လမ်းထဲမှာ ညနေတိုင်း သကြားမုန့်ဖက်ထုပ်၊ သာကူမုန့်ဖက်ထုပ်ဆိုပြီး အော် ရောင်းတဲ့ သားအမိ အသံကြားနေကြ။ အမေလုပ်တဲ့သူက တစ်ခွန်းအော် ပြီးရင် သူ့သားလေးက ကလေးသံလေးနဲ့ တစ်ခွန်းအော် ရောင်း။ ကလေးက အလွန်ဆုံးရှိမှ ၅နှစ်၊ ၆နှစ်ပေါ့။ သူတို့အသံကြားတိုင်း တွေးစရာ ရတာချည်းပဲ။ ကလေးကို အိမ်မှာ ထားခဲ့ဖို့ အဆင်မပြေလို့ စျေးရောင်း ခေါ်လာရတာလား။ ခေါ်လာတော့လည်း ကလေး ပင်ပန်းပေမယ့် အမေနဲ့အတူတူဆိုတော့ သူ့အမေ စျေးရောင်း နောက်ဆံမတင်းဘူးလို့လည်း တွေးမိတယ်။ ပြီးတော့ နေဝင်မိုးချုပ် လမ်းတကာ စျေးရောင်းရတာ၊ အမျိုးသမီးတစ်ယောက်ထဲဆို ရိသဲ့သဲ့တစ်မျိုး ရဲရဲတင်းတင်းတစ်မျိုး နှောက်ယှက်ချင်တဲ့ ယောကျာ်းတွေ ရှိမှာပဲ၊ အင်နဲ့အားနဲ့ ကာကွယ်ပေးနိုင်တဲ့ အရွယ်မဟုတ်ပေမယ့် သားသမီးပါတော့ အမေလည်း စျေးရောင်းရတာ တစ်နည်းနည်းနဲ့ စိတ်လုံခြုံတာပေါ့။
Passionate reader, Coffee enthusiast, and Communicator. Stand up for democracy, humanity, and equality.
Thursday, September 24, 2020
သားအမိ
ဘာပဲဖြစ်ဖြစ် သူတို့သားအမိ အသံ ညနေတိုင်း ကြားရတာ ပုံမှန်လိုတောင် ဖြစ်နေပြီ။ ကလေးစျေးအော်ရောင်းတဲ့အသံကြားရင် ဂရုဏာစိတ်ဖြစ်ပေမယ့် အားရှိတဲ့စိတ်က အမြဲပိုတာပဲ။ မအေ အားကိုးရတဲ့ သား ဆိုပြီးတော့လေ။ ဒီနေ့တော့ သားအမိ နှစ်ယောက်အသံ လုံးဝမကြားမိတော့ ဘာများဖြစ်သလဲဆိုပြီး အတွေးရောက်။ စိတ်ပူ။ ဖျားနာနေလား။ ကိုဗစ်များ ဖြစ်သလား။ ဒါမှမဟုတ် တစ်ရက်တစ်လေ နားမယ်ဆိုပြီးများ သားအမိတွေ နားနေရော့သလား။ နားတာပဲ ဖြစ်ပါစေ။ လူ့စိတ်များနော်... အသံလေးပေမယ့် နေ့စဉ်ပုံမှန်ဆိုတော့ သံယောဇဉ် ဖြစ်ရတယ်။
Wednesday, September 23, 2020
Two years and some more...
Today has been two years, working for UK aid agency. I've to confess that it took for nearly eight months to feel fitting in this work; a lot to learn on the system, work nature, people, everything.
I remember the times, I feel anxious and exhausted, grumbled that well, I cannot make it anymore. On the other hand, just because of working here, I happened to meet some nice people, explore new opportunities and learn from the unique experiences which all impacted the way I see work like (& personal life) a bit calmer and a bit more mature.
So, this was interesting two years and it is still exciting to be part of it. I have no idea yet when the time will come for me to move on. For now, amidst this global health crisis, I take life one day at a time. All I am overwhelmed today is by the sense of knowing that it has been two years.
Good or bad, life itself is a journey, you just need to have stamina to walk on and make no excuse.
Subscribe to:
Posts (Atom)
မောင်ကျောင်းသား ၅ - လူမျိုးရေးခွဲခြားမှုအပြုအမူနဲ့ နဖူးတွေ့ဒူးတွေ့
တကယ်က ကျောင်းတက်ဖို့အစီအစဥ် သေချာသွားကတည်းက ဒီနိုင်ငံရောက်ရင် ဒီလူမျိုးရေးခွဲခြားခံရတဲ့ကိစ္စက တစ်ချိန်မဟုတ်တစ်ချိန်မှာ ကြုံလာရနိုင်တယ်ဆိုတာ ...
-
To my grandmother, who always stood by my side, and to my mother, who loves me unconditionally, this write-up is dedicated to you both. Thr...
-
အကျွမ်းတစ်ဝင်မရှိဖူးတဲ့နေရာသစ်၊ စနစ်သစ်မှာ အရာအားလုံးက အကုန်အသစ်ပေမယ့် စိတ်ကတော့ ပူမနေတာ ကိုယ့်ဘာသာ သတိထားမိတော့ ငယ်ငယ်က အမေ့သူငယ်ချင်းဆရာမပ...