိတ်ဖြစ်နေလို့ “ငှက်ပျောသီး” လို့ နာမည်ပြောင်ပေးတာမျိုး ငါတို့လူဖြူတွေနဲ့မတူဘူးဆိုတာကို ပုံစံစုံ ခွဲခြားဆက်ဆံနေကြဆဲပါပဲ။ ခွဲခြားမှုတွေအပြင် လူမျိုးအပေါ်အခြေခံတဲ့ လူမှုပုံစံသွင်းတဲ့အပြောအဆိုအကျင့်အကြံတွေလည်ရှိပါတယ်။ “အာရှကဆိုတော့ သခ်ျာနဲ့အတွက်အချက် တော်မှာပဲ” ပဲလို့ လှေနံဓားထစ် ယူဆထားတာမျိုး။ “နင် အဂ်လိပ်စာက ကောင်းလိုက်တာ၊ ဒေသခံတွေအတိုင်းပဲ” လို့ ချီးကျူးသလိုလိုနဲ့ အာရှတိုက်သား/သူတွေ နိုင်ငံတကာဘာသာစကားနဲ့ပြောဆိုဆက်ဆံနိုင်တာကို အံ့သြပြတာမျိုး မျိုးစုံပေါ့လေ။ ကိုဗစ်ကပ်ဘေးမှာတော့ ဒေါ်နယ်ထရန့်ကိုယ်တိုင်က တရုတ်ကစတဲ့ ကပ်ဘေးဆိုပြီး ဗြောင်ကျကျပြောဆိုတာမို့ အဲ့ဒီကာလကစပြီး တရုတ် ရုပ်ရည်သွင်ပြင်ရှိတဲ့သူတိုင်းကို ကိုယ်ထိလက်ရောက် အကြမ်းဖက်ကြတဲ့အခြေအနေတွေအထိ လူမျိုးရေးအပြင် အမုန်းတရားအခြေခံတဲ့ ကျူးလွန်မှုတွေ များလာကြောင်း မီဒီယာတွေက ရေးကြသလို သုသေတနအချက်အလက်တွေလည်း ထွက်လာပါတယ်။

ဒီလို လူအချင်းချင်းကိုလူမျိုးရေးခွဲခြားဆက်ဆံခံရတဲ့ မနှစ်မြိုစရာအတွေ့အကြုံကို ကြုံရသူအများစုဟာ အကြောင်းကြောင်းကြောင့် ပြဿနာမဖြစ်ချင်လို့  မသိချင်ယောင်ဆောင်၊ မကြားချင်ယောင်ဆောင်နေပြီး စကားနည်းရန်စဲ နေလိုက်ကြတာများပါတယ်။ အကြောင်းကြောင်းဆိုတာ မျိုးစုံဖြစ်နိုင်ပါတယ်။ တချို့ဟာ တရားဝင်နေထိုင်ခွင့်နဲ့ နေသူတွေမဟုတ်တာမို့ မခံချင်လို့ တုန့်ပြန်မိရင် မီးခိုကြွက်လျှောက်သလို ကိုယ့်အခြေနေတွေပါ ပေါ်ကုန်မှာစိုးရိမ်တာမျိုးဖြစ်နိုင်သလို တရားဝင်ကျောင်းသားဗီဇာနဲ့နေနေတဲ့ မောင်ကျောင်းသားတို့လို ကျောင်းသားတွေတောင် နိုင်ငံသားလူဖြူတွေနဲ့ ရန်ဖြစ်တာမျိုး၊ ပြဿနာဖြစ်လာရင် အဆိုးဆုံးဖြစ်နိုင်တဲ့အခြေနေက ကျောင်းထုတ်ခံရတာမျိုး ဒါမှမဟုတ် ကျောင်းမပြီးခင် ဒီနိုင်ငံက ထွက်သွားရတာမျိုးတွေလည်း ဖြစ်လာနိုင်တာမလို့ မတုန့်ပြန်ကြဘူးပေါ့။ မောင်ကျောင်းသားကတော့ ရန်ကိုရန်ချင်းတုန့်ပြန်တာမျိုးလုပ်ဖို့တော့ စိတ်ကူးလည်းမရှိ၊ တလွဲသတ္တိလည်းမရှိပေမယ့် ဒီတိုင်းငြိမ်ခံလိုက်တာတော့ သဘာဝမကျဘူးလို့ ခံယူပါတယ်။ နှုတ်နဲ့စော်ကားရင် အဲ့နှုတ်ကို နောက်တစ်ခွန်းထပ်မထွက်ရဲအောင် ကိုယ်လည်းနှုတ်နဲ့တုန့်ပြန်မှ သဘာဝကျမယ်လို့ ယူဆပါတယ်။ ကိုယ့်မှာအခွင့်အရေးအပြည့်ရှိနေလျက်နဲ့ ကိုယ့်ကို ခွဲခြားဆက်ဆံရင် ကိုယ့်အခွင့်အရေး ကိုယ်ရအောင် နည်းမျိုးစုံနဲ့ကြိုးစားရပါမယ်။ ခွဲခြားဆက်ဆံခံရတဲ့အခါ မောင်ကျောင်းသားရဲ့ ခံယူချက်ကတော့ သူတို့ခွဲခြားချင်တဲ့အရာကို အနုနည်းနဲ့ပြန်စိန်ခေါ်ပြီး ကိုယ့်အခွင့်အရေးကိုယ်ရအောင် လုပ်ဖို့ပါပဲ။ ဒါကြောင့် စျေးနှုန်းတူချင်းပေးသောက်တာကို အသားရောင်မတူလို့၊ လူမျိုးမတူလို့ ဝန်ဆောင်မှုမပေးချင်တဲ့ လူဖြူအမျိုးသမီး ဘီယာဖြည့်ပေးတဲ့အထိ ကိုယ်လိုချင်တာရအောင် လုပ်ခဲ့တာပါ။ နင်ငါကိုခွဲခြားဆက်ဆံတာလားလို့ ဒဲ့စိန်ခေါ်ရင်  ၂၀၂၄ခုနှစ်မှာ ဘယ်သူမှ အမှန်အတိုင်းဝန်ခံမှာမဟုတ်ဘူးလေ။ ပြီးတော့ အဖြစ်အပျက်က သူရယ်၊ မောင်ကျောင်းသားရယ်၊ ဘေးကမတ်တပ်ရပ်နေတဲ့ကောင်လေးရယ်အပြင် ဘယ်သူမှ မသိနေပါဘူး။ အာရှတိုက်သားတွေ့တာနဲ့ ငါတို့နဲ့မတူဖူးဆိုပြီး မသိစိတ်ကနေ အဆင်အခြင်မရှိ အလေးအနက်မရှိ ခွီချင်ကြတဲ့ ကျောင်းသားတစ်သိုက်ကိုလည်း တစ်ခွန်းတော့ ပြန်ပြောခဲ့မှ လူချင်း ရယ်စရာမဟုတ်ဘူး၊ လူတိုင်းကိုလုပ်မရဘူးဆိုတာအတွေးပေါ်ပြီး နောက်ထပ်လုပ်ဖို့ လက်တွန့်သွားနိုင်တယ်လေ။ 

ဒီအဖြစ်အပျက်နှစ်ခု ကြုံတွေ့ပြီးကတည်းက နဂိုဒေါသဖြစ်လွယ်တဲ့စိတ်က လူဖြူတွေကိုမြင်တာနဲ့ အကြောတွေတောင့်တင်းလာတဲ့အထိ သွေးဆူလာတာ အကြိမ်ကြိမ်ပါပဲ။ မျက်နှာလည်း လိုအပ်တာထက် ပိုတည်တင်းနေတာမျိုး၊ နဖူးကြောနဲ့မျက်လုံးက အလိုလိုကျုံလာတာမျိုး ဖြစ်လာတာလည်း ကိုယ့်ဘာသာ သတိထားမိနေပါတယ်။ ဒီလို ကိုယ့်ကိုကိုယ်ကာကွယ်ချင်တဲ့စိတ်က ပုံမှန်ထက် ပိုများနေတယ်လို့ ကိုယ့်ဘာသာသိနေတဲ့အခါ စိတ်နှလုံးက မသာယာသလို စိတ်လည်း အင်မတန် ပင်ပန်းပါတယ်။ ညစာကျွေးသွားဖူးတဲ့ ဘီးလ်တို့စန္ဒီအကြောင်း၊ အဝတ်လျှော်ဆိုင်မှာ အကြွေစေ့လိုနေလို့ ငါ့မှာပိုနေတယ်ဆိုပြီး လိုတဲ့အကြွေစေ့တွေပေးသွားတဲ့ လူဖြူအဖိုးကြီးအကြောင်း၊ ကော်ဖီဝယ်ဖို့တန်းစီးရင်း စကားစမြည်ပြောရင်းကနေ ကော်ဖီဝယ်တိုက်သွားတဲ့ ကျောင်းသားအကြောင်း၊ မတွေ့ဖြစ်ရင်တောင် ၂ပတ်တခါလောက် မက်ဆေ့ပို့ပြီး အဆင်ပြေလား မေးတတ်တဲ့ ဝင်ဒီတို့အကြောင်းတွေပြန်တွေးပြီး လူကောင်းတွေလည်း အများကြီးရှိတယ်လို့ ကိုယ့်ဘာသာ ပြန်သတိပေးရတာ အခါခါပါပဲ။ 

အခက်အခဲတွေကြုံလာရင် စိတ်လုံခြုံတယ်ထင်တဲ့နေရာတွေ ချင်းမိုင်း၊ ရန်ကုန်နဲ့ အိမ်ကို ပြန်ပြေး ချင်စိတ်တွေပေါက်တာလည်း အခါခါပါ။ ဒီတစ်စောင်ကတော့ မောင်ကျောင်းသားရဲ့ စိတ်နှလုံးမသာယာစရာ အမှောင်ခြမ်းက အတွေ့အကြုံပေါ့လေ။ 


ဒီမျှသာ

မောင်ဆိုင်မွန် 

၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက် 

အေသင်၊ အိုဟိုင်းယိုးပြည်နယ် (ခေတ္တ) 



Thursday, October 10, 2024

အိမ်နီးချင်းရယ်၊​ အိမ်ရယ်၊​ အတွေးတချို့ရယ်

ဘင်္ဂလားဒေရှ့်ကလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူက ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ သူ့နိုင်ငံက လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ မကြာခင်ကအောင်မြင်သွားတဲ့လူထုလှုပ်ရှားမှုအကြောင်းလာပြောတော့ လာတက်ကြတဲ့တစ်ခန်းလုံးကသူတွေက စာနာအံ့ဩစွာ စုတ်တသပ်သပ်နဲ့ပေါ့လေ။ ဒီထက်အများကြီးဆိုးတဲ့ခြေနေတွေ ကိုယ့်နိုင်ငံမှာဖြစ်နေတော့ သူပြတဲ့ဓာတ်ပုံနဲ့အကြောင်းအရာတွေကို ဘာ ခံစားချက်မှာမရှိ၊ မထူးဆန်းသလို တုန့်ပြန်မိတဲ့ ကိုယ့်ခံစားချက်ကိုလည်း ကိုယ့်ဘာသာ သတိထားမိတယ်။ 

ဌာနကပွဲစီစဉ်သူ ပါမောက္ခကလည်း ဒီနှစ်ဘွဲ့လွန်အစီအစဉ်မှာ မြန်မာကကျောင်းသားတစ်ယောက်လည်းရှိကြောင်း သူ့ကို ကြိုပြောပြထားကြောင်း ဆွေးနွေးပွဲပြီးလို့ သွား မိတ်ဆက်စကားပြောမှ သိရတယ်။ သူ့ကို ဘေးကပ်လျက်အိမ်နီးချင်းနိုင်ငံမှာ လူထုလှုပ်ရှားမှုအောင်မြင်သွားတာ ဝမ်းသာကြောင်းနဲ့ လက်ရှိ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟာမက်ယူနက်စ် ဦးဆောင်နေတဲ့ အိမ်စောင့်အစိုးရက ရွေးကောက်ပွဲကာလလွန်ရင် ပြီးခဲ့တဲ့ကာလတွေမှာ လူ့အခွင့်အရေးကျူးလွန်သူတွေကို အရေးယူတာဝန်ခံစေမယ့်ကိစ္စတွေကို တရားဝင်ထုတ်ပြောနေလား၊ ဘင်္ဂလားဒေရှ့်ပြည်တွင်းက လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ပုဂ္ဂလိကမီဒီယာတွေကရော ဒီကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောနေလား မေးဖြစ်ပါတယ်။ ၂၀၁၀ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းအလဲမှာ အာဏာရှင်တွေကျူးလွန်ခဲ့သမျှကို တာဝန်ခံစေဖို့ နိုင်ငံတကာအပါအဝင် အစုအဖွဲ့အသီးသီးက ပြောခွင့်ဆောင်ရွက်ခွင့်မရခဲ့၊ ပြုပြင်ပြောင်းလဲရေးကလည်း တစ်ဖက်သတ်ပဲ ဖြစ်ခဲ့တာကြောင့် ငြိမ်းချမ်းရေးလည်း ထင်သလို ခရီးမရောက်ပဲ နောက်ဆုံးတော့ အာဏာသိမ်းခံရတဲ့တွင်းနက်ထဲပဲ ပြန်ရောက်တယ် ယူဆကြောင်း ဥပမာပေး ဆွေးနွေးဖြစ်ပါတယ်။

သူကတော့ မြန်မာအရေးက ဘင်္ဂလားဒေ့ရှ်ထက် အဆများစွာ ရှုပ်ထွေးနက်နဲတာ သဘောတူသလို တရုတ်ရဲ့ဝင်ရောက်စွတ်ဖက်တဲ့အခန်းကဏ္ဍကိုလည်း အိန္ဒိယက ဘင်္ဂလားဒေရှ့်ကို အလုပ်မဖြစ်စေချင်လို့ ခြယ်လှယ်တဲ့အကြောင်း ဥပမာပေး​ထောက်ပြပါတယ်။

ဘင်္ဂလားဒေရှ့်ပြည်သူတွေထက် အဆများစွာ သတ္တိရှိရှိ ရင်ဆိုင်နေပေမယ့် အလှမ်းရှည်သွားနေရတဲ့ ကိုယ်တွေရဲ့ တော်လှန်ရေးခရီးအကြောင်း ယှဉ်ထိုးစဉ်းစားပြီး မချင့်မရဲ စိတ်မကောင်းမိတဲ့ ညနေပေါ့လေ။


Friday, September 27, 2024

Telling your story is important. Why? Here is my story and my opinion

To my grandmother, who always stood by my side, and to my mother, who loves me unconditionally, this write-up is dedicated to you both. 

Throughout my life, I've been a relatively quiet person. I analyzed myself to see why I became this way. The possible answer is that in my childhood, there was no one who believed in me or my dreams except from my grandmother (actually, I want to use the word 'dismiss,' but I think it is too strong to say). My father was too harsh on me without reason, and my mother could not give me and my siblings the care we needed as children because she was struggling financially and trying to hold the family together so as not to fall apart. Knowing that my family was in financial trouble with unstable incomes, my father constantly scolded and hit me all the time (again, I know the word ‘abused’ is more accurate but I still do not have a harsh gut to say this to him), and always being dependent on extended families for help, my teenage years were nightmares – hopeless, trapped, and pessimistic. To protect myself from being dismissed or blamed by someone or receiving pitying looks from neighbors, I became used to staying quiet, keeping my thoughts to myself, and building my defense fence until I felt safe to disclose what I really feel, think and what I really want. 

Growing up in this environment and experiencing this, I felt lonely and hesitant to speak my mind. I played it safe in life – using safe words and doing safe things because I had dealt with enough uncertainty. I barely trusted anyone because I always focused on protecting myself from the worst. This portrayal of myself stayed with me until I reached a point where I began to rediscover who I really was. In my 30s, working in more open workplaces and exploring a new culture and environment now, I realized that deep down, I wasn’t a quiet person. I enjoyed learning about other people’s lives, caring what people were going through, and sharing my own experiences – good and bad. However, I still somehow struggle with stepping out of my safe zone, taking initiative and voicing my opinions. 

Another part of my struggle was the feeling that sharing my teeny-tiny success or thoughts wasn’t worthwhile, and nobody wanted to know it or hear it or cheer on me. This may come from years of believing that if I shared what I thought or wanted to do, others would dismiss me or not believe in me. Now, I realize that I spent too many years focused on what others thought of me instead of focusing on my true self and my being of best. It feels like I was a prisoner of my own mind for so long.

There are two moments that lightened me and helped me change my perspective. The first came after the second wave of COVID. I went back to my hometown, worked remotely and set up a work desk at my uncle’s house with the facilities provided by the office. One day, my family hosted a small memorial for my grandparents by inviting monks for donations and neighbors to share food. A neighbor’s young kid, around seven or eight years old, saw my work desk and asked his mother what it was for. She explained that it was where I worked, and that I had a good job at an embassy in the capital city. The boy asked his mom to meet me. When his mother introduced us, he asked me what I did with the computer and what my job was. He told me he wanted to have a job like mine one day. I told him to study properly and stay focused and curious. Coming from a small town with just over 3,000 population, where kids from lower and middle-class families have limited exposure to what they could achieve, this moment really humbled me. That boy may have seen doctors, engineers, and teachers but never seen before someone who worked with a computer every day and spoke English at work. It was incredibly sobering and honored to realize that by building my own life, I could help inspire someone else to dream bigger, to dream different. 

The second moment, associated with that story, came from a colleague’s daughter, who had heard about me through her mother. In her essay applying for college, she wrote that my story helped her realize how one person’s life can inspire others and that motivated her to be that kind of person, too.

These two heartfelt experiences made me realize that trying to be who you are and discovering your authentic self can positively impact others, especially young people. These stories reaffirmed my belief that representation really matters. They helped me feel more liberated; I felt power in myself and no longer ashamed of my terrible childhood. I felt more willing to unlearn the trauma and relearn the healthier and happier way of life. I also felt a sense of responsibility to keep building my life because there may be some young people in my town who looked up to me – and it helps me hang in tight even when I face difficult circumstances. 

Over the past decade, as a Communicator professionally, I have told stories of others. Many of them live in IDP camps and rural areas or are marginalized groups like women, the elderly, and children whose dreams and abilities are often overlooked and not valued – their voices are barely heard, and I told their stories in many channels on their behalf –  for good – to lift each other up, to inspire and rely the resilience and energy on one another. I never saw myself as a story worth telling – never before. But now I do. For the first time in my life, I felt empowered by myself, and I felt worthy of myself.

This is my story. I am sharing it with you because I’m liberated from the past and ready for a way forward. I hope it helps you get through your day and gives you a little energy to keep believing in what you are doing. Keep the faith and keep going. 

Thursday, September 5, 2024

Cooking with memories

Every time I cook, I’m abounding with sweet memories of my grandma. Every summer, all of us— six cousins used to gather at our grandparents' home like being at a training camp. They taught us everything—from life skills like opening windows quietly so we wouldn't disturb the sleeping neighbors, to chopping onions and garlic and pounding them just right in the mortar, to simply being kind and respectful to one another, many many more. 

In the kitchen this evening, I can still hear her voice, imagine the old kitchen we used to have conversations, the yellow bucket she used to carry to the market. I feel those moments as if they’re happening all over again. It feels like she’s still out there somewhere and I’m just away from her—my grief for her is something I carry with me forever—it is often difficult, I confess but sometimes it’s also joyful to think of the good memories and to remember what a remarkable person she was. She had an extraordinary life, loved and looked out for herself, her family and everyone surroundings and in the community.

Also, cooking specifically “shrimp” today fleshed back a vivid memory of my childhood. Growing up in a lower-middle-class family, whenever we cooked meat especially shrimp, we would have to ration them carefully because they were not cheap. But even with those limits, there were always leftovers because we would put love first over everything. Having lived a life with financial instability is not a time I like to revisit, even in my memory but now, in my 30s, I realize that we never let that poverty and struggle drown our compassion, love, and care for each other. For that, I am grateful to my family especially my mom and my two younger peas.


Being nearly 8,000 miles away and figuring everything new out alone, I miss home every day, but today, I’m feeling it a bit extra. 💖💖❤️‍🩹




Wednesday, August 21, 2024

မောင်ကျောင်းသား ၄ - နယ်လ်ဆင်ဗီးလ် (Nelsonville) ချီတက်ပွဲက လုပ်အားပေး

လုပ်အားပေးဇာတ်လမ်းက ဘယ်တာက စထွက်သလဲဆိုရင် မောင်ကျောင်းသားရဲ့ (ကိုယ်စိတ်ဝင်စားတာဆိုရင် မရမက) လျှာရှည်တတ်တဲ့ဥာဥ်က စထွက်တယ်လို့ ပြောရမလိုပါပဲ။​ ဖြစ်ချင်တော့ ကျောင်းရှိတဲ့အေသင်မြို့လေးကို ကျောင်းတွေမဖွင့်ခင် သုံးပတ်ကျော်လောက် စောရောက်နေလေတော့ ကောလိပ်ကျောင်းတစ်မြို့လုံးဟာ ခြောက်ကပ်နေတာပါပဲ။ နွေရာသီ လတိုသင်တန်းလာတက်ကြတဲ့ ကျောင်းသူ/သားတစ်ချို့နဲ့ ပါရဂူတန်းက ကိုယ့်ရုံးခန်းနဲ့ကိုယ် သုသေတနလုပ်ခွင့်ရတဲ့ ဥာဏ်ကြီးရှင်တွေကလွဲရင် ကျောင်းမှာ ဘယ်သူမှမရှိပါဘူး။ ဒါနဲ့ အချိန်တွေအားနေလို့ စိတ်နောက်ကိုယ်ပါနိုင်ပြီး လုပ်ချင်တာတွေလုပ်ဖို့ အချိန်တချို့ရနေတယ် ဆိုပါတော့။​ 




ဧက (၁၈၀၀) ကျော်ကျယ်တဲ့ ကျောင်းတစ်ခွင်ကို စျေးတန်လို့ Facebook Marketplace ကနေဝယ်လိုက်နိုင်တဲ့ တစ်ပတ်နွမ်းစက်ဘီးတစ်စီးနဲ့ သုံး၊လေးရက် မမောမပန်းပတ်ပြီးတဲ့အခါ လမ်းတွေ့ပြုံးပြနှုတ်ဆက်တဲ့သူစိမ်းတွေကလွဲရင် စကားပြောစရာ အပေါင်းအသင်းမရှိသေးတော့ လူက ကယောင်ခြောက်ခြားဖြစ်လာပါလေရော။ ဒါနဲ့ပဲ မဖြစ်ချေဘူး၊ လူတွေနဲ့ပြောဆိုခွင့်ရနိုင်တာ တစ်ခုခုတော့ လုပ်မှပါလေဆိုပြီး ဘယ်နေရာရောက်ရောက် နိုင်ငံရေးနဲ့မကင်းချင်သူ အမောင်ကျောင်းသားက ဒီ အေသင် စီရင်စု (County) က ဒီမိုကရက်တစ်ပါတီ ဝက်ဘ်စာမျက်နှာကို တူးဆွ၊၊ သူတို့မဲဆွယ်စည်းရုံးရေးအဖွဲ့ကို ဆက်သွယ်ရနိုင်မယ့် လျှပ်ချောလိပ်စာတစ်ခုကို လိပ်မူပြီး လျှပ်ချောစာတစ်စောင် စိတ်ထဲပေါ်သမျှတွေ ရှည်ရှည်ဝေးဝေး ရေးပို့လိုက်မိပါတယ်။​ 


ငါကတော့ အရှေ့တောင်အာရှထဲက မြန်မာနိုင်ငံကနေ ဘွဲ့ကြိုလွန် မဟာတန်းလာတက်တဲ့ ကျောင်းသားပါ။ ကျောင်းလည်းမဖွင့်သေး အချိန်လည်း နည်းနည်းအားနေလို့ ပါတီမဲဆွယ်စည်ရုံးရေးတွေရှိရင် ငါလိုက်လေ့လာရင်း ကူညီချင်တယ်။ ဘာအလုပ်တွေလုပ်ဖူးတယ်၊ နင်တို့ ငါနဲ့ သင့်တော်မယ်ထင်တဲ့နေရာ လုပ်ခိုင်းပါ။​ ငါ့နိုင်ငံမှာ ငါတို့မဲတွေနဲ့ရွေးကောက်ပွဲက အနိုင်ကျင့်ခံထားရသည့်တိုင် နင်တို့ရွေးကောက်ပွဲအတွေ့အကြုံတွေမှာ နည်းနည်းဖြစ်ဖြစ် ပါဝင်လေ့လာရင်း ဇာတိနဲ့ အဝေးဆုံး ဒီရောက်နေတဲ့ခဏကို အဓိပ္ပာယ်ပြည့်ဝချင်တယ်။


လို့ ပွားလိုက်လေတော့ ၂၄နာရီမပြည့်ခင်မှာပဲ  ဝင်ဒါ (Wenda) ဆိုတဲ့နာမည်နဲ့ တစ််ကြောင်းထဲရေးထားတဲ့ လျှပ်ချောစာ တစ်စောင် ပြန်ပို့လာပါတယ်။​ ဆက်သွယ်လာတာ ဝမ်းသာတယ်၊​ နင့်ဖုန်းနံပါတ်လေး ထားခဲ့ပေးမလား၊ ငါဖုန်းခေါ်မယ်တဲ့။ (လူချင်းတွေ့မှ ဝင်ဒါ ပြန်ပြောပြတာက သူတို့ကို အမေရိကန်မဟုတ်တဲ့သူတစ်ယောက်က ဆက်သွယ်လာတာ တခါမှမကြုံဖူးတော့ ပြိုင်ဖက်ပါတီကနေ လုပ်ဇာတ်ခင်းပြီး သတင်းနှိုက်တယ်ထင်တာကြောင့် ဖုန်းပြော စကားပြန်နှိုက်မယ်ဆိုပြီး ဖုန်းနံပါတ်တောင်းတာလို့ ရယ်မော ပြောပြပါတယ်။) ဒါနဲ့ပဲ သူက ဖုန်းထဲကတစ်ဆင့်ပဲ အပြန်အလှန်မိတ်ဆက်ကြပြီးတော့ သူတို့လုပ်နေတဲ့ လက်တလောအလုပ်တွေအကြောင်း ရှင်းပြ၊ ပွဲတစ်ချို့လည်း လာခဲ့ဖို့ ဖိတ်သလို မောင်ကျောင်းသားကလည်း  အမေရိကန်ရွေးကောက်ပွဲအတွေ့အကြုံကို လုပ်အားပေးလေ့လာချင်လို့သာ ဆက်သွယ်ရတဲ့အကြောင်း၊ လုပ်အားပေးအနေနဲ့ အခငွေကြေး ဘာဆိုဘာမှ ယူလို့မရတဲ့အကြောင်း၊​ ပညာသင်ဆုပေးတဲ့အဖွဲ့အစည်းကလည်း အခငွေကြေးအလုပ်တွေအတွက် ခွင့်မပြုထားကြောင်း သေချာအောင် ပြောပြဖြစ်ပါတယ်။ ဝင်ဒါက ဖုန်းချခါနီးမှာ ကမ္ဘာကြီးကို ရွာကြီး (ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာပဲ ပြဿနာဖြစ်ဖြစ်၊ နေရာတိုင်းမှာ ဆိုးကျိုးအနည်းနဲ့အများ တစ်နည်းမဟုတ်တစ်နည်း ရှိနိုင်တယ်) လို့မသိသေးတဲ့ အမေရိကန်လူငယ်တွေအများကြီး ကောင်းရေ၊​ တကယ်လိုများ နင်အဲ့လိုလူတွေနဲ့ နောင်တွေ့ရင် ငါ ကြို တောင်းပန်တယ်နော်လို့ ​ချိုသာယဥ်ကျေးတဲ့ လောကွက်စကား ပြောရှာလေရဲ့။​


ဝင်ဒါ (Wenda) အကြောင်း အတိုချုံးပြောပြချင်ပါတယ်။​ ဝင်ဒါက အငြိမ်းစားပါ။ အသက် ၇၀နီးပါးလို့မထင်ရအောင် နုပျိုသွက်လက်ပါတယ်။​ ခုလာမယ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အိုဟိုင်းယိုးပြည်နယ်အဆင့်အောက်လွှတ်တော်ရဲ့ အမတ်နေရာအတွက် ဝင်ပြိုင်နေတာပါ။​ နဂိုကတော့ သူပြိုင်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ဆိုပါတယ်။​ ဒီမိုကရက်တစ်ပါတီက ဝင်ပြိုင်မယ့်သူမရှိလို့ မပြိုင်ပဲနဲ့တော့ တစ်ဖက် (ရီပါပလစ်ကန်) ပါတီကို ပြိုင်ဖက်မဲ့အနိုင်မပေးနိုင်ဘူးဆိုတဲ့ ခံစားချက်နဲ့ သူ ဝင်ပြိုင်ဖြစ်တယ်လို့ ဆိုပါတယ်။​ သူ့စကားအရဆိုရရင် ရွေးကောက်ပွဲဝင်ပြိုင်ရင် ရပ်ထဲရွာထဲကဖြစ်နေတဲ့ပြဿနာတွေကို နိုင်ငံရေးပါတီတွေ ဘယ်လို ခံယူတယ်၊ ​ရပ်တည်တယ်၊​ ပိုကောင်းအောင် ဘာလုပ်ပေးမယ်ဆိုတာကို ဒေသခံတွေက သိခွင့်ကြားခွင့်ပိုရပြီး သူတို့ဆန္ဒအလျှောက် ဘယ်သူ့ကိုမဲပေးမယ်ဆိုတာ ဆုံးဖြတ်နိုင်ဖို့ အရေးကြီးတယ်။​ ငါ နိုင်ချင်မှလည်း နိုင်မယ်၊ ဒါမယ့် ဝင်ပြိုင်ဖို့က နိုင်ဖို့မနိုင်ဖို့ထက် ဒီဒေသအတွက် အရေးကြီးတယ်တဲ့။​ (ဒီနေရာမှာပြောရရင် ကာယအားသုံးရတဲ့ အလုပ်သမားနဲ့ ယာသမားလူတန်းစားများတဲ့ အိုဟိုင်းယိုးပြည်နယ်မှာ ဒေါ်နယ်လ်ထရမ့်ထောက်ခံသူ အဆမတန်များပါတယ်။​ အိမ်ရှေ့တွေမှာတောင် အမေရိကန်အလံနဲ့အတူ ထရမ့်ရဲ့ ‘Make American Great Again’ စာပါတဲ့ အလံပါ လွှင့်ထားတဲ့ အိမ်တွေ အများကြီးပါပဲ။ ဒီမိုကရက်တွေရဲ့ ရည်ရွယ်ချက်က ဒီရွေးကောက်ပွဲတစ်ခုနိုင်ဖို့ထက် ပါတီစည်းရုံးရေးလှုပ်ရှားမှုတွေကတဆင့် နောင်မှာ ဒီ ပြည်နယ်ကို အနီရောင် (ရီပါပလစ်ကန်ပါတီအရောင်) ကနေ အပြာရောင် (ဒီမိုကရက်တစ်ပါတီအရောင်) ထောက်ခံသူတွေအများစုဖြစ်အောင် ပြောင်းနိုင်ဖို့ ရည်ရွယ်လှုပ်ရှားကြတယ်လို့ ခန့်မှန်းမိပါတယ်။)​ အမတ်လောင်း ဝင်ဒါက အချဥ်တော့ မဟုတ်ပါဘူး။  ဥပဒေဘာသာနဲ့ ဘွဲ့ရခဲ့ပြီး နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ ပါရဂူဘွဲ့ယူထားခဲ့တဲ့သူပါ။ အိုဟိုင်းယိုးပြည်နယ်၊ အေသင် စီရင်စုက တရားရုံးမှာ နှစ် (၂၀) ကျော် ရှေ့နေလုပ်ခဲ့သလို မောင်ကျောင်းသားတက်တဲ့ အိုဟိုင်းယိုးတက္ကသိုလ်မှာလည်း ဆရာမ လုပ်ခဲ့ဖူးပါတယ်။​




ဒါနဲ့ပဲ ဝင်ဒါရဲ့ကျေးဇူးနဲ့ အေသင်ကနေ ၁၃မိုင်ဝေးတဲ့ နယ်လ်ဆင်ဗီးလ်ဆိုတဲ့မြို့လေးက လမ်းလျှောက် ချီတက်ပွဲမှာ ပါဝင်ပြီး ဒီမိုကရက်ပါတီတွေမဲဆွယ်တာကို လေ့လာလုပ်အားပေးခွင့်ရပါတယ်။​ သူကိုယ်တိုင် မောင်ကျောင်းသားနေတဲ့အိမ်ရာအထိ ကားမောင်းပြီး လာကြိုပြန်ပို့ လုပ်ပေးတဲ့အထိ တစ်ပြည်သားကျောင်းသားအပေါ် အလေးထားရှာပါတယ်။​ ​ဒီချီတက်ပွဲက အသင်းအဖွဲ့အသီးသီးစုရုံးပြီး ဆိုကတီးမှုတ် အလှပြတန်းစီချီတက်တာကို ဒေသခံတွေက ကိုယ်အိမ်ရှေ့အသီးသီးကနေ အားပေးကြတာပါ။​ ချီတက်သူတွေက ကလေးတွေကို သကြားလုံးတွေလည်း ကြဲကြတာမို့ ပျော်စရာပေါ့။ ဒီမိုကရက်တွေရဲ့နည်းတူ၊​ ရီပါပလစ်ကန် (ထရမ့်) ပါတီကလည်း လာမဲဆွယ်ကြပါတယ်။​ အစဥ်လိုက်ချီတက်မဲဆွယ်ကြတဲ့အခါ အားပေးကြသူတွေကလည်း ကိုယ်ထောက်ခံတဲ့အဖွဲ့ဆို လက်ခုပ်လက်ဝါးတီးပြီးတစ်မျိုး၊​ လက်မထောင်ပြီးတစ်ဖုံ၊ အော်ဟစ်ကပြပြီးတစ်သွယ် အားပေးထောက်ခံကြောင်း ပြကြပါတယ်။​ ဝင်ဒါနဲ့အတူ တခြားဆိုင်ရာလစ်လပ်တဲ့နေရာအသီးသီးကိုဝင်ပြိုင်ကြတဲ့ ကိုယ်စားလှယ်လောင်းတွေကလည်း လမ်းလျှောက်ချီတက်နေရင်းကတဆင့် မြို့ခံတွေကို လက်ဆွဲနှုတ်ဆက်၊ သူတို့အကြောင်း ခပ်တိုတိုခပ်မြန်မြန် မိတ်ဆက်ပြီး မဲဆွယ်ပုံနည်းနာတွေကိုလည်း မှတ်သားခွင့်ရပါတယ်။​ ခပ်မြန်မြန်မိတ်ဆက်ကြရတဲ့အခါ ဓမ္မဓိဌာန်ကျတဲ့ မူဝါဒရေးရာတွေကို များများမပြောပဲ လူ လူချင်း၊ နှလုံးသားချင်း ဂျက်ပင်ထိုးနိုင်မယ့် ပုဂ္ဂလိကဆန်တဲ့အကြောင်းအရာတွေနဲ့ မိတ်ဆက်ပြောကြတာများပါတယ်။ ဥပမာ - ဝင်ဒါဆိုရင် သူက ကလေးနှစ်ယောက် အမေ၊ မြေး ၂ ယောက် အဘွား စသဖြင့် မိတ်ဆက်သလို ဝါရှင်တန်ဒီစီရဲ့ အောက်လွှတ်တော်အမတ်နေရာဝင်ပြိုင်တဲ့ ဂျက်ရက်ဆိုရင် သူ စက်ရုံစောင့်အလုပ်လုပ်ပြီး ကျောင်းတက်ခဲ့ရကြောင်း၊ နောက် အမေရိကန်ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင့် မိတ်ဆက်ပြီးမှ သူတို့ မူဝါဒရေးရာတွေကိုရေးထားတဲ့ လက်ကမ်းစာစောင်တွေပေးပြီး မဲဆွယ်ပါတယ်။



ထောက်ခံသူ၊ ဆန့်ကျင်သူတွေရဲ့ တုန့်ပြန်ပုံတွေကလည်း စိတ်ဝင်စားစရာပါ။ သူတို့မထောက်ခံရင် လက်ဆွဲနှုတ်ဆက်ဖို့အမတ်လောင်းတွေက လက်ကမ်းပေးရင်တောင် ပြန်လက်ဆွဲမနှုတ်ဆက်ပါဘူး။ မိတ်ဆက်ပြီး ငါတို့ကိုမဲပေးပါလို့ပြောရင် ငါကတော့ ထရမ့်နဲ့သူ့ပါတီကိုပဲ မဲပေးမှာလို့ ခွန်းတုန့်ပြန်သူတွေလည်း ရှိပါတယ်။​ အမတ်လောင်းတွေကလည်း ‘ဒါဆိုလည်း ကောင်းပါပြီ’ လို့ ပြန်ပြောပြီး အပြုံးမပျက်ပါပဲ။ နည်းနည်းဆိုးသွမ်းသူ ဆယ်ကျော်သက် ယောကျာ်လေးတစ်ချို့လည်း ကြုံရပါတယ်။ ဒီမိုကရက်တွေက ‘ငါတို့ကတော့ နောက်ကြောင်းပြန်မသွားနိုင်ဘူး (We are not going back) လို့ ကြွေးကြော်ချီတက်နေကြရင် ဒါဆို နင်တို့က ဘယ်သွားမှာလဲ (Where are you going then?) ဆိုပြီး အော်ဟစ်ပြီး မခံချင်အောင် ပြောကြသလို တစ်နေရာမှာတော့ လူဖြူနဲ့လူမဲအများစုကြားမှာ အာရှသား တစ်ယောက်ထဲ ဝင်ဒါရဲ့နာမည်နဲ့ဆိုင်းဘုတ်ကိုကိုင်ပြီး ချီတက်နေတဲ့မောင်ကျောင်းသားကို နင်က ဒီမှာ ဘာလာလုပ်နေတာလဲလို့ လှောင်တဲ့ လူဖြူတစ်ယောက်ကိုလည်း ကြုံရပါတယ် (သဘောကတော့ ဒါ နင့်နေရာမဟုတ်ဘူး၊ ပြန်ပါပေါ့လေ)။ 



၂နာရီနီးပါကြာတဲ့ချီတက်လမ်းလျှောက်ပြီး ဝါးတန်းထိုးထားတဲ့ ဆိုင်းဘုတ်ကြီးကိုင်ရလို့ နာကျင်တာမျိုးရှိပေမယ့် မောင်ကျောင်းသားရဲ့ပထမဆုံးသော အမေရိက၊​ အနောက်အလယ်ပိုင်းဒေသရဲ့ အလုပ်သမားလူတန်းစားစစ်စစ်ကြားထဲက အတွေ့အကြုံမို့ တန်ဖိုးမဖြတ်နိုင်ပါဘူး။ ဝင်ဒါကတော့ မောင်ကျောင်းသားကို သူ့အတွက်လုပ်အားလာပေးတဲ့ တခြားမိတ်ဆွေတွေနဲ့ရော သူတို့ပါတီဝင်တွေနဲ့ကို မမောမပန်းနိုင် မိတ်ဆက်ပေးရှာပါတယ်။ အိုဟိုင်းယိုးပြည်နယ်ထဲမှာမှ အရှေ့တောင်ပိုင်း၊​ ဟောကင်းတောင်တန်းဒေသဘေးက တောလို့လည်းမဆိုနိုင်၊ မြို့ပြလို့လည်းမတွင်တဲ့နေရာမလို့ သူတို့အတွက် ဆုံရခဲတဲ့ အာရှထဲကမှ မြန်မာပြည်ကကျောင်းသားကို တကူးတက စကားလာပြောကြ၊ မေးမြန်းကြ၊ စပ်စုကြ၊​ ဖော်ရွေကြတာများ မြန်မာပြည်က နီပေါနဲ့နီးလားလို့ သူတို့သိတာကြိုးစားမေးသလို၊ (ဒေါ်) အောင်ဆန်းစုကြည်ကို ငါတော့ စိတ်ပျက်မိတယ်၊​ ရိုဟင်ဂျာတွေအပေါ် သူမကြင်နာဘူးလို့လည်း ကမ္ဘာ့မီဒီယာကပြောတဲ့အချက်အလက်နဲ့ လာစပ်စုကြလည်း ရှိပါတယ်။ 
ဒီမြို့မှာ လာရိုက်သွားတဲ့ ရုပ်ရှင်သုံးကားရှိကြောင်း ကားနာမည်တွေရွတ်ပြပြီး ကြည့်ဖြစ်အောင်ကြည့်ပါဦးလို့ နယ်လ်ဆင်ဗီးလ်က ရဲအရာရှိကလည်း လာနှုတ်ဆက်စကား ပြောပါသေးတယ်။


ဝင်ဒါကတော့ မောင်ကျောင်းသားကိုအိမ်ပြန်ပို့ပေးတဲ့လမ်းမှာ သဘောကျ ကျေနပ်နေခဲ့ပါတယ်။ မောင်ကျောင်းသားကလည်း ပွဲမစခင်ကနေ ဆိုင်းဘုတ်ကိုင်ချီတက်နေတဲ့အထိ သူ့အတွက် မှတ်တမ်းအနေနဲ့ ပြန်သုံးလို့ရအောင် ဓာတ်ပုံကူရိုက်ပေးနေတာမလို့ ငါတော့ ကိုယ်ပိုင် Communication သမား တစ်ယောက်ရလိုက်သလိုပဲလို့လည်း ထုတ်ဖော်အသိအမှတ်ပြုရှာပါတယ်။ ဒီအတွေ့အကြုံကို ဘယ်လိုထင်လဲလို့ စာပြန်မေးသေးတာပါ။ ကားပေါ်ကဆင်းခါနီးမှာတော့ အင်မတန်ကြင်နာတဲ့စကားကို ဝင်ဒါက မောင်ကျောင်းသားရဲ့မာတာမိခင်အတွက်ပါ ပါးလိုက်ပါတယ်။ 


ငါတို့ဓာတ်ပုံတွေ နင့်အမေဆီ ပို့ပြီး ပြောလိုက်ပါ။ နင်ဒီမှာ တစ်ခုခုဖြစ်ရင် ကြက်စွပ်ပြုတ်လာပို့ပြီး ကြည့်မယ့်သူ ရှိပြီ၊ ငါအရင်ကလည်း ငါ့ကျောင်းသားတွေအတွက် လုပ်ပေးဖူးတယ်၊​ နင် အစားထိုးအမေတစ်ယောက်လို ရနေပြီလို့ ပြောလိုက်ပါတဲ့။​ နင့်အမေ စိတ်ချမ်းသာအောင်တဲ့။ ငါ့သမီးအငယ်ကို တက္ကသိုလ်ပထမဆုံးလိုက်ပို့တုန်းက အပြန်လမ်းမှာ ကားတောင် မမောင်းနိုင်လောက်အောင် ငါငိုဖူးလို့ အမေတွေ သားသမီးနဲ့ခွဲရတာ ဘယ်လိုခံစားရလည်း ငါကောင်းကောင်းသိတယ်တဲ့။

 

မာတာမိခင်ကို မပြောပြနိုင်ခင် အိမ်ကိုလွမ်းနေဆဲ၊​ အစားအသောက်တွေ တမ်းတနေဆဲမို့ မောင်ကျောင်းသားတောင် သူ့အကြင်နာစကား ဟက်ထိပြီး မျက်ရည်တောင်ဝဲလို့ မငိုမိအောင် မနဲထိန်းလိုက်ရပါတယ်။ ဒါကြောင့်လည်း အမတ်လောင်း ဝင်ပြိုင်နိုင်နေတာပေါ့လေ။ 


ဒီမျှသာ

မောင်ဆိုင်မွန် 

၂၀၂၄ခုနှစ်၊ သြဂုတ်လ ၂၁ ရက် 

အေသင်၊ အိုဟိုင်းယိုးပြည်နယ် (ခေတ္တ) 





Why Us – All the Time?

This is the question I ask myself these days - why me and why us all the time?  In November 2020, as COVID-19 restrictions eased just a litt...